က်မ ေဆးဆရာမ တစ္ေယာက္ပါ။ ” မေန႔က က်မရဲ႕ ေဆးခန္းကို မိန္းက ေလးတစ္ေယာက္ ေရာက္လာျပီး မျကာခင္မွာ ဆုံးသြားတယ္။ အေျကာင္းရင္းကို သူ႔ကိုယ္ လိုက္ပို႔တဲ႕ သူငယ္ခ်င္းကိုေမးျကည့္ေတာ့ ဒီမိန္းကေလးရဲ႕ ခ်စ္သူ ေကာင္ေလးဟာ ကိုယ္ဝန္ရွိေတာ့ ထားခဲ႕တယ္။
ဒီေတာ့ ကိုယ္ဝန္ကို ဘယ္သူမွမသိေအာင္ဖ်က္ခ်တယ္။ နည္းစနစ္မမွန္ေတာ့ တေခ်ာင္ေခ်ာင္နဲ႕ ဖ်ားတယ္။ သူ႔အေမနဲ႕ အိမ္နီးနားခ်င္းေတြက ရိုးရိုးဖ်ားတယ္ ထင္ျကတယ္။
အခ်ိန္လြန္မွ က်မေဆးခန္း လာျပတယ္။ သူမဟာ ပိုးဝင္ျပီး ဆုံးသြားတယ္။
ေနာက္တစ္ေယာက္ကလည္း က်မေဆးခန္းလာျပီး ကေလးဖ်က္ခိုင္းတယ္။
ဖ်က္မခ်ေပးလို႔ ဆိုျပီး သူ႕ကိုယ္သူ အဆုံးစီရင္သြားျပန္တယ္။ ေျပာရင္ေတာ့အ မ်ားျကီးပါပဲ။
ဒါေျကာင့္ ေနာက္ကို ဒီလိုမ်ိဳးျပႆနာေတြျဖစ္ေအာင္ အမ်ိဳးသမီးခ်င္း ကိုယ္ခ်င္းစာတဲ႕အေနနဲ႕ က်မတို႔ေတြ တိုင္ပင္ျပီး ” ျမင္မိုရ္ေဂဟာ” ဆိုတဲ႕ နာမည္ နဲ႕ဖခင္မဲ႕ေမြးခ်င္တဲ႕ မိန္းကေလးမ်ားအတြက္ အခမဲ႕ ဖြင့္ထားပါတယ္။
ခုဆို ေမြးလူနာေပါင္း ၁၀၀မ်ွရွိေနပါျပီးတဲ႕။ ဒီအေျကာင္းရာေတြကို သင္ခန္းစာ ယူျပီး က်မရဲ႕ သမီးေလးေတြကို ခုလို ဆုံးမစကား ေျပာရပါတယ္။ ” ဒီမယ္ သမီးတို႔ မွတ္ထားပါ။အေမတို႔လိုမိန္းမသားေတြဟာ အမ်ားေသာအားျဖင့္ဘဝ ေလးမ်ိဳး ကိုျဖတ္သန္းရတယ္။
၁) ကေလး ဘဝ
၂) အပ်ိဳ ဘဝ
၃) အအို ဘဝ
၄) မိခင္ ဘဝဆိုျပီး ဘဝကို ေလးမ်ိဴးနဲ႕ရပ္တည္ရတယ္။
ေအး ေကာင္းျပီ ဒီမိန္းကေလး
(၄)မ်ိဳးကို ေနာက္ထပ္မိန္းမ (၃)မ်ိဳး ထပ္ခြဲပါတယ္။
ပထမ မိန္းမအမ်ိဳးစားက
သူတို႔ရဲ႕ မ်က္နွာအလွနွင့္ ခႏၶာကိုအေရျပားေပၚမွာ ေဆးေရာင္စုံျခယ္သျပီး ဘဝကို ရပ္တည္တဲ႕ မိန္းမသားမ်ိဴး။ (သူတို႔ကို ေမာ္ဒန္နွင့္ ရုပ္ရွင္မင္းသမီးလို႔ဆိုပါစို႔)
ဒုတိယ မိန္းမ အမ်ိဴးစားက သူ႔တို႔ရဲ႕ ခႏၶာကိုယ္ အတြင္းအျပင္ကို အရင္းတည္ျပီး ေယာက္်ားျကီးငယ္တို႔၏ ကာမ ရမၼက္ကို ျဖည့္စီးေပးရင္း စီးပြွားရွာ၍ ဘဝကို ရပ္တည္တဲ႕ မိန္းမသားမ်ိဳး။ ( သူတို႔ကို ျပည္တန္းဆာ မိန္းမမ်ိဳးလို႔ဆိုပါစို႔)
တတိယ မိန္းမ အမ်ိဳးစားကေတာ့ အသိပညာ အတတ္ပညာကို အေျခခံျပီး ဘဝကို အဓိပၸါယ္ရွိရွိ ရပ္တည္ေနျကတဲ႕မိန္းမဆိုျပီး ေလာကျကီးမွာ မိန္းမ ၃မ်ိဳးရွိတယ္ သမီး။ မိန္းကေလး တစ္ေယာက္ဟာ ဥပမာစာမ်က္နွာ (၇၅)ရြက္ပါတဲ႕ စာအုပ္တစ္ အုပ္ဆိုရင္ အသက္(၁၄)နွစ္ကေန (၂၅)နွစ္အတြင္းမွာ အထူး သတိထားေရးသား ဖို႔လိုပါတယ္။
ဒါမွသာ ေနာက္ လွန္ျကည့္မဲ႕ စာမ်က္နွာေတြဟာ လွပလာမွာပါ။ “အေမကလည္း တခ်ိဳ႕ မိန္းကေလးေတြဆို အသက္က(၂၀)မျပည့္ေသးဘူး ရည္းစားက (၅) ေယာက္ေလာက္ ထားျပီးျပီ။”
“ဒီမယ္သမီး ဒါေတြကို အားမက်ပါနဲ႕ ရည္းစားတစ္ေယာက္နဲ႕ ကြဲသြားလို႔သူနဲ႕ အတူ တြဲရိုက္ထားတဲ႕ ဓာတ္ပုံေတြကို ေပ်ာက္ပ်က္လိုက္ေပမဲ႕ သူရဲ႕ ပုံရိပ္ေတြက သမီးရဲ႕ အနာဂတ္ေတြကိုဖ်က္စီးျပစ္နိူင္တယ္ေနာ္။”
” ဒီမယ္ သမီးေလး မွတ္ထားပါ။ ေလာကမွာ ကိုယ္က်င့္တရားနွင့္ ဣေျႏၵသိကၡာနဲ႕ ျပည့္စုံတဲ႕ မိန္းကေလးတစ္ေယာက္ဆိုရင္ ညအခါမွာ ေကာင္းကင္ကေန အလင္း ေပးေနတဲ႕ လမင္းေလးနဲ႕တူပါတယ္။ တစ္ရက္နဲ႕ တစ္ရက္ ပိုပိုျပီး လင္းလက္ ေတာက္ပလာမယ္။
သို႔ေသာ္ မိမိရဲ႕ သိကၡာတရားေတြအားလုံးကို ဆႏၵနဲ႕ လဲမိရင္ေတာ့ လဆုတ္လ ကြယ္ညေတြလို ျကာေလေမွာေလ ျကာေလဘဝအေမွာင္ျကီးထဲကိုက်သြား တတ္တယ္ဆိုတာ သမီးေလးတို႔ မေမ႔ပါနဲ႕။
ဒါေျကာင့္ သမီးေလးတို႔ရဲ႕ က်န္ရွိေနတဲ႕ဘဝ စာမ်က္နွာတိုင္းမွာ သမိုင္းေကာင္း မ်ားေရးထိုးနိူင္ျပီး မိမိရဲ႕ ခႏၶာမိမိရဲ႕ လိပ္ျပာကို ျဖဴစင္သန္႔ရွင္းေနေအာင္ ျကိဳးစားထားနိူင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
ကျမ ဆေးဆရာမ တစ်ယောက်ပါ။ ” မနေ့က ကျမရဲ့ ဆေးခန်းကို မိန်းက လေးတစ်ယောက် ရောက်လာပြီး မကြာခင်မှာ ဆုံးသွားတယ်။ အကြောင်းရင်းကို သူ့ကိုယ် လိုက်ပို့တဲ့ သူငယ်ချင်းကိုမေးကြည့်တော့ ဒီမိန်းကလေးရဲ့ ချစ်သူ ကောင်လေးဟာ ကိုယ်ဝန်ရှိတော့ ထားခဲ့တယ်။
ဒီတော့ ကိုယ်ဝန်ကို ဘယ်သူမှမသိအောင်ဖျက်ချတယ်။ နည်းစနစ်မမှန်တော့ တချောင်ချောင်နဲ့ ဖျားတယ်။ သူ့အမေနဲ့ အိမ်နီးနားချင်းတွေက ရိုးရိုးဖျားတယ် ထင်ကြတယ်။
အချိန်လွန်မှ ကျမဆေးခန်း လာပြတယ်။ သူမဟာ ပိုးဝင်ပြီး ဆုံးသွားတယ်။
နောက်တစ်ယောက်ကလည်း ကျမဆေးခန်းလာပြီး ကလေးဖျက်ခိုင်းတယ်။
ဖျက်မချပေးလို့ ဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပြန်တယ်။ ပြောရင်တော့အ များကြီးပါပဲ။
ဒါကြောင့် နောက်ကို ဒီလိုမျိုးပြဿနာတွေဖြစ်အောင် အမျိုးသမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ကျမတို့တွေ တိုင်ပင်ပြီး ” မြင်မိုရ်ဂေဟာ” ဆိုတဲ့ နာမည် နဲ့ဖခင်မဲ့မွေးချင်တဲ့ မိန်းကလေးများအတွက် အခမဲ့ ဖွင့်ထားပါတယ်။
ခုဆို မွေးလူနာပေါင်း ၁၀၀မျှရှိနေပါပြီးတဲ့။ ဒီအကြောင်းရာတွေကို သင်ခန်းစာ ယူပြီး ကျမရဲ့ သမီးလေးတွေကို ခုလို ဆုံးမစကား ပြောရပါတယ်။ ” ဒီမယ် သမီးတို့ မှတ်ထားပါ။အမေတို့လိုမိန်းမသားတွေဟာ အများသောအားဖြင့်ဘဝ လေးမျိုး ကိုဖြတ်သန်းရတယ်။
၁) ကလေး ဘဝ
၂) အပျို ဘဝ
၃) အအို ဘဝ
၄) မိခင် ဘဝဆိုပြီး ဘဝကို လေးမျိူးနဲ့ရပ်တည်ရတယ်။
အေး ကောင်းပြီ ဒီမိန်းကလေး
(၄)မျိုးကို နောက်ထပ်မိန်းမ (၃)မျိုး ထပ်ခွဲပါတယ်။
ပထမ မိန်းမအမျိုးစားက
သူတို့ရဲ့ မျက်နှာအလှနှင့် ခန္ဓာကိုအရေပြားပေါ်မှာ ဆေးရောင်စုံခြယ်သပြီး ဘဝကို ရပ်တည်တဲ့ မိန်းမသားမျိူး။ (သူတို့ကို မော်ဒန်နှင့် ရုပ်ရှင်မင်းသမီးလို့ဆိုပါစို့)
ဒုတိယ မိန်းမ အမျိူးစားက သူ့တို့ရဲ့ ခန္ဓာကိုယ် အတွင်းအပြင်ကို အရင်းတည်ပြီး ယောက်ျားကြီးငယ်တို့၏ ကာမ ရမ္မက်ကို ဖြည့်စီးပေးရင်း စီးပွှားရှာ၍ ဘဝကို ရပ်တည်တဲ့ မိန်းမသားမျိုး။ ( သူတို့ကို ပြည်တန်းဆာ မိန်းမမျိုးလို့ဆိုပါစို့)
တတိယ မိန်းမ အမျိုးစားကတော့ အသိပညာ အတတ်ပညာကို အခြေခံပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ ရပ်တည်နေကြတဲ့မိန်းမဆိုပြီး လောကကြီးမှာ မိန်းမ ၃မျိုးရှိတယ် သမီး။ မိန်းကလေး တစ်ယောက်ဟာ ဥပမာစာမျက်နှာ (၇၅)ရွက်ပါတဲ့ စာအုပ်တစ် အုပ်ဆိုရင် အသက်(၁၄)နှစ်ကနေ (၂၅)နှစ်အတွင်းမှာ အထူး သတိထားရေးသား ဖို့လိုပါတယ်။
ဒါမှသာ နောက် လှန်ကြည့်မဲ့ စာမျက်နှာတွေဟာ လှပလာမှာပါ။ “အမေကလည်း တချို့ မိန်းကလေးတွေဆို အသက်က(၂၀)မပြည့်သေးဘူး ရည်းစားက (၅) ယောက်လောက် ထားပြီးပြီ။”
“ဒီမယ်သမီး ဒါတွေကို အားမကျပါနဲ့ ရည်းစားတစ်ယောက်နဲ့ ကွဲသွားလို့သူနဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပျောက်ပျက်လိုက်ပေမဲ့ သူရဲ့ ပုံရိပ်တွေက သမီးရဲ့ အနာဂတ်တွေကိုဖျက်စီးပြစ်နိူင်တယ်နော်။”
” ဒီမယ် သမီးလေး မှတ်ထားပါ။ လောကမှာ ကိုယ်ကျင့်တရားနှင့် ဣန္ဒြေသိက္ခာနဲ့ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ညအခါမှာ ကောင်းကင်ကနေ အလင်း ပေးနေတဲ့ လမင်းလေးနဲ့တူပါတယ်။ တစ်ရက်နဲ့ တစ်ရက် ပိုပိုပြီး လင်းလက် တောက်ပလာမယ်။
သို့သော် မိမိရဲ့ သိက္ခာတရားတွေအားလုံးကို ဆန္ဒနဲ့ လဲမိရင်တော့ လဆုတ်လ ကွယ်ညတွေလို ကြာလေမှောလေ ကြာလေဘဝအမှောင်ကြီးထဲကိုကျသွား တတ်တယ်ဆိုတာ သမီးလေးတို့ မမေ့ပါနဲ့။
ဒါကြောင့် သမီးလေးတို့ရဲ့ ကျန်ရှိနေတဲ့ဘဝ စာမျက်နှာတိုင်းမှာ သမိုင်းကောင်း များရေးထိုးနိူင်ပြီး မိမိရဲ့ ခန္ဓာမိမိရဲ့ လိပ်ပြာကို ဖြူစင်သန့်ရှင်းနေအောင် ကြိုးစားထားနိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay