Swelsone News
Unicode,
ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မှာလဲ ခိုင်နှင်းဝေက သံဃာတော်အပါး (၁၀၀၀)လှူဒါန်းပေးခဲ့တဲ့ အကြောင်းလေးပြောကြလာပါတယ်။
ခိုင်နှင်းဝေက “ဒီနေ့ သံဃာတော်အပါး (၁၀၀၀)လှူဒါန်းပေးခဲ့ပါတယ်..ဆွမ်းစားချိန်ရောက်သွားတဲ့အခါ ယာဂုဆွမ်းသာ ဘုဉ်းပေးနေရပါတယ်လို့ ကျမဆီ အကူအညီတောင်းခံလာတာတွေ့တော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်…
ဆရာတော်တွေ ဆွမ်းခံမကြွရတော့တဲ့အတွက် တော်တော် အခက်ခဲဖြစ်နေကြတာဖြစ်ပါတယ်..
ကျောင်းကလေးကလဲ ချောင်ကျတော့ အလှူရှင်တွေ အမြဲ ကျော်သွားခံရတဲ့ကျောင်းလေးလဲဖြစ်တော့ တော်တော်လေးဒုက္ခ ရောက်နေရှာပါတယ်.မလှူခင်အကြားနဲ့တင်စိတ်မကောင်းဖြစ်နေမိတဲ့ ကျမ ယခုလိုမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ ယနေ့လှူလိုက်ရတဲ့ အလှူမြတ်သောအလှူဖြစ်သွားတဲ့အတွက် ကျမနှင့်အတူ အလှူရှင်များအားလုံး ဝမ်းမြောက်စွာသာဓုခေါ်နိုင်ကြပါစေရှင်
ယနေ့လှူတဲ့ သံဃာတွေထဲ ဒလမြို့မှ သံဃာတော်တွေလဲပါတာမို့ ဆိပ်ကမ်းအထိသွားရောက် လှူပေးခဲ့ပါတယ်ရှင်..🙏🏼🙏🏼🙏🏼” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလဖြစ်ပေမယ့်လဲ အလှူအတန်းတွေကို တက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကိုသာဓု ခေါ်ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာကျနိးမာရေးဂရုစိုက်ကြပါနော်။
Swelsone News