အလွပေရးရာ

ဆံပင်တိုတဲ့ ကောင်မလေးတွေကို ကောင်လေးတွေ ပိုသဘောကျတတ်သည့် အကြောင်းအရင်းများ

ဆံပင္တိုတဲ့ ေကာင္မေလးေတြကို ေကာင္ေလးေတြ ပိုသေဘာက်တတ္သည့္ အေၾကာင္းအရင္းမ်ား

ဆင့္ကဲေျပာင္းလဲမႈကို ေလ့လာတဲ့စိတ္ပညာအရ လူသိမ်ားတဲ့အသိကေတာ့ ဆံပင္အရွည္နဲ႕ အမ်ိဳးသမီးေတြဟာ ေကာင္းမြန္တဲ့ အမ်ိဳးသမီးေတြအျဖစ္လူအမ်ားနဲ႔ အမ်ိဳးသားေတြရဲ႕ အသိစိတ္မွာ စြဲေနေလ့ ရွိပါတယ္

ေလ့လာမႈတစ္ခုမွာေတာ့ ဆံပင္တိုက စတိုင္လ္တစ္မ်ိဳးသာ ျဖစ္ၿပီး ကလက္တက္တက္မိန္းမလို႔ မဆိုလိုပါဘူး

ဆံပင္အရွည္နဲ႔ မိန္းကေလးေတြက မိန္းကေလးဆန္ၿပီး လွပတဲ့ အသြင္ကို ေဆာင္သလို ဆံပင္တိုနဲ႔ေကာင္မေလးေတြကလည္း တစ္မ်ိဳး ဆြဲေဆာင္မႈ ရွိေနပါတယ္

အခုေခတ္မွာေတာ့ ဆံပင္အတိုနဲ႔အရွည္ ႀကိဳက္ႏွစ္သက္ၾကပံုမတူတာေတြလည္း ရွိၿပီး ေကာင္ေလးေတြကေတာ့ ဆံပင္အတိုနဲ႔ ေကာင္မေလးေတြကိုဒီလို အေၾကာင္းအရင္းေတြေၾကာင့္ ပိုၿပီး ႏွစ္သက္သေဘာက်တတ္ပါတယ္

၁။ အာရံုစိုက္မႈ ပိုရၾကတယ္

ဆံပင္အတိုနဲ႕ မိန္းကေလးေတြဟာ တျခားမိန္းကေလးေတြၾကား တမူထူးေနတဲ့အတြက္ အမ်ိဳးသားေတြက ပိုၿပီး သတိထားမိလြယ္ၾကပါတယ္။

ဆိုရွယ္မီဒီယာေပၚက ေျပာဆိုထားခ်က္ေတြအရ ဆံပင္အတိုနဲ႕ မိန္းကေလးေတြကို ပိုသေဘာက်ၾကတဲ့ အမ်ိဳးသားေတြက ဆံပင္အရွည္နဲ႕ မိန္္းကေလးေတြ မ်ားေနတဲ့ၾကားမွာဆံပင္အတိုနဲ႔ ေကာင္မေလးေတြက ထင္သာျမင္သာ ျဖစ္တဲ့အတြက္ပိုၿပီး အာရံုစိုက္မႈ ခံရၿပီး အမ်ိဳးသားေတြအျမင္မွာ ဆြဲေဆာင္မႈ ရွိေနတတ္ပါတယ္

၂။ မ်က္ႏွာနဲ႕ လည္တိုင္အလွကို ရွင္းရွင္းလင္းလင္းရွိေစတယ္

ေမာ္ဒယ္ေတြအေနနဲ႕ မ်က္ႏွာအလွနဲ႕ ေနာက္ေက်ာဘက္ ဆံပင္အလွကို တတ္နိုင္သမွ် ေပၚလြင္ေအာင္ ဝတ္ၾကတာကို သတိထားမိဖူးမွာပ

ဒါက ဆံပင္ေတြက အလွကို ဖန္တီးႏိုင္သလို အလွကို ဖံုးကြယ္ပစ္ႏိုင္တယ္ဆိုတဲ့အခ်က္ပါပဲ

ဒီအယူအဆကို လက္ခံတဲ့ ေကာင္ေလးေတြက မိန္းကေလးေတြရဲ႕ လည္တိုင္နဲ႔ မ်က္ႏွာေတြက ပိုဆြဲေဆာင္မႈ ရွိတယ္လို႔လည္း လက္ခံၾကပါတယ္

သူတို႔ကလည္း ဆံပင္အတိုနဲ႔ ေကာင္မေလးေတြက အလွပိုေပၚလြင္တယ္လို႔ ယူဆၾကပါတယ္

၃။ ဆံပင္အတိုဟာ အမ်ိဳးသားေတြအတြက္ ဆြဲေဆာင္မႈရွိတဲ့ အႏုပညာရွင္ေတြကို အမွတ္ရေစတယ္

ဆံပင္တိုတဲ့ေကာင္မေလးေတြက ဆြဲေဆာင္မႈ ပိုေနတတ္ၾကၿပီး ေကာင္ေလးေတြအျမင္မွာ စြဲေနတတ္ပါတယ္

ဒီလို ဆံပင္အတိုနဲ႔ ေကာင္မေလးေတြကို ႀကိဳက္ႏွစ္သက္တဲ့ ေကာင္ေလးေတြကို ေမးလိုက္တဲ့အခါမွာ ဘယ္လို ေကာင္မေလးေတြကို ႀကိဳက္လဲေမးရင္ဆံပင္အတိုနဲ႔ အႏုပညာရွင္ေတြကို ဥပမာေပးၿပီး ေျဖတတ္ပါတယ္

၄။ ဆံပင္ကို ျပဳစုထိန္းသိမ္းရတာ ပိုလြယ္တယ္

ဆံပင္အရွည္ကို ပုံသြင္းရတာကို ဘယ္ေလာက္အခ်ိန္ၾကာတယ္ဆိုတာ သိၾကမွာပါ

ဆံပင္အရွည္ကို ေလွ်ာ္ရတာ၊ အေျခာက္ခံရတာ၊ ဆံပင္အလွျပင္ပစၥည္း ကုန္က်စရိတ္ေတြဟာ အမ်ိဳးသားေတြအတြက္ စိတ္ရႈပ္စရာ ျဖစ္ေစပါတယ္

အမ်ိဳးသားေတြအတြက္ ဆံပင္အရွည္နဲ႕ အမ်ိဳးသမီးတစ္ေယာက္ ဆံပင္ကို ၿဖီးလိမ္းျပင္ဆင္တာ ၿပီးစီးဖို႔ ေစာင့္ဆိုင္းေနရတာဟာလည္း ၿငီးေငြ႕ဖြယ္ ျဖစ္ေစပါတယ္

ဒါေၾကာင့္ ဆံပင္အတိုနဲ႕ အမ်ိဳးသမီးေတြဟာ သူတို႔အတြက္ ဒီအခက္အခဲေတြကေန ကင္းလြတ္ေစပါတယ္

၅။ ဆံပင္အတိုဟာ ယုံၾကည္မႈရွိျခင္းကို ကိုယ္စားျပဳတယ္

အမ်ိဳးသမီးတိုင္းဟာ ဆံပင္အတိုညွပ္ပစ္ဖို႔ မဝံ့ရဲၾကပါဘူး။ ဆံပင္အတိုဟာ မိမိရဲ႕ မ်က္ႏွာသြင္ျပင္အလွကို စိတ္ခ်ယဳံၾကည္တဲ့အမ်ိဳးသမီးေတြမွသာ ညွပ္ေလ့ရွိၾကပါတယ္

အမ်ိဳးသားေတြဟာ ယုံၾကည္မႈရွိတဲ့အမ်ိဳးသမီးေတြကို ပိုသေဘာက်ေလ့ရွိၾကၿပီး ကိုယ့္႐ုပ္ရည္အေပၚ ယုံၾကည္မႈရွိတဲ့အတြက္ ဆံပင္အတို ထားတဲ့အမ်ိဳးသမီးေတြဟာအမ်ိဳးသားေတြကို သူတို႔မွာ ယုံၾကည္မႈရွိတယ္ဆိုတာကို သိေစပါတယ္

၆။ ဆံပင္ေတြ ရႈပ္ပြမေနဘူး

စိတ္ဝင္စားဖြယ္ေကာင္းတာက ဆံပင္အတိုနဲ႕ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြသေဘာက်တဲ့အခ်က္ေတြထဲမွာ အေရးႀကီးတဲ့အခ်က္အေနနဲ႕ တစ္ဦးနဲ႕တစ္ဦ ေပြ႕ဖက္တဲ့အခါအဆင္ေျပတယ္လို႔ ေျပာၾကတာပါပဲ။ဆံပင္အတိုဆိုေတာ့ ေပြ႕ဖက္တဲ့အခါ ဆံပင္အရွည္လို သူတို႔ရဲ႕ ႏွာေခါင္းေတြ၊ ပါးစပ္ေတြထဲ ဝင္မေနတတ္တဲ့အတြက္သေဘာက်ၾကတာပဲ ျဖစ္ပါတယ္။ထပ္ၿပီးဆိုရရင္ေတာ့ ဆံပင္ေတြဟာ ေရခ်ိဳးခန္းေတြထဲ၊ အခန္းထဲမွာ ျပန့္က်ဲရႈပ္ပြမေနတဲ့အတြက္ သေဘာက်ၾကတာပဲ ျဖစ္ပါတယ္

ပရိတ္သတ္ႀကီးေရာ ဆံပင္အတိုနဲ႕ အရွည္ကို ဘယ္ဟာ ပိုသေဘာက်တတ္လဲ။ မိန္းကေလးေတြအတြက္ ေယာက္်ားေလးတစ္ေယာက္ရဲ႕ ႀကိဳက္ႏွစ္သက္မႈဟာ ဆံပင္ရွည္ျခင္း၊တိုျခင္းရွိတယ္ဆိုတာကိုေရာ သိသြားၾကမယ္လို႔ ထင္ပါတယ္ေနာ္

crd.

unicode

ဆံပင်တိုတဲ့ ကောင်မလေးတွေကို ကောင်လေးတွေ ပိုသဘောကျတတ်သည့် အကြောင်းအရင်းများ

ဆင့်ကဲပြောင်းလဲမှုကို လေ့လာတဲ့စိတ်ပညာအရ လူသိများတဲ့အသိကတော့ ဆံပင်အရှည်နဲ့ အမျိုးသမီးတွေဟာ ကောင်းမွန်တဲ့ အမျိုးသမီးတွေအဖြစ်လူအများနဲ့ အမျိုးသားတွေရဲ့ အသိစိတ်မှာ စွဲနေလေ့ ရှိပါတယ်

လေ့လာမှုတစ်ခုမှာတော့ ဆံပင်တိုက စတိုင်လ်တစ်မျိုးသာ ဖြစ်ပြီး ကလက်တက်တက်မိန်းမလို့ မဆိုလိုပါဘူး

ဆံပင်အရှည်နဲ့ မိန်းကလေးတွေက မိန်းကလေးဆန်ပြီး လှပတဲ့ အသွင်ကို ဆောင်သလို ဆံပင်တိုနဲ့ကောင်မလေးတွေကလည်း တစ်မျိုး ဆွဲဆောင်မှု ရှိနေပါတယ်

အခုခေတ်မှာတော့ ဆံပင်အတိုနဲ့အရှည် ကြိုက်နှစ်သက်ကြပုံမတူတာတွေလည်း ရှိပြီး ကောင်လေးတွေကတော့ ဆံပင်အတိုနဲ့ ကောင်မလေးတွေကိုဒီလို အကြောင်းအရင်းတွေကြောင့် ပိုပြီး နှစ်သက်သဘောကျတတ်ပါတယ်

၁။ အာရုံစိုက်မှု ပိုရကြတယ်

ဆံပင်အတိုနဲ့ မိန်းကလေးတွေဟာ တခြားမိန်းကလေးတွေကြား တမူထူးနေတဲ့အတွက် အမျိုးသားတွေက ပိုပြီး သတိထားမိလွယ်ကြပါတယ်

ဆိုရှယ်မီဒီယာပေါ်က ပြောဆိုထားချက်တွေအရ ဆံပင်အတိုနဲ့ မိန်းကလေးတွေကို ပိုသဘောကျကြတဲ့ အမျိုးသားတွေက ဆံပင်အရှည်နဲ့ မိန််းကလေးတွေ များနေတဲ့ကြားမှာဆံပင်အတိုနဲ့ ကောင်မလေးတွေက ထင်သာမြင်သာ ဖြစ်တဲ့အတွက်ပိုပြီး အာရုံစိုက်မှု ခံရပြီး အမျိုးသားတွေအမြင်မှာ ဆွဲဆောင်မှု ရှိနေတတ်ပါတယ်

၂။ မျက်နှာနဲ့ လည်တိုင်အလှကို ရှင်းရှင်းလင်းလင်းရှိစေတယ်

မော်ဒယ်တွေအနေနဲ့ မျက်နှာအလှနဲ့ နောက်ကျောဘက် ဆံပင်အလှကို တတ်နိုင်သမျှ ပေါ်လွင်အောင် ဝတ်ကြတာကို သတိထားမိဖူးမှာပါ

ဒါက ဆံပင်တွေက အလှကို ဖန်တီးနိုင်သလို အလှကို ဖုံးကွယ်ပစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ

ဒီအယူအဆကို လက်ခံတဲ့ ကောင်လေးတွေက မိန်းကလေးတွေရဲ့ လည်တိုင်နဲ့ မျက်နှာတွေက ပိုဆွဲဆောင်မှု ရှိတယ်လို့လည်း လက်ခံကြပါတယ်

သူတို့ကလည်း ဆံပင်အတိုနဲ့ ကောင်မလေးတွေက အလှပိုပေါ်လွင်တယ်လို့ ယူဆကြပါတယ်။

၃။ ဆံပင်အတိုဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အနုပညာရှင်တွေကို အမှတ်ရစေတယ်

ဆံပင်တိုတဲ့ကောင်မလေးတွေက ဆွဲဆောင်မှု ပိုနေတတ်ကြပြီး ကောင်လေးတွေအမြင်မှာ စွဲနေတတ်ပါတယ်

ဒီလို ဆံပင်အတိုနဲ့ ကောင်မလေးတွေကို ကြိုက်နှစ်သက်တဲ့ ကောင်လေးတွေကို မေးလိုက်တဲ့အခါမှာ ဘယ်လို ကောင်မလေးတွေကို ကြိုက်လဲမေးရင်ဆံပင်အတိုနဲ့ အနုပညာရှင်တွေကို ဥပမာပေးပြီး ဖြေတတ်ပါတယ်

၄။ ဆံပင်ကို ပြုစုထိန်းသိမ်းရတာ ပိုလွယ်တယ်

ဆံပင်အရှည်ကို ပုံသွင်းရတာကို ဘယ်လောက်အချိန်ကြာတယ်ဆိုတာ သိကြမှာပါ။

ဆံပင်အရှည်ကို လျှော်ရတာ၊ အခြောက်ခံရတာ၊ ဆံပင်အလှပြင်ပစ္စည်း ကုန်ကျစရိတ်တွေဟာ အမျိုးသားတွေအတွက် စိတ်ရှုပ်စရာ ဖြစ်စေပါတယ်

အမျိုးသားတွေအတွက် ဆံပင်အရှည်နဲ့ အမျိုးသမီးတစ်ယောက် ဆံပင်ကို ဖြီးလိမ်းပြင်ဆင်တာ ပြီးစီးဖို့ စောင့်ဆိုင်းနေရတာဟာလည်း ငြီးငွေ့ဖွယ် ဖြစ်စေပါတယ်။

ဒါကြောင့် ဆံပင်အတိုနဲ့ အမျိုးသမီးတွေဟာ သူတို့အတွက် ဒီအခက်အခဲတွေကနေ ကင်းလွတ်စေပါတယ်

၅။ ဆံပင်အတိုဟာ ယုံကြည်မှုရှိခြင်းကို ကိုယ်စားပြုတယ်

အမျိုးသမီးတိုင်းဟာ ဆံပင်အတိုညှပ်ပစ်ဖို့ မဝံ့ရဲကြပါဘူး။ ဆံပင်အတိုဟာ မိမိရဲ့ မျက်နှာသွင်ပြင်အလှကို စိတ်ချယုံကြည်တဲ့အမျိုးသမီးတွေမှသာ ညှပ်လေ့ရှိကြပါတယ်

အမျိုးသားတွေဟာ ယုံကြည်မှုရှိတဲ့အမျိုးသမီးတွေကို ပိုသဘောကျလေ့ရှိကြပြီး ကိုယ့်ရုပ်ရည်အပေါ် ယုံကြည်မှုရှိတဲ့အတွက် ဆံပင်အတို ထားတဲ့အမျိုးသမီးတွေဟာအမျိုးသားတွေကို သူတို့မှာ ယုံကြည်မှုရှိတယ်ဆိုတာကို သိစေပါတယ်

၆။ ဆံပင်တွေ ရှုပ်ပွမနေဘူး

စိတ်ဝင်စားဖွယ်ကောင်းတာက ဆံပင်အတိုနဲ့ အမျိုးသမီးတွေကို အမျိုးသားတွေသဘောကျတဲ့အချက်တွေထဲမှာ အရေးကြီးတဲ့အချက်အနေနဲ့ တစ်ဦးနဲ့တစ်ဦ ပွေ့ဖက်တဲ့အခါအဆင်ပြေတယ်လို့ ပြောကြတာပါပဲ။ဆံပင်အတိုဆိုတော့ ပွေ့ဖက်တဲ့အခါ ဆံပင်အရှည်လို သူတို့ရဲ့ နှာခေါင်းတွေ၊ ပါးစပ်တွေထဲ ဝင်မနေတတ်တဲ့အတွက်သဘောကျကြတာပဲ ဖြစ်ပါတယ်။ထပ်ပြီးဆိုရရင်တော့ ဆံပင်တွေဟာ ရေချိုးခန်းတွေထဲ၊ အခန်းထဲမှာ ပြန့်ကျဲရှုပ်ပွမနေတဲ့အတွက် သဘောကျကြတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရော ဆံပင်အတိုနဲ့ အရှည်ကို ဘယ်ဟာ ပိုသဘောကျတတ်လဲ။ မိန်းကလေးတွေအတွက် ယောက်ျားလေးတစ်ယောက်ရဲ့ ကြိုက်နှစ်သက်မှုဟာ ဆံပင်ရှည်ခြင်း၊တိုခြင်းရှိတယ်ဆိုတာကိုရော သိသွားကြမယ်လို့ ထင်ပါတယ်နော်

crd.