အခ်စ္နွင့္ဘဝ

အခ်စ္ေရးကံမေကာင္းဘူးဆိုတာ ဒီလို အခ်က္ေတြေၾကာင့္ပါ…

အခ်စ္ေရးကံမေကာင္းဘူးဆိုတာ ဒီလို အခ်က္ေတြေၾကာင့္ပါ…

ႏွလံုးသားေရးနဲ႔ ပတ္သတ္ရင္ အျမဲ အဆင္မေျပ ျဖစ္တတ္ၾကသူေတြ ရွိပါတယ္။ ခ်စ္မိလိုက္ သစၥာ ေဖာက္သြားလိုက္၊ ခ်စ္မိလိုက္ အထားခဲ့ခံလိုက္ရနဲ႔ သူတို႔ရဲ႕ အခ်စ္ေရးက ဘယ္ေတာ့မွ ၾကာရွည္ ရွိမေနတတ္ၾကပါဘူး။ အခ်စ္ေရး ကံမေကာင္းတဲ့ အေျခအေနမ်ိဳးကို ၾကံဳရတဲ့ သူေတြကေတာ့ ဒီလို အေျခအေနေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) နားလည္မႈ မေပးႏိုင္လုိ႔”

နားလည္မႈ မရွိတဲ့ ဆက္ဆံေရးကို ဘယ္သူမွ မလိုမရွိတတ္ၾကပါဘူး။ သင္က ဆိုးႏြဲ႕တတ္သူ ျဖစ္ၿပီး တစ္ဖက္သားကို နားလည္ေပးတာမ်ိဳး မရွိဘူးဆိုရင္ေတာ့ ဒီဆက္ဆံေရးက မၾကာရွည္တတ္ပါဘူး။ ကိုယ့္ကိုပဲ တဖက္သတ္ နားလည္ေပးရၿပီး ကုိယ္က နားလည္ေပးဖို႔ ဝန္ေလးေနတတ္တဲ့ အက်င္ ့ရွိသူဆိုရင္လည္း အခ်စ္ေရးကာလက တိုတတ္ပါတယ္ …။

(၂) စိတ္ညစ္ေစတဲ့သူမို႔”

တစ္ခ်ိဳ႕လူေတြက ခ်စ္သူ ထားၿပီး ေပ်ာ္ေနခ်င္ၾကတာပါ။ စိတ္ဒဏ္ရာေတြနဲ႔ နာက်င္ေနတဲ့သူအဖို႔ ေပ်ာ္ေပ်ာ္ေနခ်င္သူေတြနဲ႔ ခ်စ္သူ ၾကာၾကာ မျဖစ္ႏိုင္ပါဘူး။ စိတ္ဒဏ္ရာေတြနဲ႔ နာက်င္ေနတဲ့သူနဲ႔ နားလည္ ႏွစ္သိမ့္မႈ ေပးႏိုင္တဲ့ သူနဲ႔သာ လိုက္ဖက္တာပါ။ ဒါေၾကာင့္ သင့္က စိတ္ဒဏ္ရာ ရွိထားတဲ့သူဆိုရင္ စိတ္ညစ္စရာ ေကာင္းတယ္ဆိုၿပီး ထားသြားၾကမွာပဲ ျဖစ္ပါတယ္ …။

(၃) တူညီတဲ့သူေတြ မဟုတ္လို႔”

အသြင္တူမွ အိမ္သူ ျဖစ္တယ္ ေျပာၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အက်င့္ေတြ၊ စိတ္ဓာတ္ေတြလည္း တူမွသာ အခ်ိန္အၾကာႀကီး လက္တြဲႏိုင္ၾကတာ ျဖစ္ပါတယ္။ အခ်စ္တစ္ခုတည္းနဲ႔ အခ်စ္ေရးက ကံေကာင္းေနမွာ မဟုတ္ပါဘူး။ မတူညီဘဲ လက္တြဲမိၾကတဲ့သူေတြကလည္း အဆင္မေျပမႈေတြနဲ႔ လမ္းခြဲရတတ္ ၾကပါတယ္ …။

(၄) ဖူးစာဖက္ မဟုတ္လို႔”

အခ်စ္ဆိုတာ သိပ္ကို ဆန္းၾကယ္ပါတယ္။ ခ်စ္ေပမယ့္လည္း ဖူးစာမပါရင္ ကြဲကြာ သြားတတ္ၾကတာပါပဲ။ ကိုယ့္ရဲ႕ ဖူးစာဖက္ မဟုတ္ေသးရင္လည္း ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ အခ်ိန္တန္ရင္ ျပတ္စဲ သြားတတ္ၾကပါတယ္။ ဒါကေတာ့ အခ်စ္ ကံမေကာင္းတာေၾကာင့္ ဆိုတာထက္ ဖူးစာဖက္ မဟုတ္လို႔ ျပတ္စဲရတာပဲ ျဖစ္ပါတယ္ …။

(၅) စိတ္မရွည္လို႔”

Right time, right person မွ ဖူးစာဖက္နဲ႔ ၾကံဳတတ္တာပါ။ သင္က လြယ္လြယ္နဲ႔ စိတ္ကစားတတ္ၿပီး ခ်စ္သူ ထားခ်င္ေနတတ္တဲ့သူဆိုရင္လည္း အခ်စ္ေရးက ကံေကာင္းေနမွာ မဟုတ္ပါဘူး။ ရည္းစားထားလိုက္တာနဲ႔ ၾကာရွည္တဲ့ အခ်စ္ေရးကို တည္ေဆာက္ႏိုင္တာ မဟုတ္လို႔ စိတ္ရွည္ရွည္နဲ႔ ကိုယ့္ခံစားခ်က္ သူ႕ခံစားခ်က္ ေသခ်ာေအာင္ လုပ္တာ အေကာင္းဆံုးပါပဲ …။ ။

Kham

(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

အချစ်ရေးကံမကောင်းဘူးဆိုတာ ဒီလို အချက်တွေကြောင့်ပါ…

နှလုံးသားရေးနဲ့ ပတ်သတ်ရင် အမြဲ အဆင်မပြေ ဖြစ်တတ်ကြသူတွေ ရှိပါတယ်။ ချစ်မိလိုက် သစ္စာ ဖောက်သွားလိုက်၊ ချစ်မိလိုက် အထားခဲ့ခံလိုက်ရနဲ့ သူတို့ရဲ့ အချစ်ရေးက ဘယ်တော့မှ ကြာရှည် ရှိမနေတတ်ကြပါဘူး။ အချစ်ရေး ကံမကောင်းတဲ့ အခြေအနေမျိုးကို ကြုံရတဲ့ သူတွေကတော့ ဒီလို အခြေအနေတွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။

(၁) နားလည်မှု မပေးနိုင်လို့”

နားလည်မှု မရှိတဲ့ ဆက်ဆံရေးကို ဘယ်သူမှ မလိုမရှိတတ်ကြပါဘူး။ သင်က ဆိုးနွဲ့တတ်သူ ဖြစ်ပြီး တစ်ဖက်သားကို နားလည်ပေးတာမျိုး မရှိဘူးဆိုရင်တော့ ဒီဆက်ဆံရေးက မကြာရှည်တတ်ပါဘူး။ ကိုယ့်ကိုပဲ တဖက်သတ် နားလည်ပေးရပြီး ကိုယ်က နားလည်ပေးဖို့ ဝန်လေးနေတတ်တဲ့ အကျင့်ရှိသူဆိုရင်လည်း အချစ်ရေးကာလက တိုတတ်ပါတယ် …။

(၂) စိတ်ညစ်စေတဲ့သူမို့”

တစ်ချို့လူတွေက ချစ်သူ ထားပြီး ပျော်နေချင်ကြတာပါ။ စိတ်ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့သူအဖို့ ပျော်ပျော်နေချင်သူတွေနဲ့ ချစ်သူ ကြာကြာ မဖြစ်နိုင်ပါဘူး။ စိတ်ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့သူနဲ့ နားလည် နှစ်သိမ့်မှု ပေးနိုင်တဲ့ သူနဲ့သာ လိုက်ဖက်တာပါ။ ဒါကြောင့် သင့်က စိတ်ဒဏ်ရာ ရှိထားတဲ့သူဆိုရင် စိတ်ညစ်စရာ ကောင်းတယ်ဆိုပြီး ထားသွားကြမှာပဲ ဖြစ်ပါတယ် …။

(၃) တူညီတဲ့သူတွေ မဟုတ်လို့”

အသွင်တူမှ အိမ်သူ ဖြစ်တယ် ပြောကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တွေ၊ စိတ်ဓာတ်တွေလည်း တူမှသာ အချိန်အကြာကြီး လက်တွဲနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တစ်ခုတည်းနဲ့ အချစ်ရေးက ကံကောင်းနေမှာ မဟုတ်ပါဘူး။ မတူညီဘဲ လက်တွဲမိကြတဲ့သူတွေကလည်း အဆင်မပြေမှုတွေနဲ့ လမ်းခွဲရတတ် ကြပါတယ် …။

(၄) ဖူးစာဖက် မဟုတ်လို့”

အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ ချစ်ပေမယ့်လည်း ဖူးစာမပါရင် ကွဲကွာ သွားတတ်ကြတာပါပဲ။ ကိုယ့်ရဲ့ ဖူးစာဖက် မဟုတ်သေးရင်လည်း ဘယ်လောက်ပဲ ချစ်ချစ် အချိန်တန်ရင် ပြတ်စဲ သွားတတ်ကြပါတယ်။ ဒါကတော့ အချစ် ကံမကောင်းတာကြောင့် ဆိုတာထက် ဖူးစာဖက် မဟုတ်လို့ ပြတ်စဲရတာပဲ ဖြစ်ပါတယ် …။

(၅) စိတ်မရှည်လို့”

Right time, right person မှ ဖူးစာဖက်နဲ့ ကြုံတတ်တာပါ။ သင်က လွယ်လွယ်နဲ့ စိတ်ကစားတတ်ပြီး ချစ်သူ ထားချင်နေတတ်တဲ့သူဆိုရင်လည်း အချစ်ရေးက ကံကောင်းနေမှာ မဟုတ်ပါဘူး။ ရည်းစားထားလိုက်တာနဲ့ ကြာရှည်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်တာ မဟုတ်လို့ စိတ်ရှည်ရှည်နဲ့ ကိုယ့်ခံစားချက် သူ့ခံစားချက် သေချာအောင် လုပ်တာ အကောင်းဆုံးပါပဲ …။ ။

Kham

(Aunty May)