အခ်စ္နွင့္ဘဝ

တချိန်ယူမယ့် ဇနီးလောင်းသို့…


နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး ငါမပြောတဲ့ကိစ္စ မှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်နင်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ မအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ



ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ စကားမရှုပ်ပါနဲ့ မိန်းကလေးတစ်ယောက် စကားရှုပ်တာယောက်ျားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိုးရလဒ်အတူတူပဲ


ငါကျရှုံးစေမယ့်အရာမှန်သမျှ နင်ကျရှုံးတာလို့တွေးပေးပါ နင့်ကို သိက္ခာကျစေတဲ့ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့လာထွေးတယ်လို့ ခံယူထားပါမယ် ငါလည်း အမြဲမမှန်နေနိုင်ဘူးနင်လည်း အမြဲမမှန်နေနိုင်ဘူး အမြဲတမ်းမမှားဖို့ပဲ ကြိုးစားမယ်

ငါအားလျော့ရင် နင်ဖေးကူပါ နင်လဲကျရင် ငါပွေ့ချီမှာပါ ငါတို့က လောကဓံလှိုင်းလုံးကို လက်တွဲပြီးစီးရမယ့်သူတွေပါ အချစ်ဆိုတာ အပေါ်ယံနှမ်းဖြူမဟုတ်သလိုပေါ်ပင်ကိစ္စတစ်ခုလည်းမဟုတ်ဘူး ငါ့မျက်ဝန်းကို နင်ဖတ်နိုင်အောင်ကြိုးစားပါ နင့်အိပ်မက်ကို ငါသိမြင်နေနိုင်အောင်ချစ်ပါ့မယ် ဘယ်ကာလ ဘယ်အချိန် ဘယ်အသက်အရွယ်ပဲ


ပြီးတော့ ငါတို့ကလေးတွေဟာ စိတ်ဒဏ်ရာကင်းရမယ် အတွေးအခေါ်ရှိရမယ် လွတ်လပ်စွာနေထိုင်နေရမယ်ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိုင်စွမ်းရှိရမယ် ( အနုပညာကိုဖန်တီးနိုင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ )ငါတို့ထက် အဆပေါင်းများစွာ ပိုတော်နေရမယ် ငါတို့ရဲ့ ပန်းတိုင်ဟာ . . . ငါတို့ရဲ့ချစ်ခြင်းပြီးတော့ . . . ငါတို့အနာဂတ်လောင်းလေးတွေ ။

မူရင်း Credit

==========

ငါ့ထက် တော်သည်ဖြစ်စေ ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါငါက သွားမယ်ဆို နင့်တိုင်ပင်မယ် နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ပြောရမယ်

နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး ငါမပြောတဲ့ကိစ္စ မှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်နင်မဖြေရှင်းနိူင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ ငါမဖြေရှင်းနိူင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ မအောင်မြင်နိူင်ဘူးဆိုတာ ယုံပေးပါ

နင်ဗြူးတီးစလွန်းသွားသွား ကြိုက်တာတွေပဲဝယ်ဝယ် ငါဘယ်တော့မှဝင်မပြောဘူးငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ်

နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး ငါ့ကိုလည်း တချို့ကိစ္စတွေနားလည်ပေးပါ နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ ငါလည်း နင်’ငါ့ကို တနေ့ထက်တနေ့ပိုချစ်လာအောင် အမြဲကြိုးစားနေမှာပါ

ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ စကားမရှုပ်ပါနဲ့ မိန်းကလေးတစ်ယောက် စကားရှုပ်တာယောက်ျ်ားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိူးရလဒ်အတူတူပဲ

ငါလည်း ဘယ်တော့မှမရှုပ်ဘူး နင်လည်းဘယ်တော့မှမရှုပ်ပါနဲ့ငါတို့သားသမီးတွေအတွက် ငါတို့ကစံပြနမူနာ အမြဲဖြစ်နေရမယ် ငါတို့ စိတ်အခန့်မသင့်လို့အဆင်မပြေတွေဖြစ်နေခဲ့ရင်တောင် ကလေးတွေရှေ့မှာ ကြင်နာပြနေရမယ်

ငါကျရှုံးစေမယ့်အရာမှန်သမျှ နင်ကျရှုံးတာလို့တွေးပေးပါ နင့်ကို သိက္ခာကျစေတဲ့ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့လာထွေးတယ်လို့ ခံယူထားပါမယ် ငါလည်း အမြဲမမှန်နေနိူင်ဘူးနင်လည်း အမြဲမမှန်နေနိူင်ဘူး အမြဲတမ်းမမှားဖို့ပဲ ကြိုးစားမယ်

ငါအားလျော့ရင် နင်ဖေးကူပါ နင်လဲကျရင် ငါပွေ့ချီမှာပါ ငါတို့က လောကဓံလှိုင်းလုံးကို လက်တွဲပြီးစီးရမယ့်သူတွေပါ အချစ်ဆိုတာ အပေါ်ယံနှမ်းဖြူမဟုတ်သလိုပေါ်ပင်ကိစ္စတစ်ခုလည်းမဟုတ်ဘူး ငါ့မျက်ဝန်းကို နင်ဖတ်နိူင်အောင်ကြိုးစားပါ နင့်အိပ်မက်ကို ငါသိမြင်နေနိူင်အောင်ချစ်ပါ့မယ် ဘယ်ကာလ ဘယ်အချိန် ဘယ်အသက်အရွယ်ပဲ

ရောက်ရောက် နင့်ကို ချစ်ခွင့်ပန်တုန်းကအချိန်ကလိုပဲ အမြဲရင်ခုန်စွာချစ်နေပါ့မယ်အသက်အရွယ်ကြီးလာတာနဲ့အမျှ နင့်ဘေးနားမှာ လူတွေတဖြည်းဖြည်းနည်းလာမယ်ငါ့ဘေးနားမှာလည်း လူတွေတဖြည်းဖြည်းလျော့လာလိမ့်မယ် တလောကလုံးမှာဘယ်သူမှမရှိတော့တဲ့နောက် နင့်ဘေးနားမှာ ငါရှိနေမယ်ဆိုရင် ငါ့ဘေးနားမှာ နင်ရှိနေမယ်ဆိုရင် အဲဒါငါတို့ချစ်ခြင်းသစ္စာပဲ

ပြီးတော့ ငါတို့ကလေးတွေဟာ စိတ်ဒဏ်ရာကင်းရမယ် အတွေးအခေါ်ရှိရမယ် လွတ်လပ်စွာနေထိုင်နေရမယ်ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိူင်စွမ်းရှိရမယ် ( အနုပညာကိုဖန်တီးနိူင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ )ငါတို့ထက် အဆပေါင်းများစွာ ပိုတော်နေရမယ် ငါတို့ရဲ့ ပန်းတိုင်ဟာ . . . ငါတို့ရဲ့ချစ်ခြင်းပြီးတော့ . . . ငါတို့အနာဂတ်လောင်းလေးတွေ ။

မူရင္း Credit