အလွပေရးရာ

အခ်ိန္လဲမေပးႏိုင္ အဖုပိမ့္ေတြထြက္လာလို စိတ္ညစ္ေနသူအေတြအတြက္ အေရးေပၚ ေပါင္းတင္နည္း

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်ရှင့် ။

အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်းလျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက် ရည်ရွယ်ပါတယ်

ခရမ်းချဉ် – ဝက်ခြံလျော့ပါး

အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်

ရှားစောင်းလက်ပတ် – အသားချောမွေ့

ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ

သံပုရာ – အဆီပြန်သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်

ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )

အောင်မဲညိုအရည် – အသားအေးစေ

သခွားသီး – အသားရေကြည်လင်

မန်ကျီးသီးအရည် – အမဲစက်လျော့ပါး

ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့

တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေ ။

အရေးပေါ် ပေါင်းတင်နည်း

ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ

ဒု – သခွားသီး

တ – ခရမ်းချဉ်

စတု – ရှာစောင်းလက်ပတ်

နောက်ဆုံးမှ ကြက်ဥအကာရည်လေးပွတ်ပြီး ၅မိနစ်ခန့်ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ

ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမှာပါ

သဘာဝပစ္စည်းတွေနဲ့မို့ငွေကုန်ကြေးကျသက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်

Htun Thiri

Zawgyi

အေရးေပၚ ေပါင္းတင္နည္းအေၾကာင္း ေဝမွ်ေပးမယ္ရွင့္ ။

အလွျပင္ဖို႔အခ်ိန္သီးသန႔္လည္းမေပးျဖစ္ အပ်င္းကလည္းထူ အစပ္လည္းေလ်ာ့မစားႏိုင္ ဒါေပမဲ့ အခ်ိန္တန္ မွန္ၾကည့္တဲ့အခါ မ်က္ႏွာေပၚက အေရးေၾကာင္း အမဲစက္ အဖုပိမ့္ေတြ ထြက္လာရင္ စိတ္အရမ္းညစ္တတ္တဲ့ ကိုယ့္လိုလူမ်ိဳးေတြအတြက္ ရည္႐ြယ္ပါတယ္

ခရမ္းခ်ဥ္ – ဝက္ၿခံေလ်ာ့ပါး

အာလူး – အဖုပိမ့္ ခ်ိဳင့္ခြက္ အသားျပန္ျပည့္

ရွားေစာင္းလက္ပတ္ – အသားေခ်ာေမြ႕

ဆန္ေဆးရည္ – အေရးေၾကာင္းေလ်ာ့နည္းေစ

သံပုရာ – အဆီျပန္သက္သာ (ဆိုးက်ိဳး အသားပါးလာေစတတ္

ဝက္ၿခံေပါက္ေနသူမ်ား မျပဳလုပ္သင့္ အရမ္းစပ္ေစလို႔ပါ )

ေအာင္မဲညိဳအရည္ – အသားေအးေစ

သခြားသီး – အသားေရၾကည္လင္

မန္က်ီးသီးအရည္ – အမဲစက္ေလ်ာ့ပါး

ၾကက္ဥ/ဘဲဥအကာအရည္ – ဆဲလ္ေသေတြကြာ အသားေရေခ်ာေမြ႕

တကယ္ဆို ဆႏြင္းလည္း ပါ ပါေသးတယ္ ဒါေပမဲ့ ခုေခတ္ ဆႏြင္းစစ္စစ္ဆိုတာ ရွာဝယ္ရခက္လို႔ ေတြ႕ကရာ ဆႏြင္းေရေဖ်ာ္လူးမိၿပီး မ်က္ႏွာမႈိစြဲ ခ႐ုသင္းျဖစ္ တာတို႔လည္း ၾကားသိဖူးေတာ့ ဆႏြင္းအေၾကာင္း ခ်န္ထားပါရေစ ။

အေရးေပၚ ေပါင္းတင္နည္း

ပထမဆုံး အာလူး ကို ပါးပါးလွီးၿပီး အာလူးနဲ႔မ်က္ႏွာကိုပြတ္ပါ ၃ မိနစ္ခန႔္ ထားၿပီး ေရေဆးခ်ပါ

ဒု – သခြားသီး

တ – ခရမ္းခ်ဥ္

စတု – ရွာေစာင္းလက္ပတ္

ေနာက္ဆုံးမွ ၾကက္ဥအကာရည္ေလးပြတ္ၿပီး ၅မိနစ္ခန႔္ထားၿပီး ေရေဆးခ် မ်က္ႏွာသစ္လိုက္ပါ

ဓာတ္စုံေနေအာင္အာနိသင္ရထားတဲ့ မ်က္ႏွာျဖဴျဖဴေဖြးေဖြးေလးရပါလိမ့္မယ္ တစ္ခါလုပ္ရင္ အာနိသင္စုံေအာင္ ေလးခု ငါးခုေလာက္ လုပ္ေပးရင္ရပါၿပီ ခဏခဏမလုပ္ရပါ တစ္ခါလုပ္ရင္ ၂ပတ္ေလာက္ထိ မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေစမွာပါ

သဘာဝပစၥည္းေတြနဲ႔မို႔ေငြကုန္ေၾကးက်သက္သာေစတယ္ ၿပီးေတာ့ ေရမ်ားမ်ားေသာက္ဖို႔ ညအိပ္ခ်ိန္မွန္ဖို႔လည္း လိုအပ္ပါတယ္ ေနာက္လည္း ဗဟုသုတေလးေတြေဝမွ်ေပးသြားမွာျဖစ္ပါတယ္ရွင့္

Htun Thiri