ေယာက်ာ္းေလးေတြ လံုး၀ လက္မခံႏိုင္တဲ့ မိန္းကေလးေတြရဲ႕ အျပဳအမူပံုစံမ်ား
ဒီဘက္ေခတ္မွာ ေယာက်ာ္းေလးတစ္ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ ခ်စ္သူျဖစ္တာက အင္မတန္ကို လြယ္ကူပါတယ္။ ဒါေပမယ့္ ခ်စ္သူျဖစ္ျပီးသြားရင္ ေရရွည္တည္ျမဲဖို႔က အင္မတန္ကို ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ကယ္လက္ေတြ႕တြဲၾကည့္တဲ့အခ်ိန္မွ တစ္ေယာက္နဲ႔တစ္ေယာက္ မၾကိဳက္တဲ့ အခ်က္ေတြ မ်ားေနလို႔ပဲ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ကိုယ္နဲ႕လက္တြဲမယ့္ လူတစ္ေယာက္ရဲ႕ အျပဳအမူပံစံေတြဟာ ေရရွည္မွာ ကိုယ္နဲ႔ တစ္ကယ္အဆင္ေျပပါ့မလားဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားၾကည့္သင့္ပါတယ္။ အခုေျပာျပခ်င္တဲ့ အေၾကာင္းအရာကေတာ့ ေယာက်္ားေလးတစ္ေယာက္အေနနဲ႔ ဘယ္လို မိန္းကေလးပံုစံမ်ိဳးေတြ၊ မိန္းကေလးတစ္ေယာက္ရဲ႕ ဘယ္လိုအျပဳအမူေတြကို မၾကိဳက္ဖူးလဲဆိုတာကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။
ေယာက်ာ္းေလးေတြဟာ မိန္းကေလးတစ္ေယာက္ မိတ္ကပ္အရမ္းၾကီး ျပင္လြန္းရင္ မၾကိဳက္ၾကပါဘူး။ သာမန္ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္ေလး ျပင္ထားရင္ေတာ့ ၾကိဳက္ႏွစ္သက္ၾကျပီး လိုတာထက္ ပိုမ်ားသြားတဲ့ အခါမ်ိဳးမွာေတာ့ အဲဒီလိုပံုစံကို လံုးဝမၾကိဳက္ၾကပါဘူး။ တစ္ခါတစ္ေလမွာေတာ့ ကိုယ့္ခ်စ္သူ မိန္းကေလးကို ေျပာခ်င္ေပမယ့္ ေျပာလို႔မထြက္တဲ့ အေနအထားေတြ ရွိတတ္ၾကပါတယ္။ ေနာက္တစ္ခုကေတာ့ ကြယ္ရာမွာ အတင္းေျပာတတ္တဲ့ လူမ်ိဳးကိုလည္း မၾကိဳက္ၾကပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ သူမ်ားအတင္းေတြေတာင္ ကိုယ့္ခ်စ္သူအရွ႕မွာ အားရပါးရေျပာေနတတ္ျပီး ကိုယ့္ကြယ္ရာေရာက္ရင္လည္း ကိုယ့္အေၾကာင္းကို ဒီလိုပဲ တစ္ဖက္လူတစ္ေယာက္အေရွ႕မွာ ေျပာႏိုင္တယ္ဆိုတာကို ခံစားေနမိလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေယာက်ာ္းေလးအမ်ားစုဟာ ကိုယ္ဘာလုပ္လုပ္ မေကာင္းျမင္ေနတတ္တဲ့ ခ်စ္သူမိန္းကေလးကိုလည္း မၾကိဳက္ႏွစ္သက္ၾကပါဘူး။
တစ္ခါတစ္ရံမွာ ကိုယ္လုပ္တာ အလုပ္မဟုတ္ရင္ ေျပာဆိုႏိုင္ပါတယ္။ ဒါေပမယ့္ အျမဲလိုလို ကိုယ္ဘာပဲလုပ္ေန လုပ္ေန အျပစ္ျမင္ျပီး “ေတာ္ေတာ္အသံုးမက်တာပဲ၊ စဥ္းစားဥာဏ္မရွိဘူးလား၊ လုပ္လိုက္ရင္အျမဲအဲဒီလိုေတြခ်ည္းပဲ” အစရွိတဲ့ စကားေတြပဲ ေျပာေနရင္ေတာ့ ၾကာလာရင္ ကိုယ့္ခ်စ္သူေယာက်ာ္းေလးက အဲဒီမိန္းကေလးအေပၚ စိတ္ပ်က္သြားတတ္ၾကပါတယ္။ ေနာက္ဆံုးအခ်က္ကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈလြန္ကဲေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပံုစံေတြပါပဲ။
အဲဒီလိုပံုစံကေတာ့ ေယာက်ာ္းေလးတိုင္းအတြက္ ေတာ္ေတာ္အဆင္မေျပတဲ့ ပံုစံမ်ိဳးပါပဲ။ အရာရာမွာ သူခ်ည္းပဲသိ၊ သူခ်ည္းပဲတက္ျပီး ခ်စ္သူေယာက်ာ္းေလးဟာ သူ႔ေလာက္ေတာင္ ဘာမွ မလုပ္ႏိုင္တဲ့ ပံုစံမ်ိဳးေတြနဲ႔ ဆက္ဆံေနတဲ့ မိန္းကေလးတစ္ေယာက္ကို ဘယ္ေယာက်္ားကေလးမွ ေရရွည္မွာ မခ်စ္ႏိုင္ပါဘူး။
Pyi Hein Kyaw
Unicode,
ယောကျာ်းလေးတွေ လုံး၀ လက်မခံနိုင်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူပုံစံများ
ဒီဘက်ခေတ်မှာ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်သူဖြစ်တာက အင်မတန်ကို လွယ်ကူပါတယ်။ ဒါပေမယ့် ချစ်သူဖြစ်ပြီးသွားရင် ရေရှည်တည်မြဲဖို့က အင်မတန်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကယ်လက်တွေ့တွဲကြည့်တဲ့အချိန်မှ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့ အချက်တွေ များနေလို့ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ်နဲ့လက်တွဲမယ့် လူတစ်ယောက်ရဲ့ အပြုအမူပံစံတွေဟာ ရေရှည်မှာ ကိုယ်နဲ့ တစ်ကယ်အဆင်ပြေပါ့မလားဆိုတာကို သေသေချာချာ စဉ်းစားကြည့်သင့်ပါတယ်။ အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ ယောကျ်ားလေးတစ်ယောက်အနေနဲ့ ဘယ်လို မိန်းကလေးပုံစံမျိုးတွေ၊ မိန်းကလေးတစ်ယောက်ရဲ့ ဘယ်လိုအပြုအမူတွေကို မကြိုက်ဖူးလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက် မိတ်ကပ်အရမ်းကြီး ပြင်လွန်းရင် မကြိုက်ကြပါဘူး။ သာမန်ကြည့်ပျော်ရှု့ပျော်လေး ပြင်ထားရင်တော့ ကြိုက်နှစ်သက်ကြပြီး လိုတာထက် ပိုများသွားတဲ့ အခါမျိုးမှာတော့ အဲဒီလိုပုံစံကို လုံးဝမကြိုက်ကြပါဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ့်ချစ်သူ မိန်းကလေးကို ပြောချင်ပေမယ့် ပြောလို့မထွက်တဲ့ အနေအထားတွေ ရှိတတ်ကြပါတယ်။ နောက်တစ်ခုကတော့ ကွယ်ရာမှာ အတင်းပြောတတ်တဲ့ လူမျိုးကိုလည်း မကြိုက်ကြပါဘူး။
ဘာကြောင့်လဲဆိုတော့ သူများအတင်းတွေတောင် ကိုယ့်ချစ်သူအရှ့မှာ အားရပါးရပြောနေတတ်ပြီး ကိုယ့်ကွယ်ရာရောက်ရင်လည်း ကိုယ့်အကြောင်းကို ဒီလိုပဲ တစ်ဖက်လူတစ်ယောက်အရှေ့မှာ ပြောနိုင်တယ်ဆိုတာကို ခံစားနေမိလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယောကျာ်းလေးအများစုဟာ ကိုယ်ဘာလုပ်လုပ် မကောင်းမြင်နေတတ်တဲ့ ချစ်သူမိန်းကလေးကိုလည်း မကြိုက်နှစ်သက်ကြပါဘူး။
တစ်ခါတစ်ရံမှာ ကိုယ်လုပ်တာ အလုပ်မဟုတ်ရင် ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အမြဲလိုလို ကိုယ်ဘာပဲလုပ်နေ လုပ်နေ အပြစ်မြင်ပြီး “တော်တော်အသုံးမကျတာပဲ၊ စဉ်းစားဉာဏ်မရှိဘူးလား၊ လုပ်လိုက်ရင်အမြဲအဲဒီလိုတွေချည်းပဲ” အစရှိတဲ့ စကားတွေပဲ ပြောနေရင်တော့ ကြာလာရင် ကိုယ့်ချစ်သူယောကျာ်းလေးက အဲဒီမိန်းကလေးအပေါ် စိတ်ပျက်သွားတတ်ကြပါတယ်။ နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံတွေပါပဲ။
အဲဒီလိုပုံစံကတော့ ယောကျာ်းလေးတိုင်းအတွက် တော်တော်အဆင်မပြေတဲ့ ပုံစံမျိုးပါပဲ။ အရာရာမှာ သူချည်းပဲသိ၊ သူချည်းပဲတက်ပြီး ချစ်သူယောကျာ်းလေးဟာ သူ့လောက်တောင် ဘာမှ မလုပ်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ဆက်ဆံနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ယောကျ်ားကလေးမှ ရေရှည်မှာ မချစ်နိုင်ပါဘူး။
Pyi Hein Kyaw