အခ်စ္နွင့္ဘဝ

တစ်စုံတစ်ယောက်က သင့်ကို အရမ်း လွမ်းနေတဲ့အခါ ကြုံတွေ့ရမယ့် အရာ(၄)မျိုး

တစ်စုံတစ်ယောက်က သင့်ကို အရမ်း လွမ်းနေတဲ့အခါ ဒီအရာတွေ သင်ကြုံတွေ့ရမှာပါ

လူတွေရဲ့ စိတ်က လူတွေထင်ထားတာထက်ကို စွမ်းအင်ပြင်းထန်တဲ့ အရာတစ်ခုပါ။ စိတ်စွမ်းအားတွေဆိုတာ ဟိုးအဝေးမှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ကို ဆက်သွယ်နိုင်တဲ့အထိကို အင်အားကောင်းလွန်းပါတယ်။

ဒီတော့ တစ်စုံတစ်ယောက်က သင့်ကို အရမ်း သတိရနေတာမျိုး၊ လွမ်းနေတဲ့အခါမျိုးမှာ သင့်ဆီမှာ ဒီအချက်တွေ တွေ့လာရမှာ ဖြစ်ပါတယ်။

(1) အိပ်မက်မက်တတ်တယ်

ဟိုအရင်တော့ တစ်စုံတစ်ယောက်အကြောင်း အိပ်မက်မက်တဲ့အခါ ကိုယ့်စိတ်ထဲမှာ သူရှိနေတဲ့အတွက် အိပ်မက်မက်တာလို့ ထင်တတ်ပါတယ်။

တကယ်တမ်းမှာတော့ သူက ကိုယ့်ကိုယ် ပြင်းပြင်းပြပြ သတိရနေတဲ့အခါမှာ ကိုယ့်အိပ်မက်ထဲအထဲကို သူရောက်ရှိလာတတ်တာပါ။

ဒါက သူ့ရဲ့ သတိရစိတ်အရမ်း အားကောင်းနေတဲ့အတွက် ကိုယ့်ရဲ့ အိပ်မက်ထဲအထိအောင်ကို ဝင်ရောက်နိုင်တာပဲ ဖြစ်ပါတယ်နော်။

(2) ရုတ်တရက် သူ့အကြောင်း တွေးမိသွားတယ်

ကိုယ့်အကြောင်း တစ်ယောက်ယောက်က တွေးနေတဲ့အခါ၊ သူက ကိုယ့်ကိုယ် အရမ်း သတိရနေတဲ့အခါမှာ သူ့စိတ်ရဲ့ စွမ်းအားက ကိုယ့်စိတ်မှာ လာထင်ဟပ်တတ်ပါတယ်။

ဒါဟာ စိတ်စွမ်းအားရဲ့ ထိန်းချုပ်နိုင်စွမ်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီတော့ ရုတ်တရက် ကိုယ်က မတွေးပဲ သူ့အကြောင်း ဖျက်ခနဲခေါင်းထဲရောက်လာတတ်ပြီး သူ့အကြောင်း စဉ်းစားမိသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒါက ကိုယ့်ကိုယ် တစ်စုံတစ်ယောက်က အရမ်း သတိရ လွမ်းဆွတ်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။

(3) သူ့ကို သတိရနေတတ်တယ်

တစ်ယောက်ယောက်က ကိုယ့်ကိုယ် ရက်တော်တော်များများ သတိရနေမိတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို သတိရလာတတ်ပါတယ်။

သူ့ကို အရမ်းတွေ့ချင်လာတတ်တာမျိုး၊ သူ့ဆီဖုန်းဆက်ချင်တာမျိုး ဖြစ်လာတတ်ပြီး အကြောင်းမရှိပဲကို သူ့ကို သတိရနေတတ်တာပါ။

ဒါက သူကိုယ့်ကိုယ် သတိရတဲ့ စိတ်က ကိုယ့်ဆီကို ဆက်သွယ်လာပြီး အဲဒီ့စိတ်ကြောင့် ကိုယ်လည်း သူ့ကို သတိရသွားစေတာ ဖြစ်ပါတယ်။

(4) တိုက်ဆိုင်မှုတွေ ဖြစ်တတ်တယ်

ဥပမာ – ကိုယ်က သူ့အကြောင်း စဉ်းစားမိသွားတဲ့အချိန်မှာ သူ့ဆီက ဆက်သွယ်လာတာမျိုး၊ သူဆီက စာပို့လာတာမျိုး ဒါမှမဟုတ် သူ ရုတ်တရက် ရောက်လာတတ်တာမျိုးက

တိုက်ဆိုင်မှုတစ်ခုလို့ ထင်ရတတ်ပေမယ့် ဒါဟာ စိတ်ချင်းဆက်သွယ်မှုကြောင့် ဖြစ်ပါတယ်။ သူသင့်ကို သတိရနေတဲ့အတွက် သင်လည်း သတိရစေပြီး သူ့အကြောင်း စဉ်းစားနေတဲ့အချိန်မှာပဲ

ရုတ်တရက် ဆက်သွယ်လာတတ်တာပါ။ ဒါဟာ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် အရမ်းသတိရ လွမ်းနေတဲ့အခါမျိုးမှာ ဖြစ်တတ်တာလေးတွေပါနော်။

Khin

Zawgyi

တစ္စုံတစ္ေယာက္က သင့္ကို အရမ္း လြမ္းေနတဲ့အခါ ဒီအရာေတြ သင္ႀကဳံေတြ႕ရမွာပါ

လူေတြရဲ႕ စိတ္က လူေတြထင္ထားတာထက္ကို စြမ္းအင္ျပင္းထန္တဲ့ အရာတစ္ခုပါ။ စိတ္စြမ္းအားေတြဆိုတာ ဟိုးအေဝးမွာ ေရာက္ေနတဲ့ တစ္စုံတစ္ေယာက္ကို ဆက္သြယ္ႏိုင္တဲ့အထိကို အင္အားေကာင္းလြန္းပါတယ္။

ဒီေတာ့ တစ္စုံတစ္ေယာက္က သင့္ကို အရမ္း သတိရေနတာမ်ိဳး၊ လြမ္းေနတဲ့အခါမ်ိဳးမွာ သင့္ဆီမွာ ဒီအခ်က္ေတြ ေတြ႕လာရမွာ ျဖစ္ပါတယ္။

(1) အိပ္မက္မက္တတ္တယ္

ဟိုအရင္ေတာ့ တစ္စုံတစ္ေယာက္အေၾကာင္း အိပ္မက္မက္တဲ့အခါ ကိုယ့္စိတ္ထဲမွာ သူရွိေနတဲ့အတြက္ အိပ္မက္မက္တာလို႔ ထင္တတ္ပါတယ္။

တကယ္တမ္းမွာေတာ့ သူက ကိုယ့္ကိုယ္ ျပင္းျပင္းျပျပ သတိရေနတဲ့အခါမွာ ကိုယ့္အိပ္မက္ထဲအထဲကို သူေရာက္ရွိလာတတ္တာပါ။

ဒါက သူ႔ရဲ႕ သတိရစိတ္အရမ္း အားေကာင္းေနတဲ့အတြက္ ကိုယ့္ရဲ႕ အိပ္မက္ထဲအထိေအာင္ကို ဝင္ေရာက္ႏိုင္တာပဲ ျဖစ္ပါတယ္ေနာ္။

(2) ႐ုတ္တရက္ သူ႔အေၾကာင္း ေတြးမိသြားတယ္

ကိုယ့္အေၾကာင္း တစ္ေယာက္ေယာက္က ေတြးေနတဲ့အခါ၊ သူက ကိုယ့္ကိုယ္ အရမ္း သတိရေနတဲ့အခါမွာ သူ႔စိတ္ရဲ႕ စြမ္းအားက ကိုယ့္စိတ္မွာ လာထင္ဟပ္တတ္ပါတယ္။

ဒါဟာ စိတ္စြမ္းအားရဲ႕ ထိန္းခ်ဳပ္ႏိုင္စြမ္း တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီေတာ့ ႐ုတ္တရက္ ကိုယ္က မေတြးပဲ သူ႔အေၾကာင္း ဖ်က္ခနဲေခါင္းထဲေရာက္လာတတ္ၿပီး သူ႔အေၾကာင္း စဥ္းစားမိသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါက ကိုယ့္ကိုယ္ တစ္စုံတစ္ေယာက္က အရမ္း သတိရ လြမ္းဆြတ္ေနတယ္ဆိုတာကို ေဖာ္ျပေနတာပါ။

(3) သူ႔ကို သတိရေနတတ္တယ္

တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္ ရက္ေတာ္ေတာ္မ်ားမ်ား သတိရေနမိတဲ့အခါမွာ ကိုယ္ကလည္း သူ႔ကို သတိရလာတတ္ပါတယ္။

သူ႔ကို အရမ္းေတြ႕ခ်င္လာတတ္တာမ်ိဳး၊ သူ႔ဆီဖုန္းဆက္ခ်င္တာမ်ိဳး ျဖစ္လာတတ္ၿပီး အေၾကာင္းမရွိပဲကို သူ႔ကို သတိရေနတတ္တာပါ။

ဒါက သူကိုယ့္ကိုယ္ သတိရတဲ့ စိတ္က ကိုယ့္ဆီကို ဆက္သြယ္လာၿပီး အဲဒီ့စိတ္ေၾကာင့္ ကိုယ္လည္း သူ႔ကို သတိရသြားေစတာ ျဖစ္ပါတယ္။

(4) တိုက္ဆိုင္မႈေတြ ျဖစ္တတ္တယ္

ဥပမာ – ကိုယ္က သူ႔အေၾကာင္း စဥ္းစားမိသြားတဲ့အခ်ိန္မွာ သူ႔ဆီက ဆက္သြယ္လာတာမ်ိဳး၊ သူဆီက စာပို႔လာတာမ်ိဳး ဒါမွမဟုတ္ သူ ႐ုတ္တရက္ ေရာက္လာတတ္တာမ်ိဳးက

တိုက္ဆိုင္မႈတစ္ခုလို႔ ထင္ရတတ္ေပမယ့္ ဒါဟာ စိတ္ခ်င္းဆက္သြယ္မႈေၾကာင့္ ျဖစ္ပါတယ္။ သူသင့္ကို သတိရေနတဲ့အတြက္ သင္လည္း သတိရေစၿပီး သူ႔အေၾကာင္း စဥ္းစားေနတဲ့အခ်ိန္မွာပဲ

႐ုတ္တရက္ ဆက္သြယ္လာတတ္တာပါ။ ဒါဟာ တစ္စုံတစ္ေယာက္က ကိုယ့္ကိုယ္ အရမ္းသတိရ လြမ္းေနတဲ့အခါမ်ိဳးမွာ ျဖစ္တတ္တာေလးေတြပါေနာ္။

Khin