အေထြအေထြဗဟုသုတ

မိုင္းက်က္ မဟာမုနိဓမၼဟိန္းဂူမွ မိုင္းဖုန္းဆရာေတာ္ ေပးပို႔လာေသာ ေမတၱာစာပါဘုရား……

၁၃၈၂ ခု ပထမဝါဆိုလျပည့္ (၃၊ ၇၊ ၂၀၂၀)

မိုင္းက်က္ မဟာမုနိဓမၼဟိန္းဂူမွ မိုင္းဖုန္းဆရာေတာ္ ေပးပို႔လာေသာ ေမတၱာစာပါဘုရား။🙏🙏🙏

(ႏွာ ၁)

ရပ္နီးရပ္ေဝး တပည့္ဒကာ ဒကာမမ်ား သိေစရန္အတြက္ ဆရာေတာ္မွ ေမတၱာစာ ေပးပို႔ပါတယ္။ ဒီႏွစ္ ဝါထပ္လို႔ ဒုတိယဝါဆိုလသို႔ ေရာက္ကာ ဆရာေတာ္လည္း ဝါဆိုအဓိ႒ာန္ျပဳပါၿပီ။ (သံလြင္အေရွ႕ဖက္ျခမ္း ျပကၡဒိန္အရ တစ္လေစာပါသည္)အခ်ိန္ေတြလည္း ေရစီးဆင္းသလို မရပ္မနားဘဲ တသြားထဲသြားေနၿပီး သိပ္မၾကာခင္ ၃ ႏွစ္ျပည့္ဖို႔ နီးလာပါၿပီ။

မျမဲတဲ့ သခၤါရတရားႀကီးဟာ အပ်က္ဘက္ အေသဘက္ကို ဦးတည္ေရြ႕လ်ားသြားေနလ်က္ပါ။ ေနာက္ထပ္ ၂ ႏွစ္ဆိုရင္ ဆရာေတာ္ရဲ့ သက္ေတာ္လည္း (၆၀) ျပည့္ပါေတာ့မယ္။ တျဖည္းျဖည္းနဲ႔ အိုအိုလာၿပီး ဘယ္ႏွစ္ႏွစ္ အထိ ေနရမလဲဆိုတာ ခန႔္မွန္းလို႔မရပါ။ ကုသိုလ္ေနခြင့္ေပးသေလာက္ ေနသြားရပါမယ္။ ေသျခင္းကို ဆရာေတာ္ မေၾကာက္ပါဘူး။ ခႏၶာကိုယ္ႀကီးကေတာ့ ခဏိကမရဏအျဖစ္ အျမဲတမ္း ေသေၾကပ်က္စီးေနပါတယ္။ ေသျခင္းတရားကို ဘယ္သူမွ မလႊတ္ေျမာက္နိုင္ပါဘူး။ မေမ့မေလ်ာ့ မေပါ့မဆၾကဘဲ အစဥ္ သတိရွိဖို႔ လိုအပ္ပါတယ္။

(ႏွာ ၂)

လက္နက္ေကာင္းသဖြယ္ျဖစ္တဲ့ မရဏာႏုႆတိကမၼ႒ာန္းတရားကို မေမ့မေလ်ာ့ဘဲ ဆင္ျခင္ပြားမ်ားၾကပါ။ရွိတဲ့အခ်ိန္ေလး ရတဲ့ အခ်ိန္ေလး တန္ဖိုးရွိတဲ့ အခ်ိန္ေလးမွာ ေကာင္းမႈကုသိုလ္ကို မ်ားမ်ားလုပ္ထားပါ။ အသက္ရွင္စဥ္ကာလအတြင္း ပါရမီျဖစ္ ဒါန သီလ သမထ ဝိပႆနာ ကုသိုလ္ေတြ ျပဳလုပ္ၾကပါ။

မဟာသတိပ႒ာန္တရားကို ပြားမ်ားအားထုတ္ကာ ႐ုပ္နာမ္သခၤါရတို႔ရဲ့ မျမဲျခင္း ဆင္းရဲျခင္း အစိုးမရျခင္းတို႔ကို ရႈမွတ္ပြားမ်ားၾကပါကုန္။

ေမြးဖြားလာျခင္းဟာ အိုျခင္း နာျခင္း ေသျခင္းဘက္ကို သြားေနၾကရတာဟာ ေလာကရဲ့ ဓမၼတာပါ။ သခၤါရတရားဆိုတာ မိမိအလိုအတိုင္း မျဖစ္ပါဘူး။ စားရင္း ေသာက္ရင္း ေနရင္း ထိုင္ရင္းနဲ႔ပဲ ေသေန႔ကို ေစာင့္ေနသလိုပါပဲ။

သခၤါရတရားအားလုံးဟာ မျမဲဘူး၊ ဆင္းရဲတယ္။ ဓမၼတရားေတြကလည္း အနတၱေတြပါ။ ဘယ္သူကမွ အစိုးမရပါဘူး။ ဒီ႐ုပ္နာမ္တရားေတြဟာ အေၾကာင္းအက်ိဳးေၾကာင့္ ျဖစ္ၿပီးပ်က္ျပန္ ျဖစ္ေပၚျပန္ပ်က္ရတာ ခ်ည္းပါပဲ။ ဒါေၾကာင့္ ႐ုပ္နာမ္ကို သိပ္အစြဲလမ္း မႀကီးၾကပါနဲ႔။ ဒုကၡအစုအပုံႀကီးပါ။

(ႏွာ ၃)

ဒုကၡတရားေတြ ေရာႁပြမ္းေနတဲ့ ေလာကႀကီးပါ။ သံေဝဂေတြ ပြားမ်ားၾကၿပီး သံသရာလႊတ္လမ္းကို ရွာၾကပါ။ ႐ုပ္နာမ္ခႏၶာ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ကသာလ်င္ အိုနာေသမွ လႊတ္ေျမာက္နိုင္ၿပီး သႏၲိသုခ ၿငိမ္းခ်မ္းလႊတ္ေျမာက္ျခင္း အစစ္ကို ရရွိေအာင္ ႀကိဳးစားၾကပါ။ သူေတာ္ေကာင္းတို႔ ႀကိဳးစားၾကတဲ့အတိုင္း ျမတ္နိဗၺာန္ကို ဧကန္မုခ် ရရွိနိုင္ၾကပါေစ။

(ႏွာ ၄)

နိဗၺာန္ခရီး နီးနီးေလးပါ မေဝးပါဘူး ထူးျမတ္တဲ့ စိတ္ထားတတ္ရင္။ဒုကၡသစၥာ မသိသူမွာ သံသရာ ရွည္ၾကာလ်က္အစဥ္။မဂၢသစၥာ အသိပညာ ရွိသူမွာ သံသရာလႊတ္ ကၽြတ္တန္းဝင္။အသိဉာဏ္ မရွိရင္ အႏၲရာယ္ေတာထဲကို တိုးဝင္။အသိဉာဏ္ ရွိရင္ ၿငိမ္းခ်မ္းလ်က္ အစဥ္။တရားကိုပင္ မျမင္လ်င္ ဘုရားကိုလည္း သင္မျမင္။တရားျမင္က ျမတ္ဗုဒၶ မုခ်အသင္ျမင္။

အလႉဒါန ျပဳလုပ္က ေလာဘေတြကင္းစင္။ေမတၱာပို႔သ ေစာင့္သီလ ေဒါသေတြကင္းစင္။သတိပ႒ာန ရႈမွတ္က ေမာဟေတြကင္းစင္။ေလာဘကင္းကြာ လြန္ခ်မ္းသာ ရမွာမလႊဲပင္။ေဒါသကင္းကြာ လြန္ခ်မ္းသာ ရမွာမလြဲွပင္။ေမာဟကင္းကြာ လြန္ခ်မ္းသား ရမွာမလႊဲပင္။အနႏၲငါးျဖာ အတုမရွိပါ လြန္စြာကိုးထိုက္တင္။ဒါသီနဲ႔ဘာ ဤသုံးျဖာ ကိုယ့္ေနာက္ပါအစဥ္။အနႏၲငါးဝ ဂုဏ္ႀကီးလွ တုမရအစဥ္။အနႏၲငါးဝ မေမ့ရ ကလ်ာဏသူေတာ္စင္။

(ႏွာ ၅)

တပည့္ဒကာဒကာမ အေပါင္းကို ဆရာေတာ္ မိုင္းက်က္ မဟာမုနိဓမၼဟိန္းဂူမွ ေမတၱာပို႔သအပ္ပါတယ္။ ဆရာေတာ္လည္း က်န္းက်န္းမာမာနဲ႔ ပါရမီျဖည့္ရင္း တရားဘာဝနာကို အားထုတ္လ်က္ပါ။ ညညေန႔ေန႔ တရားနဲ႔ ေပ်ာ္ေမြ႕ေနလ်က္ပါ။ဆရာေတာ္ရဲ့ ေမတၱာေတာ္ေၾကာင့္ ဂူပတ္ဝန္းက်င္မွာ သားငွက္ ေက်းငွက္ ေတာၾကက္ ေတာႀကီးကန္း ႂကြက္ ေႁမြ ေမ်ာက္လႊဲေက်ာ္ ဥေဒါင္းအျပင္ က်ားသစ္ ေတာေၾကာင္ စတာေတြ ဂူအျပင္မွာ လာေစာင့္ၾကပါတယ္။ အားလုံးဟာ ေအးေအးခ်မ္းခ်မ္း ရွိၾကပါတယ္။တရားဘာဝနာ နည္းမ်ိဳးစုံကို ပြားမ်ားလ်က္ပါ။

သမၼာေဒဝ နတ္ေဒဝါေတြကိုလည္း အမၽွအတမ္းေပးေဝပါတယ္။ ဆရာေတာ္ကေတာ့ ဘာမွ မလိုပါဘူး။ တရားကိုပဲ လိုခ်င္ပါတယ္။ ပါရမီျဖည့္ရင္း တရားကိုပဲ အားထုတ္ခ်င္ပါတယ္။ကမၻာသူ ကမၻာသားေတြ ေလာကလူသားေတြ ေတြ႕ၾကဳံေနၾကရတဲ့ ကပ္ေရာဂါဆိုးႀကီးမွ အျမန္လႊတ္ေျမာက္ဖို႔ ဆရာေတာ္မွ အထူးေမတၱာပို႔ပါတယ္။မၾကာခင္ ၂ ႏွစ္ျပည့္ပါေတာ့မယ္။ ဒီႏွစ္ေတာ့ ဒုတိယဝါဆိုပါၿပီ။ အခ်ိန္ကုန္တာ ျမန္လိုက္တာ။ ဆရာေတာ္လည္း တရားစာအုပ္ ၈ အုပ္ ၉ အုပ္ေလာက္ပဲ ေရးျဖစ္ေသးတယ္။

(ႏွာ ၆)

ေန႔စဥ္နဲ႔ အမၽွ တရားဘာဝနာပြားမ်ား ႐ုပ္နာမ္တရားရဲ့ ျဖစ္မႈ ပ်က္မႈကို ရႈမွတ္ရင္း တခ်ိဳ႕ရက္ေတြမွာ အစာအာဟာရ သုံးေဆာင္ဖို႔ေတာင္ ေမ့သြားပါတယ္။ေလာကအတြင္းမွ လႊတ္ေျမာက္ဖို႔ သတၱဝါေတြကို ကယ္တင္ဖို႔ မဂၢင္ေဖာင္ႀကီးကို ဦးေဆာင္တဲ့သူ ျဖစ္ဖို႔ပဲ ေမၽွာ္လင့္ပါတယ္။ေသျခင္းတရားကို မေၾကာက္ပါနဲ႔။ အခ်ိန္မတန္ဘဲနဲ႔လဲ မေသခ်င္ၾကပါနဲ႔။ ကံတရားအရ အလယ္အလတ္ လမ္းစဥ္ကို ေလၽွာက္လွမ္းပါ။ ပစၥဳပၸန္တည့္တည့္ရႈတတ္ရင္ ခဏိကနိဗၺာန္ဆိုတာ ရနိုင္ပါတယ္။

တရားရဲ့ အရသာဟာ ပ်ားသကာထက္ ခ်ိဳၿမိန္ပါတယ္။မိမိကိုယ္ကို ခ်စ္ရင္ အကုသိုလ္အလုပ္ မလုပ္ၾကပါနဲ႔။ေနာင္မွတတဲ့ ေနာင္တမရေစဖို႔ တရားဘာဝနာကို အားထုတ္ၾကပါ။မရဏေသမင္းဆိုတာ မ်က္ႏွာႀကီးငယ္ မေရြးဘူး။ လူတိုင္းလည္းအေသနဲ႔ မလႊတ္ၾကဘူး။တရာေဆးကသာလ်င္ အိုနာေသစတဲ့ ေရာဂါကို ကုသနိုင္တယ္။ဆရာေတာ္လည္း က်န္းမာပကတိရွိေၾကာင္း ဒကာဒကာမအေပါင္းတို႔အား အေၾကာင္းၾကားလိုက္ရပါတယ္။

အရညဝါသီ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရစိုင္းခမ္းလွိုင္၊ မဟာဝုန္းတို႔ ပို႔လာေသာ ေမတၱာစာကိုေတာင္တန္းသာသနာျပဳ ဆရာေတာ္ အရွင္သုခမိႏၵ (စဝ္ဆုခမ္း တန႔္ယန္း)မွ ဆီေလၽွာ္ေအာင္ ဘာသာျပန္ေပး ပါတယ္။ အားလုံး ေဘးရန္ကင္းကြာ က်န္းမာၾကပါေစ၊ လူစုလူေဝးကို ေရွာင္ပါ၊ အျပင္ထြက္ရင္ ႏွာေခါင္းစည္း တပ္ဖို႔လည္း မေမ့ၾကပါနဲ႔။

#အဝတ္သည္_အရွက္ကို_ကာကြယ္၏။

#Maskသည္_အသက္ကို_ကာကြယ္၏။

credit

unicode

၁၃၈၂ ခု ပထမဝါဆိုလပြည့် (၃၊ ၇၊ ၂၀၂၀)

မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ မိုင်းဖုန်းဆရာတော် ပေးပို့လာသော မေတ္တာစာပါဘုရား။🙏🙏🙏

(နှာ ၁)

ရပ်နီးရပ်ဝေး တပည့်ဒကာ ဒကာမများ သိစေရန်အတွက် ဆရာတော်မှ မေတ္တာစာ ပေးပို့ပါတယ်။ ဒီနှစ် ဝါထပ်လို့ ဒုတိယဝါဆိုလသို့ ရောက်ကာ ဆရာတော်လည်း ဝါဆိုအဓိဋ္ဌာန်ပြုပါပြီ။ (သံလွင်အရှေ့ဖက်ခြမ်း ပြက္ခဒိန်အရ တစ်လစောပါသည်)အချိန်တွေလည်း ရေစီးဆင်းသလို မရပ်မနားဘဲ တသွားထဲသွားနေပြီး သိပ်မကြာခင် ၃ နှစ်ပြည့်ဖို့ နီးလာပါပြီ။

မမြဲတဲ့ သင်္ခါရတရားကြီးဟာ အပျက်ဘက် အသေဘက်ကို ဦးတည်ရွေ့လျားသွားနေလျက်ပါ။ နောက်ထပ် ၂ နှစ်ဆိုရင် ဆရာတော်ရဲ့ သက်တော်လည်း (၆၀) ပြည့်ပါတော့မယ်။ တဖြည်းဖြည်းနဲ့ အိုအိုလာပြီး ဘယ်နှစ်နှစ် အထိ နေရမလဲဆိုတာ ခန့်မှန်းလို့မရပါ။ ကုသိုလ်နေခွင့်ပေးသလောက် နေသွားရပါမယ်။ သေခြင်းကို ဆရာတော် မကြောက်ပါဘူး။ ခန္ဓာကိုယ်ကြီးကတော့ ခဏိကမရဏအဖြစ် အမြဲတမ်း သေကြေပျက်စီးနေပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မလွှတ်မြောက်နိုင်ပါဘူး။ မမေ့မလျော့ မပေါ့မဆကြဘဲ အစဉ် သတိရှိဖို့ လိုအပ်ပါတယ်။

(နှာ ၂)

လက်နက်ကောင်းသဖွယ်ဖြစ်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်းတရားကို မမေ့မလျော့ဘဲ ဆင်ခြင်ပွားများကြပါ။ရှိတဲ့အချိန်လေး ရတဲ့ အချိန်လေး တန်ဖိုးရှိတဲ့ အချိန်လေးမှာ ကောင်းမှုကုသိုလ်ကို များများလုပ်ထားပါ။ အသက်ရှင်စဉ်ကာလအတွင်း ပါရမီဖြစ် ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်တွေ ပြုလုပ်ကြပါ။

မဟာသတိပဋ္ဌာန်တရားကို ပွားများအားထုတ်ကာ ရုပ်နာမ်သင်္ခါရတို့ရဲ့ မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်းတို့ကို ရှုမှတ်ပွားများကြပါကုန်။

မွေးဖွားလာခြင်းဟာ အိုခြင်း နာခြင်း သေခြင်းဘက်ကို သွားနေကြရတာဟာ လောကရဲ့ ဓမ္မတာပါ။ သင်္ခါရတရားဆိုတာ မိမိအလိုအတိုင်း မဖြစ်ပါဘူး။ စားရင်း သောက်ရင်း နေရင်း ထိုင်ရင်းနဲ့ပဲ သေနေ့ကို စောင့်နေသလိုပါပဲ။

သင်္ခါရတရားအားလုံးဟာ မမြဲဘူး၊ ဆင်းရဲတယ်။ ဓမ္မတရားတွေကလည်း အနတ္တတွေပါ။ ဘယ်သူကမှ အစိုးမရပါဘူး။ ဒီရုပ်နာမ်တရားတွေဟာ အကြောင်းအကျိုးကြောင့် ဖြစ်ပြီးပျက်ပြန် ဖြစ်ပေါ်ပြန်ပျက်ရတာ ချည်းပါပဲ။ ဒါကြောင့် ရုပ်နာမ်ကို သိပ်အစွဲလမ်း မကြီးကြပါနဲ့။ ဒုက္ခအစုအပုံကြီးပါ။

(နှာ ၃)

ဒုက္ခတရားတွေ ရောပြွမ်းနေတဲ့ လောကကြီးပါ။ သံဝေဂတွေ ပွားများကြပြီး သံသရာလွှတ်လမ်းကို ရှာကြပါ။ ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကသာလျင် အိုနာသေမှ လွှတ်မြောက်နိုင်ပြီး သန္တိသုခ ငြိမ်းချမ်းလွှတ်မြောက်ခြင်း အစစ်ကို ရရှိအောင် ကြိုးစားကြပါ။ သူတော်ကောင်းတို့ ကြိုးစားကြတဲ့အတိုင်း မြတ်နိဗ္ဗာန်ကို ဧကန်မုချ ရရှိနိုင်ကြပါစေ။

(နှာ ၄)

နိဗ္ဗာန်ခရီး နီးနီးလေးပါ မဝေးပါဘူး ထူးမြတ်တဲ့ စိတ်ထားတတ်ရင်။ဒုက္ခသစ္စာ မသိသူမှာ သံသရာ ရှည်ကြာလျက်အစဉ်။မဂ္ဂသစ္စာ အသိပညာ ရှိသူမှာ သံသရာလွှတ် ကျွတ်တန်းဝင်။အသိဉာဏ် မရှိရင် အန္တရာယ်တောထဲကို တိုးဝင်။အသိဉာဏ် ရှိရင် ငြိမ်းချမ်းလျက် အစဉ်။တရားကိုပင် မမြင်လျင် ဘုရားကိုလည်း သင်မမြင်။တရားမြင်က မြတ်ဗုဒ္ဓ မုချအသင်မြင်။

အလှူဒါန ပြုလုပ်က လောဘတွေကင်းစင်။မေတ္တာပို့သ စောင့်သီလ ဒေါသတွေကင်းစင်။သတိပဋ္ဌာန ရှုမှတ်က မောဟတွေကင်းစင်။လောဘကင်းကွာ လွန်ချမ်းသာ ရမှာမလွှဲပင်။ဒေါသကင်းကွာ လွန်ချမ်းသာ ရမှာမလွဲှပင်။မောဟကင်းကွာ လွန်ချမ်းသား ရမှာမလွှဲပင်။အနန္တငါးဖြာ အတုမရှိပါ လွန်စွာကိုးထိုက်တင်။ဒါသီနဲ့ဘာ ဤသုံးဖြာ ကိုယ့်နောက်ပါအစဉ်။အနန္တငါးဝ ဂုဏ်ကြီးလှ တုမရအစဉ်။အနန္တငါးဝ မမေ့ရ ကလျာဏသူတော်စင်။

(နှာ ၅)

တပည့်ဒကာဒကာမ အပေါင်းကို ဆရာတော် မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ မေတ္တာပို့သအပ်ပါတယ်။ ဆရာတော်လည်း ကျန်းကျန်းမာမာနဲ့ ပါရမီဖြည့်ရင်း တရားဘာဝနာကို အားထုတ်လျက်ပါ။ ညညနေ့နေ့ တရားနဲ့ ပျော်မွေ့နေလျက်ပါ။ဆရာတော်ရဲ့ မေတ္တာတော်ကြောင့် ဂူပတ်ဝန်းကျင်မှာ သားငှက် ကျေးငှက် တောကြက် တောကြီးကန်း ကြွက် မြွေ မျောက်လွှဲကျော် ဥဒေါင်းအပြင် ကျားသစ် တောကြောင် စတာတွေ ဂူအပြင်မှာ လာစောင့်ကြပါတယ်။ အားလုံးဟာ အေးအေးချမ်းချမ်း ရှိကြပါတယ်။တရားဘာဝနာ နည်းမျိုးစုံကို ပွားများလျက်ပါ။

သမ္မာဒေဝ နတ်ဒေဝါတွေကိုလည်း အမျှအတမ်းပေးဝေပါတယ်။ ဆရာတော်ကတော့ ဘာမှ မလိုပါဘူး။ တရားကိုပဲ လိုချင်ပါတယ်။ ပါရမီဖြည့်ရင်း တရားကိုပဲ အားထုတ်ချင်ပါတယ်။ကမ္ဘာသူ ကမ္ဘာသားတွေ လောကလူသားတွေ တွေ့ကြုံနေကြရတဲ့ ကပ်ရောဂါဆိုးကြီးမှ အမြန်လွှတ်မြောက်ဖို့ ဆရာတော်မှ အထူးမေတ္တာပို့ပါတယ်။မကြာခင် ၂ နှစ်ပြည့်ပါတော့မယ်။ ဒီနှစ်တော့ ဒုတိယဝါဆိုပါပြီ။ အချိန်ကုန်တာ မြန်လိုက်တာ။ ဆရာတော်လည်း တရားစာအုပ် ၈ အုပ် ၉ အုပ်လောက်ပဲ ရေးဖြစ်သေးတယ်။

(နှာ ၆)

နေ့စဉ်နဲ့ အမျှ တရားဘာဝနာပွားများ ရုပ်နာမ်တရားရဲ့ ဖြစ်မှု ပျက်မှုကို ရှုမှတ်ရင်း တချို့ရက်တွေမှာ အစာအာဟာရ သုံးဆောင်ဖို့တောင် မေ့သွားပါတယ်။လောကအတွင်းမှ လွှတ်မြောက်ဖို့ သတ္တဝါတွေကို ကယ်တင်ဖို့ မဂ္ဂင်ဖောင်ကြီးကို ဦးဆောင်တဲ့သူ ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။သေခြင်းတရားကို မကြောက်ပါနဲ့။ အချိန်မတန်ဘဲနဲ့လဲ မသေချင်ကြပါနဲ့။ ကံတရားအရ အလယ်အလတ် လမ်းစဉ်ကို လျှောက်လှမ်းပါ။ ပစ္စုပ္ပန်တည့်တည့်ရှုတတ်ရင် ခဏိကနိဗ္ဗာန်ဆိုတာ ရနိုင်ပါတယ်။

တရားရဲ့ အရသာဟာ ပျားသကာထက် ချိုမြိန်ပါတယ်။မိမိကိုယ်ကို ချစ်ရင် အကုသိုလ်အလုပ် မလုပ်ကြပါနဲ့။နောင်မှတတဲ့ နောင်တမရစေဖို့ တရားဘာဝနာကို အားထုတ်ကြပါ။မရဏသေမင်းဆိုတာ မျက်နှာကြီးငယ် မရွေးဘူး။ လူတိုင်းလည်းအသေနဲ့ မလွှတ်ကြဘူး။တရာဆေးကသာလျင် အိုနာသေစတဲ့ ရောဂါကို ကုသနိုင်တယ်။ဆရာတော်လည်း ကျန်းမာပကတိရှိကြောင်း ဒကာဒကာမအပေါင်းတို့အား အကြောင်းကြားလိုက်ရပါတယ်။

အရညဝါသီ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရစိုင်းခမ်းလှိုင်၊ မဟာဝုန်းတို့ ပို့လာသော မေတ္တာစာကိုတောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ ဆီလျှော်အောင် ဘာသာပြန်ပေး ပါတယ်။ အားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ၊ လူစုလူဝေးကို ရှောင်ပါ၊ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ဖို့လည်း မမေ့ကြပါနဲ့။

#အဝတ်သည်_အရှက်ကို_ကာကွယ်၏။

#Maskသည်_အသက်ကို_ကာကွယ်၏။

credit