အခ်စ္နွင့္ဘဝ

ခ်စ္တဲ့သူကို သတိရတဲ့အခါ ေမတၱာပို႕ ေပးပါ ..

ချစ်တဲ့သူကို သတိရတဲ့အခါ

ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ ‘ လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။

ဒီတော့ မေတ္တာပို့ပါ’ လို့ ဖြေပေးလိုက်ပါတယ်။

ကိုယ်ချစ်တဲ့ သူတစ်ယောက်

အေးချမ်းပါစေ။

ဘေးအန္တာရယ်တွေက ဝေးပါစေ။

စိတ်မဆင်းရဲပါစေနဲ့။

ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။

လုပ်ငန်းတွေ အောင်မြင်ပါစေ။

ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။

လူမိုက်တွေ ရန်က ဝေးပါစေ။

သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။

ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။

ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။

အချစ်’ ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။

အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။

ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။

မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။

မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။

မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။ အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။

ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။

ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ‘ မေတ္တာပို့ပါ’

လေးစားစွာဖြင့်ခရက်ဒစ် Khin Hnin Kyi Thar

Zawgyi

ခ်စ္တဲ့သူကို သတိရတဲ့အခါ

ခ်စ္သူကို သတိရတဲ့အခါ ဘာလုပ္ရမလဲ ‘ လို႔ မိတ္ေဆြတစ္ေယာက္က ေမးပါတယ္။

ဒီေတာ့ ေမတၱာပို႔ပါ’ လို႔ ေျဖေပးလိုက္ပါတယ္။

ကိုယ္ခ်စ္တဲ့ သူတစ္ေယာက္

ေအးခ်မ္းပါေစ။

ေဘးအႏၲာရယ္ေတြက ေဝးပါေစ။

စိတ္မဆင္းရဲပါေစနဲ႔။

ခႏၶာ့ဆင္းရဲကို မခံစားရပါေစနဲ႔။

လုပ္ငန္းေတြ ေအာင္ျမင္ပါေစ။

ႀကံစည္တိုင္း ျဖစ္ထြန္းပါေစ။

လူမိုက္ေတြ ရန္က ေဝးပါေစ။

သူေတာ္ေကာင္းေတြနဲ႔သာ ဆုံေတြ႕ပါေစ။ စတဲ့ ေမတၱာေတြ ေပးပို႔လိုက္ပါ။

ကမာၻေပၚမွာ အျမန္ဆုံးယာဥ္ဟာ စိတ္ျဖစ္သလို ခြန္အားအႀကီးဆုံးကလည္း စိတ္စြမ္းအင္ပဲ ျဖစ္ပါတယ္။

ဒီလို အျမန္ဆုံးနဲ႔ စြမ္းအားအႀကီးဆုံး စိတ္ကို အသုံးခ်ၿပီး ေမတၱာပို႔တဲ့အခါ ေမတၱာတရားရဲ႕ အက်ိဳးကို တကယ္ပင္ ရရွိပါတယ္။

အခ်စ္’ ရယ္လိုဆိုၾကရင္ မနက္လင္းရင္ ဖုန္းဆက္ရမယ္။ စာပို႔ရမယ္။ ဂ႐ုစိုက္ရမယ္။ လာေတြ႕ရမယ္။ လက္ေဆာင္ပို႔ရမယ္။ ေန႔စြဲေတြကို သတိရရမယ္။ ရစ္ရင္ သည္းခံရမယ္။ ကုတ္ျခစ္ရင္ ငုံ႔ခံရမယ္။

အိပ္ေပ်ာ္ခ်ိန္အထိ ဖုန္းေျပာရမယ္။ အနာဂတ္ကို အေကာင္းဆုံးဖန္တီးေပးရမယ္ စတဲ့ ငါ့အတြက္ဆိုတဲ့ အလိုေလာဘေတြနဲ႔ပဲ တည္ေဆာက္မိတဲ့အခါ ေပ်ာ္႐ႊင္ျခင္းထက္ ပူေလာင္မႈကို ခံစားရပါတယ္။

ဒီေတာ့ ခ်စ္ျခင္းမွာ ေမတၱာတရားကို ေပါင္းထည့္လိုက္တဲ့အခါ သတိရတိုင္း ေမတၱာပို႔၊ လြမ္းတိုင္း ေမတၱာပို႔၊ သူ႔နာမည္ေလး ႐ြတ္မိတိုင္း ေမတၱာပို႔ေပးလိုက္ပါ။

ေမတၱာတရားဆိုတာ အျပန္အလွန္အက်ိဳးျပဳတဲ့ သတၱိရွိတာေၾကာင့္ ေမတၱာပို႔သူကိုယ္တိုင္ ေအးခ်မ္းျခင္းကို ခံစားရၿပီး ေမတၱာရရွိသူလည္း ေအးခ်မ္းရပါတယ္။

ေမတၱာတရားျပည့္ဝေနသူရဲ႕ ႐ုပ္သြင္ဟာ ေအးခ်မ္းတယ္။ ေအးခ်မ္းေတာ့ မ်က္ႏွာထား ၾကည္လင္တယ္။ ျမင္ရတာ ေအးခ်မ္းၿပီး အသံၾကားရတာ ေအးခ်မ္းေစတယ္။

ေမတၱာစိတ္အၿမဲထားတဲ့သူရဲ႕အသားအေရဟာ ၾကည္ေနတယ္။ အသားအေရၾကည္ေတာ့ အလွတိုးတယ္။ ေမတၱာတရားအခ်ိန္ျပည့္ရွိေနေတာ့ ေဒါသမထြက္ဘူး။ ေဒါသမရွိေတာ့ စိတ္ၾကည္ၿပီး အလုပ္အကိုင္ေတြ ေဆာင္႐ြက္ရာမွာ အမွားမရွိဘဲ ဆုံးျဖတ္လုပ္ကိုင္လာႏိုင္တယ္။

ဒါဆို ေအာင္ျမင္မႈ ပိုရမယ္။ ေအာင္ျမင္တဲ့ မိန္းမတစ္ေယာက္၊ ေယာက်ာ္းတစ္ေယာက္ကို ဘယ္ခ်စ္သူကမွ စြန႔္ခြာမသြားေတာ့ဘူး။ ဒီေတာ့ ေပ်ာ္႐ႊင္မႈေတြ ပိုင္ဆိုင္ရပါေရာ။

ဒါ့ေၾကာင့္ ခ်စ္တဲ့သူကို သတိရတဲ့အခါ ‘ ေမတၱာပို႔ပါ’

ေလးစားစြာျဖင့္ခရက္ဒစ္ Khin Hnin Kyi Thar