အခ်စ္နွင့္ဘဝ

မိန်းကလေး တယောက်အတွက် အရေးကြီးသော အရာ

မိန်းကလေး တယောက်အတွက် အရေးကြီးသော အရာ

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့

တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး ။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိတာပဲ ။

နောက်တချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။

ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး ။ သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့်

ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ ။

ပြီးတော့ နောက်တချက် တသက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ် ။

နောက်တခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ် ။ ရည်းစား ဆိုတာနဲ့ အဆင့်ကျော်ကြတယ် ။

တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ ကိုယ်နေတာက မြန်မာပြည် ။

မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ် ။

Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ ။

အာ့ တယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တယောက်နဲ့လား ။

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ ။

ဖာသည်မတွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ် ။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့ ။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား ။ No ပါ ။

ယောကျာ်း ဆိုတာမျိုးက 10 မှာ 9 ယောက်က မရခင်သာ လိုချင်တာ လက်တည့် စမ်းချင်တာ ။

ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ ။

ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကောင်းတဲ့ တယောက်နဲ့ တွေ့နိုင်မယ် ထင်သလား ။

ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ။

ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ ။

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ် ။ ကိုယ်ယူမယ့် မိန်းကလေး ဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ ။

ငါ မပါဘူးလို့ ပြောမယ့် ယောကျာ်းတွေ ရှိမှာပဲ ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ် ။

ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ ။

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ် ။

တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ

အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ

ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ် ။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုး ထားပြီး တဘဝလုံး စောင့်ရှောက်ပေးမယ့်

ကိုယ့်ကို လက်ထပ်ယူမယ့် ယောကျာ်းတယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ ။

ပထမဆုံး အကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ ။

ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တခု ဖန်တီးပေးပါ ။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လို မိန်းကလေး အများကြီး ရှိနေတာ ဂုဏ်ယူမိတယ် ။

ကျွန်မ post လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တယောက်လောက် ရှိမယ် ဆိုရင်တောင် ကျေနပ်မိတယ် ။

စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့ ။

Credit:bahututaa

Unicode

မိန်းကလေး တယောက်အတွက် အရေးကြီးသော အရာ

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့

တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး ။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိတာပဲ ။

နောက်တချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောက်ျားလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။

ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး ။ သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့်

ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ ။

ပြီးတော့ နောက်တချက် တသက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ် ။

နောက်တခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ် ။ ရည်းစား ဆိုတာနဲ့ အဆင့်ကျော်ကြတယ် ။

တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ ကိုယ်နေတာက မြန်မာပြည် ။

မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ် ။

Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ ။

အာ့ တယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တယောက်နဲ့လား ။

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ ။

ဖာသည်မတွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ် ။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့ ။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား ။ No ပါ ။

ယောက်ျား ဆိုတာမျိုးက 10 မှာ 9 ယောက်က မရခင်သာ လိုချင်တာ လက်တည့် စမ်းချင်တာ ။

ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ ။

ယောက်ျား အကုန်လုံးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကောင်းတဲ့ တယောက်နဲ့ တွေ့နိုင်မယ် ထင်သလား ။

ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ။

ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ ။

ပြီးတော့ ယောက်ျားဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ် ။ ကိုယ်ယူမယ့် မိန်းကလေး ဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ ။

ငါ မပါဘူးလို့ ပြောမယ့် ယောက်ျားတွေ ရှိမှာပဲ ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ် ။

ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ ။

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ် ။

တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ

အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ

ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ် ။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုး ထားပြီး တဘဝလုံး စောင့်ရှောက်ပေးမယ့်

ကိုယ့်ကို လက်ထပ်ယူမယ့် ယောက်ျားတယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ ။