အကျပ်အတည်းများတွက် ဓါတ်ဆင်မယ်….
ဒီလိုခက်ခဲ ကျပ်တည်းလှတဲ့ ခေတ်ကာလမှာ လူတိုင်းမှာ အခက်အခဲ အနည်းနှင့်အများ ကြုံတွေ့နေကြရပါတယ်။
လုပ်ငန်းထဲမှာ ငွေကြေးဆုံးရှုံးမှုများခြင်း ၊ ချေးထားသောငွေကြေးများ ပြန်လည်မရရှိခြင်း ၊ ချေးထားသော ငွေကြေးများပြန်လည် မဆပ်နိ်ုင်အောင် ဒုက္ခရောက်ခြင်း ၊
ငွေကြေးမချောင်လည်တော့ အိမ်တွင်းရေးတွေလည်း မသာယာချင်း ၊လုပ်ငန်းတွေလည်း
အလွဲလွဲအချော်ချော်နှင့် ပြိုကွဲမလိုဖြစ်ချင်း စသော စသော အခက်အခဲပေါင်းများစွာကို လူတိုင်းအိမ်တိုင်း ခံစားကြရပါတယ်။
ဒီလိုအခက်အခဲများတွက် အောက်ပါယတြာလေးကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ။ မိမိရဲ့ဓါတ်ပုံလေး တစ်ပုံကို ဓါတ်ဘူးထဲထည့်ပါ။
ပြီးတော့ မိမိတွင် ဖြစ်ပေါ်နေသော အခက်အခဲ အကျပ်အတည်းများကို စာရွက်ဖြူတရွက်မှာရေးပြီး ဆုတောင်းစာကို ဓါတ်ဘူးထဲ ထပ်ထည့်ပါ။
ထို့နောက် ဓါတ်ဘူးလေးကို အဖုံးပိတ် ပြီး ၊အဖုံးအပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းညှိပြီး ပူဇော်ပါ။ ၉ရက်တိတိ အချိန်မှန် နေရာမှန် ထွန်းညှိပူဇော်ပါ။
အဆိုပါ ၉ရက်အတွင်းမှာ မိမိရဲ့အခက်များ ပြန်လည်ဓါတ်မှန်လာပြီး အဆင်ပြေချောမွေ့စေတတ်သည် ။ ၉ရက်နားပြီး နောက်ထပ် ၉ရက် ဆက်ထွန်းညှိပူဇော်လည်း ရပါသည်။
အရေးကြီးတာ တစ်ခုက စတီးဓါတ်ဘူးများမရပါဘူး ။ဓါတ်သားနဲ့ပြုလုပ်ထားတဲ့ ဓါတ်ဘူးမှသာ အခက်အခဲများကို အတားအဆီးမရှိ အောင်မြင်မည်ဖြစ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…
ZunelayNewAstrologer 09762011321
Zawgyi
အက်ပ္အတည္းမ်ားတြက္ ဓါတ္ဆင္မယ္….
ဒီလိုခက္ခဲ က်ပ္တည္းလွတဲ့ ေခတ္ကာလမွာ လူတိုင္းမွာ အခက္အခဲ အနည္းႏွင့္အမ်ား ႀကဳံေတြ႕ေနၾကရပါတယ္။
လုပ္ငန္းထဲမွာ ေငြေၾကးဆုံးရႈံးမႈမ်ားျခင္း ၊ ေခ်းထားေသာေငြေၾကးမ်ား ျပန္လည္မရရွိျခင္း ၊ ေခ်းထားေသာ ေငြေၾကးမ်ားျပန္လည္ မဆပ္နိ္ုင္ေအာင္ ဒုကၡေရာက္ျခင္း ၊
ေငြေၾကးမေခ်ာင္လည္ေတာ့ အိမ္တြင္းေရးေတြလည္း မသာယာခ်င္း ၊လုပ္ငန္းေတြလည္း
အလြဲလြဲအေခ်ာ္ေခ်ာ္ႏွင့္ ၿပိဳကြဲမလိုျဖစ္ခ်င္း စေသာ စေသာ အခက္အခဲေပါင္းမ်ားစြာကို လူတိုင္းအိမ္တိုင္း ခံစားၾကရပါတယ္။
ဒီလိုအခက္အခဲမ်ားတြက္ ေအာက္ပါယၾတာေလးကို ျပဳလုပ္ေဆာင္႐ြက္ၾကည့္ပါ။ မိမိရဲ႕ဓါတ္ပုံေလး တစ္ပုံကို ဓါတ္ဘူးထဲထည့္ပါ။
ၿပီးေတာ့ မိမိတြင္ ျဖစ္ေပၚေနေသာ အခက္အခဲ အက်ပ္အတည္းမ်ားကို စာ႐ြက္ျဖဴတ႐ြက္မွာေရးၿပီး ဆုေတာင္းစာကို ဓါတ္ဘူးထဲ ထပ္ထည့္ပါ။
ထို႔ေနာက္ ဓါတ္ဘူးေလးကို အဖုံးပိတ္ ၿပီး ၊အဖုံးအေပၚမွာ ဖေယာင္းတိုင္တစ္တိုင္ထြန္းညႇိၿပီး ပူေဇာ္ပါ။ ၉ရက္တိတိ အခ်ိန္မွန္ ေနရာမွန္ ထြန္းညႇိပူေဇာ္ပါ။
အဆိုပါ ၉ရက္အတြင္းမွာ မိမိရဲ႕အခက္မ်ား ျပန္လည္ဓါတ္မွန္လာၿပီး အဆင္ေျပေခ်ာေမြ႕ေစတတ္သည္ ။ ၉ရက္နားၿပီး ေနာက္ထပ္ ၉ရက္ ဆက္ထြန္းညႇိပူေဇာ္လည္း ရပါသည္။
အေရးႀကီးတာ တစ္ခုက စတီးဓါတ္ဘူးမ်ားမရပါဘူး ။ဓါတ္သားနဲ႔ျပဳလုပ္ထားတဲ့ ဓါတ္ဘူးမွသာ အခက္အခဲမ်ားကို အတားအဆီးမရွိ ေအာင္ျမင္မည္ျဖစ္ပါသည္။
သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ား အားလုံးကို… အစဥ္ဦးၫႊတ္ကန္ေတာ့လ်က္…
ZunelayNewAstrologer 09762011321