အလွပေရးရာ

နူးညံ့ပြီး ပိတုန်းရောင်ဆံကေသာပိုင်ဆိုင်ဖို့ ဒိန်ချဉ်နဲ့ ဆံပင်ပေါင်းတင်နည်းများ

နူးညံ့ပြီး ပိတုန်းရောင်ဆံကေသာပိုင်ဆိုင်ဖို့ ဒိန်ချဉ်နဲ့ ဆံပင်ပေါင်းတင်နည်းများ

ဆံပင်ကျွတ်လို့၊ ဆံပင်ပါးနေလို့၊ ဆံပင်ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာနေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင်မြည်နေဦးမယ်။

ကိုယ်တွေ စားနေကျ အစားအသောက်တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ပေါင်းတင်ကြည့်ရုံပဲ။

ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ –

ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်ဗောက်ပျောက်စေတယ်

ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ်

ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)

အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ်

အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာပြဿနာရှိနေရင်တောင် သက်သာစေတယ်

ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ

ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –

ကြက်ဥနဲ့ ဒိန်ချဉ်

ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။

ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။

ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)

ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။

ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။

ငှက်ပျောသီးနဲ့ ဒိန်ချဉ်

ပန်းကန်လုံးထဲကို ငှက်ပျောသီးမှည့်တစ်ခြမ်းကိုထည့်ချေပါ။

ချေတာညက်သွားပြီဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည်သုံးဇွန်း၊သံပရာရည်တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။

ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။

ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ပါ။

သံလွင်ဆီနဲ့ ဒိန်ချဉ်

ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။

မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။

ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။

ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။

ကြက်သီးနွေးရေလေးနဲ့ဆေးကြောပါ။

နောက်ဆုံးမှ ခုနက သံပရာရည်အရောကိုလောင်းချပါ။

ဒါလည်း တစ်ပတ်နှစ်ကြိမ်လုပ်လို့ရတယ်။

ပျားရည်နဲ့ ဒိန်ချဉ်

ဒိန်ချဉ်ဇွန်းတစ်ဝက်၊ ပျားရည်တစ်ဇွန်း၊ ပန်းသီးရှာလကာရည်တစ်ဇွန်းကိုရောပြီးအနှစ်ဖြစ်အောင်မွှေပါ။

ဆံပင်အရင်းကနေ ထိပ်ဖျားလေးတွေအထိ စိမ့်ဝင်အောင်လိမ်းပါ။

မိနစ် ၃၀လောက်နေရင် ရှန်ပူအပျော့စားနဲ့လျှော်ပါ။

ရှားစောင်းလက်ပပ်နဲ့ ဒိန်ချဉ်

ရှားစောင်းလက်ပပ်အနှစ် သုံးဇွန်း၊ဒိန်ချဉ်နှစ်ဇွန်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်အောင်မွှေပါ။

ဦးရေပြားမှာ ၁၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။

လိမ်းပြီးရင် ဆံပင်အရင်းကနေအဖျားထိ အကုန်နှံ့အောင်ဆက်လိမ်းပြီး ၁၅ မိနစ်ထပ်ထားပါ။

ခေါင်းလျှော်ပါ။

ထောပတ်သီးနဲ့ ဒိန်ချဉ်

ဒိန်ချဉ်ပန်းကန်လုံးတစ်လုံး၊ထောပတ်သီးတစ်ခြမ်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုရောမွှေပါ။

ဆံသားနဲ့ဦးရေပြားကို စိမ့်ဝင်အောင်လိမ်းပါ။

မိနစ် ၂၀ ထားပြီးခေါင်းလျှော်ချပါ။

ဆံသားခြောက်သွေ့တတ်တယ်ဆိုရင် ဒီနည်းကို တစ်ပတ်တစ်ကြိမ်သုံးလို့ရပါတယ်။

သဘာဝပစ္စည်းတွေနဲ့ဆံပင်ပေါင်းတင်တာက အကုန်အကျသက်သာ၊အချိန်ကုန်သက်သာတဲ့အပြင် ဆိုင်မသွားနိုင်၊ treatment မလုပ်နိုင်ခင်စပ်ကြားမှာလည်း အဆင်ပြေစေမယ့်နည်းပါ။ ဒါပေမယ့် ပျက်စီးနေတဲ့ဆံပင်က ချက်ချင်းကြီးတော့ ဝုန်းဆို ပိတုန်းရောင်ဆံကေသာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ စိတ်တော့ရှည်ရပါမယ်နော်။

Credit #Hello ဆရာဝန်

ဆံပင္ကြၽတ္လို႔၊ ဆံပင္ပါးေနလို႔၊ ဆံပင္ပ်က္စီးေနလို႔၊ ဆံပင္အဖ်ားႏွစ္ခြ သုံးခြေတြျဖစ္ေနလို႔ သက္သာေစမယ့္ ေဆးစြမ္းေကာင္းေတြရွာေနၾကတာေနရာတိုင္းမွာေတြ႕ေနရပါတယ္ေနာ္။ ဒီေခါင္းေလွ်ာ္ရည္ေကာင္းတယ္ဆို ဝယ္သုံးလိုက္၊ ဟိုေဆးေလးကေကာင္းတယ္ဆိုၿပီး ဝယ္လိမ္းလိုက္နဲ႔နည္းေတြလည္းစုံေနေရာေပါ့။ ဒါေပမယ့္အခုေျပာျပမယ့္နည္းေလးေတြက အကုန္အက်လည္းသက္သာတယ္၊ေဘးျဖစ္ေစမယ့္အရာလည္းတစ္ခုမွမပါဘူး၊ အာနိသင္လည္းထိေရာက္တယ္။ လြယ္တာမွလည္း လြယ္လြယ္လြယ္နဲ႔ေတာင္ျမည္ေနဦးမယ္။

ကိုယ္ေတြ စားေနက် အစားအေသာက္တစ္မ်ိဳးျဖစ္တဲ့ ဒိန္ခ်ဥ္ကိုပဲ ပင္တိုင္ထားၿပီး ႀကိဳက္တဲ့နည္းနဲ႔ေပါင္းတင္ၾကည့္႐ုံပဲ။

ဒိန္ခ်ဥ္က အစာေျခစနစ္အတြက္ေကာင္းတယ္၊ အာဟာရဓာတ္ေတြပါလို႔ အသားအေရအတြက္ပါေကာင္းတယ္၊ အခုဆံပင္အတြက္ဆိုလည္း အားျဖည့္ေပးမယ့္ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ေနျပန္ပါတယ္။ ဆံပင္အတြက္ ဘာေတြေကာင္းလဲဆိုေတာ့ –

ဦးေရျပားမွာ မႈိပိုးသန႔္စင္ေစတဲ့အာနိသင္ေၾကာင့္ေဗာက္ေပ်ာက္ေစတယ္

ဆံသားကို အစိုဓာတ္ၾကာၾကာထိန္းေပးႏိုင္တယ္

ဦးေရျပားက်န္းမာေရးကို အားျဖည့္ေပးၿပီး ဆံပင္အျမစ္အိတ္မွာ ပိတ္ဆို႔ျခင္းကိုသက္သာေစတယ္ (ရလဒ္အေနနဲ႔ ဆံပင္ကြၽတ္သက္သာေစတယ္)

အဆီထြက္ရွိမႈကို ထိန္းညႇိေပးၿပီး ဦးေရျပားရဲ႕ pH အဆင့္ကို ထိန္းေပးတယ္

ေအးျမေစတဲ့အာနိသင္ရွိလို႔ ဦးေရျပားမွာျပႆနာရွိေနရင္ေတာင္ သက္သာေစတယ္

ဆံသားအတြက္ ဒိန္ခ်ဥ္ကို ဘယ္လိုအသုံးခ်မလဲ

ကဲ ဆံသားကို က်န္းမာေစဖို႔ အားျဖည့္ေပးမယ့္ အားေဆးေလးေတြ ဘယ္လိုေဖာ္စပ္မလဲ။ ဆက္ၾကည့္ရေအာင္ –

ၾကက္ဥနဲ႔ ဒိန္ခ်ဥ္

ပန္းကန္လုံးထဲကို ၾကက္ဥတစ္လုံးကိုထည့္ေခါက္ပါ။

ဒိန္ခ်ဥ္ စားပြဲတင္ဇြန္းႏွစ္ဇြန္းထည့္ၿပီး ပ်စ္ႏွစ္လာေအာင္ေမႊေခါက္ပါ။

ဆံသားအရင္းထိ စိမ့္ဝင္ေအာင္လိမ္းၿပီး မိနစ္ ၂၀-၃၀ေလာက္ထားပါ။ (ဆံပင္အားလုံးကို လိမ္းႏိုင္ရင္ေကာင္းပါတယ္)

ၿပီးမွ ပုံမွန္အတိုင္းေခါင္းေလွ်ာ္ခ်လိုက္႐ုံပဲ။

ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္လုပ္လို႔ရပါတယ္။

ငွက္ေပ်ာသီးနဲ႔ ဒိန္ခ်ဥ္

ပန္းကန္လုံးထဲကို ငွက္ေပ်ာသီးမွည့္တစ္ျခမ္းကိုထည့္ေခ်ပါ။

ေခ်တာညက္သြားၿပီဆိုရင္ ဒိန္ခ်ဥ္ တစ္ဇြန္း၊ ပ်ားရည္သုံးဇြန္း၊သံပရာရည္တစ္ဇြန္းထည့္ပါ။ ဆက္ေမႊပါ။

ဆံသားအရင္းထိ စိမ့္ဝင္ေအာင္လိမ္းၿပီး မိနစ္ ၂၀-၃၀ေလာက္ထားပါ။

ၿပီးမွ ပုံမွန္အတိုင္းေခါင္းေလွ်ာ္ပါ။

သံလြင္ဆီနဲ႔ ဒိန္ခ်ဥ္

ပန္းကန္လုံးထဲမွာ သံလြင္ဆီနဲ႔ဒိန္ခ်ဥ္တစ္ဇြန္းစီကိုထည့္ေမႊပါ။

မတ္ခြက္တစ္လုံးထဲမွာ သံပရာရည္တစ္ဇြန္းနဲ႔ေရႏွစ္ခြက္ကိုေရာထားပါ။

ေခါင္းေလွ်ာ္ရည္နဲ႔ပုံမွန္အတိုင္းေခါင္းေလွ်ာ္ၿပီး ဆံပင္ကိုေရညႇစ္ထားပါ။

ဒိန္ခ်ဥ္အေရာအႏွစ္ကို ဆံသားမွာလိမ္းၿပီး မိနစ္ ၂၀ ထားပါ။

ၾကက္သီးေႏြးေရေလးနဲ႔ေဆးေၾကာပါ။

ေနာက္ဆုံးမွ ခုနက သံပရာရည္အေရာကိုေလာင္းခ်ပါ။

ဒါလည္း တစ္ပတ္ႏွစ္ႀကိမ္လုပ္လို႔ရတယ္။

ပ်ားရည္နဲ႔ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဇြန္းတစ္ဝက္၊ ပ်ားရည္တစ္ဇြန္း၊ ပန္းသီးရွာလကာရည္တစ္ဇြန္းကိုေရာၿပီးအႏွစ္ျဖစ္ေအာင္ေမႊပါ။

ဆံပင္အရင္းကေန ထိပ္ဖ်ားေလးေတြအထိ စိမ့္ဝင္ေအာင္လိမ္းပါ။

မိနစ္ ၃၀ေလာက္ေနရင္ ရွန္ပူအေပ်ာ့စားနဲ႔ေလွ်ာ္ပါ။

ရွားေစာင္းလက္ပပ္နဲ႔ ဒိန္ခ်ဥ္

ရွားေစာင္းလက္ပပ္အႏွစ္ သုံးဇြန္း၊ဒိန္ခ်ဥ္ႏွစ္ဇြန္း၊သံလြင္ဆီႏွစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းကို အႏွစ္ျဖစ္ေအာင္ေမႊပါ။

ဦးေရျပားမွာ ၁၅ မိနစ္ေလာက္ ႏွိပ္နယ္လိမ္းေပးပါ။

လိမ္းၿပီးရင္ ဆံပင္အရင္းကေနအဖ်ားထိ အကုန္ႏွံ႔ေအာင္ဆက္လိမ္းၿပီး ၁၅ မိနစ္ထပ္ထားပါ။

ေခါင္းေလွ်ာ္ပါ။

ေထာပတ္သီးနဲ႔ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ပန္းကန္လုံးတစ္လုံး၊ေထာပတ္သီးတစ္ျခမ္း၊သံလြင္ဆီႏွစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းကိုေရာေမႊပါ။

ဆံသားနဲ႔ဦးေရျပားကို စိမ့္ဝင္ေအာင္လိမ္းပါ။

မိနစ္ ၂၀ ထားၿပီးေခါင္းေလွ်ာ္ခ်ပါ။

ဆံသားေျခာက္ေသြ႕တတ္တယ္ဆိုရင္ ဒီနည္းကို တစ္ပတ္တစ္ႀကိမ္သုံးလို႔ရပါတယ္။

သဘာဝပစၥည္းေတြနဲ႔ဆံပင္ေပါင္းတင္တာက အကုန္အက်သက္သာ၊အခ်ိန္ကုန္သက္သာတဲ့အျပင္ ဆိုင္မသြားႏိုင္၊ treatment မလုပ္ႏိုင္ခင္စပ္ၾကားမွာလည္း အဆင္ေျပေစမယ့္နည္းပါ။ ဒါေပမယ့္ ပ်က္စီးေနတဲ့ဆံပင္က ခ်က္ခ်င္းႀကီးေတာ့ ဝုန္းဆို ပိတုန္းေရာင္ဆံေကသာ ဘယ္ျဖစ္ႏိုင္ပါ့မလဲ။ စိတ္ေတာ့ရွည္ရပါမယ္ေနာ္။

Credit #Hello ဆရာဝန္