(၆) ဧရာဝတီ ခမ်းလိမ့်မည်။
(၇) လက်ပံလည်း ရှား လိမ့်မည် – တိုက်တိုက် ဆိုင်ဆိုင်ပင် ယခု အတောအတွင်း တရုတ် နဲ့ ကမ္ဘာ့ဈေးကွက် က ကျွန်းသစ်ထက် တောင် ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ် မှာ လက်ပံမျိုးနွယ် ဟု သိရပါသည် …။
unicode
ယနေ့ချိန်ထိ သွေးထွက်အောင် မှန်လွန်းတဲ့ မြန်မာ့ နိမိတ်တဘောင် ဖွင့်ဆိုချက်တွေကို ဖော်ပြပေးလိုက်ပါတယ် …
ရှေးခေတ်မြန်မာ့သမိုင်းတွင် ဘုရင်အဆက်ဆက်ကစပြီး လောကုတ္တရာဆိုင်ရာ ဆောင်ရွက်ချက်များ၌ အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင် များကို မူတည်၍ ကြိုတင်ဖြစ်စဉ်များကို နိမိတ်ဖတ်ခဲ့ကြပါတယ် …
ရှေ့၌ လာလတ္တံ့သော အကြောင်းတရား၊ အကျိုးတရား အဖြစ်အပျက်တို့ ကို အကျဉ်းချုံးကာ သယ်ဆောင်လာခဲ့သည့် တေးသီချင်းတို့ကို “တဘောင်”ဟု ခေါ်ဆိုရာ ယခုဖော်ပြမည့် ထင်ရှားကျော်ကြားသော ရှေးခေတ်နိမိတ်တဘောင်များ ဖြစ်ကြပါသည် …
ကုန်း ဘောင် ခေတ် က တည်း က ပေါ် ခဲ့ တဲ့ နာ မည် ကျော် တဘောင် တစ် ခု ရဲ့ အ ဓိပ္ပာယ် ဖွင့် ဆိုချက် တွေ ကတော့ . . .
(၁) ဟင်္သာမင်း အင်းကို ဆင်းမည်။
(၂) ထိုဟင်္သာ ကို မုဆိုး လေးနဲ့ ခွင်းမည်။
(၃) မုဆိုးကို ထီးရိုးရိုက် လိမ့်မည်။
(၄) ထီးရိုးကို မိုးကြိုးပစ် လိမ့်မည်။
(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။
(၆) ဧရာဝတီ ခမ်းလိမ့်မည်။
(၇) လက်ပံလည်း ရှားလိမ့်မည်။
(၈) ကြက်မတွန် လို့ မိုးလင်းမည်။
(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်
(၁၀) ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကား သာယာဝပြောလိမ့်မည်
အဓိပ္ပာယ် ဖွင့်ဆိုချက်များ….
(၁) ဟင်္သာမင်း အင်းကို ဆင်း မည် – ဟံသာဝတီမွန် တို့ အင်းဝ ကို သိမ်းပိုက် လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသား ဖြစ်ပြီး အင်း ဆိုသည်မှာ အင်းဝကို ဆိုလိုပါသည် ..
အင်းတို့၏ အဝမှာ ရှိလို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့ ၏ ဆုံရာ အဝမှာရှိလို့ အဝ ( AVA )၊ အင်းကိုး အင်းအလယ်မှာ ရှိလို့ အင်းနဝ (Innwa) စ သဖြင့် ခေါ်ဆိုခဲ့ကြသည် …။
(၂) ထိုဟင်္သာကို မုဆိုး လေး နဲ့ခွင်းမည် – ထိုဟံသာဝတီ အင်အားစု ကို မုဆိုး ဘို (ရွှေဘို) အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်း ဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ဆိုကြသည် …။
(၃) မုဆိုးကို ထီးရိုးရိုက် လိမ့်မည် – ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည် …။
(၄) ထီးရိုးကို မိုးကြိုးပစ် လိမ့်မည် – စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်းတို့က ဖြုတ် ချဖယ်ရှားပြီး လွတ်လပ်ရေး အရ ယူပေးလိမ့်မည် …။
ဗမာ့လွတ်လပ်ရေး တပ်မတော် ၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ် ဗမာ့တပ်မ တော်၊ ဖတပလ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း.. အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည် ကို အံ့သြဖွယ် တွေ့ရလိမ့်မည် …။
(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့် မည် – တပ်မတော် မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ ဖြစ်သည် …။
(၆) ဧရာဝတီ ခမ်းလိမ့်မည် – ယခုပင် နွေရာသီ ဆို ဧရာဝတီ မှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံ စီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ …။
(၇) လက်ပံလည်း ရှား လိမ့်မည် – တိုက်တိုက် ဆိုင်ဆိုင်ပင် ယခု အတောအတွင်း တရုတ် နဲ့ ကမ္ဘာ့စျေးကွက် က ကျွန်းသစ်ထက် တောင် ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ် မှာ လက်ပံမျိုးနွယ် ဟု သိရပါသည် …။
(၈) ကြက်မတွန်လို့ မိုးလင်းမည် – အမျိုးသမီးခေါင်းဆောင် တစ်ယောက် က မြန်မာပြည်ကို ပြည်သူ့ အာဏာပိုင်စိုးသော ဒီမိုကရေစီ အလင်းခေတ်သို့ ရောက်စေလိမ့်မည် …။
(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည် – သို့သော်..ထို အမျိုးသမီး ခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာ ကို စောင့်ရှောက် အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည် …။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာ သနာပြုမင်း)
(၁၀) ဗုဒ္ဓရာဇာ သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီး နောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ ဒါကတော့ ဖြစ်မလာသေးလို့ စောင့်ကြည့်ရ ပေအုံးမည် …။ ။
ဒေါက်တာအရှင်လက္ခဏ သာရ