အလွပေရးရာ
ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့အတွက် အိမ်တွင်းနည်းလမ်း
ချစ်တို့ရေ…. မင်္ဂလာပါရှင်
အရင်အပတ်တွေ​က skin care နဲ့ ပတ်သက်တာတွေ sharing လုပ်ပေးခဲ့တာမို့ ဒီတစ်ပတ်မှာတော့ တောင်းဆိုမှုအများဆုံးဖြစ်နေတဲ့ hair care/ hair treatment လုပ်နည်းလေး ကို တင်ပေးပါမယ်နော်
Irene ရဲ့ လုပ်ထုံးအတိုင်းပဲ သဘာဝပစ္စည်း/chemical မများတဲ့ product လေးတွေနဲ့ Irene ကိုယ်တိုင် လုပ်ကြည့်ပြီးဖြစ်တဲ့ ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေးမို့ စိတ်ချလက်ချ လိုက်လုပ်လို့ရပါတယ်နော်
“Hair Care/Treatment ”
ပါဝင်ပစ္စည်း
ကြက်ဥ – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
သံပုရာသီး – ၁ လုံး
သံလွင်ဆီ – ထမင်းစားဇွန်း ၁-၂ဇွန်း
Vaseline – အနည်းငယ်
ပြုလုပ်ပုံ
ကြက်သွန်နီကို bender နဲ့ ကျိတ်ပြီး အရည်ကို strainer နဲ့စစ်ပြီး ယူပါမယ် (မှတ်ချက် – အရည်ဖြစ်ရပါမယ်)
ကြက်ဥ တစ်လုံး (အကာပဲယူပါမယ်) အဆီအနှစ်မယူပါဘူး
ကြက်သွန်နီနဲ့ ကြက်ဥအကာကို အရင်ဆုံးမွှေပါမယ်
သံပုရာသီး တစ်လုံးအရည်ညစ်ပြီး ထည့်ရောပါမယ်
4သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း – ၂ ဇွန်း အထိ ထည့်ပါမယ်
Vaseline အနည်းငယ် ထည့်ပါ
6ပါဝင်ပစ္စည်း အားလုံးထည့်ပြီးရင်တော့ နှံ့အောင်ရောမွှေပေးပါနော်
အသုံးပြုပုံ
ခေါင်းမလျှော်မီ ဦးရေမှ ဆံပင်အဖျားလေးတွေအထိ နှံအောင်လိမ်းပြီး ၁၅-၂၀ မိနစ်လောက်အထိ ပေါင်းပြီး ဆံပင်လေးတွေကို နှိပ်နယ်ပေးပါ
မိနစ်15-20 ပြည့်ရင် မိမိ သုံးနေကျ shampoo နဲ့ ခေါင်းလျှော်လိုက်လို့ရပါပြီနော်
ကောင်းကျိုး
ကြက်ဥ – Protein ဓာတ်အပြည့်အဝပါဝင်တဲ့ အတွက် ဆံပင်ကို အားရှိစေပြီး အရှည်မြန်စေပါတယ်။ ဆံသားထူစေပါတယ်။ ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။
ကြက်သွန်နီ – ဆံပင်ကျွတ်တဲ့သူများအတွက် အထူးသင့်တော်ပါတယ်။ အကျွတ်သက်သာပြီး ဆံပင်ပြန်ပေါက်စေပါတယ်။
သံပုရာသီး – Citric Acid / Vitamin C ပါဝင်လို့ ဆံသားကို သဘာဝအတိုင်း နက်မှောင်တောက်ပြောင်စေခြင်း၊ ဆံပင်ကျွတ်ခြင်း အထောက်အကူကေးပြီး အထူးသဖြင့် ဦးရေမှာ ဖောက်၊ ဒက် ရှိခြင်းများကို ပျောက်ကင်းသက်သာစေပါတယ်။
သံလွင်ဆီ – ဆံသားကို moisturizing ဖြစ်စေပါတယ်။ ဦးရေခြောက်ခြင်း၊ ဦးရေယားယံခြင်း၊ ဗောက်၊ ဒက် နှင့် ဆံသားပျက်စီးခြင်းအတွက် အထူးသင့်တော်တဲ့ ဆီတစ်မျိုးပါ။
Vaseline – အဆီတစ်မျိုးဖြစ်ပြီး ဆံသားကို နက်ပြောင်စေပါတယ်။ ဆံသားကို ပိုမိုသန်မာစေပြီး ဆံပင်ရှည်နှုန်းမြန်စေတဲ့အပြင် ကြည့်လိုက်ရုံနဲ့ သဘာဝအတိုင်း ကျန်းမာတဲ့ဆံသားပိုင်ရှင်လေးဖြစ်စေဖို့ ကူညီပေးပါတယ်။
တစ်ပတ်တစ်ကြိမ် ၊ တစ်လတစ်ကြိမ် လိုအပ်သလို အသုံးပြုလို့ရပါတယ်ရှင်
Irene Pretty
Zawgyi
“Hair Care/Treatment ”
ပါဝင်ပစ္စည်း
ကြက်ဥ – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
သံပုရာသီး – ၁ လုံး
Vaseline – အနည်းငယ်
ပြုလုပ်ပုံ
အသုံးပြုပုံ
ကောင်းကျိုး
Irene Pretty