မိန္းမတစ္ေယာက္က ဘယ္လိုအခ်ိန္မ်ိဳးမွာ သူ႔လက္တြဲေဖာ္နဲ႔ ညႇိမရ ႏွိုင္းမရနဲ႔ သဟဇာတ မျဖစ္ေတာ့ဆုံးလဲ သိလား
ဥေပကၡာေတြနဲ႔ ေနသားက်သြားတဲ့အခ်ိန္ပဲ…
အခ်စ္ကို လိုေနခ်ိန္မွာ အခ်စ္မခံရတဲ့မိန္းမ၊ ေႏြးေထြးမႈကို ေတာင့္တေနခ်ိန္မွာ ေအးတိေအးစက္ ဆက္ဆံခံရတဲ့မိန္းမ၊ ဂ႐ုတစိုက္နဲ႔ၾကင္နာတာေတြကို ေမၽွာ္လင့္ေနခ်ိန္မွာ လ်စ္လ်ဴရႈခံခဲ့ရတဲ့မိန္းမ
အဲ့လိုမိန္းမေတြ ေအးစက္သြားတဲ့အခါ ေယာက္်ားေတြ မာေက်ာပါတယ္ဆိုတာထက္ ပိုၿပီး ေၾကာက္ဖို႔ေကာင္းသြားတယ္
သူတို႔လိုအပ္ေနခ်ိန္မွာ သူတို႔လိုအပ္ခ်က္ေတြကို မ်က္ကြယ္ျပဳခံလိုက္ရတဲ့အတြက္ မခ်စ္တတ္ မၾကင္နာတတ္တဲ့ဘဝမွာ ေနသားက်သြားတဲ့အခ်ိန္က ေၾကာက္စရာ အေကာင္းဆုံးပဲ
သူတို႔ေအးစက္သြားတဲ့အခ်ိန္မွ လာၿပီး ၾကင္နာၿပ ခ်စ္ျပေနရင္ အပိုေတြ လာလုပ္ျပေနတယ္ ဘာေတြလဲ စိတ္ရႈပ္လိုက္တာဆိုၿပီးေတာ့ကို စိတ္ထဲမွာ ကသိကေအာက္ေတြ ျဖစ္ကုန္ေရာ
အနားမွာ လာကပ္ေနရင္ကို စိတ္အေႏွာက္အယွက္ေတြ ျဖစ္ေနတာ အျမဲတမ္း တေယာက္တည္း ပစ္ထားခံရတဲ့ ဘဝမွာ ေနသားက်ေနေတာ့ လာၿပီး ကပ္ခၽြဲေနလည္း မခံစားတတ္ေတာ့ဘူးေလ
အထူးအဆန္းေတြ ျဖစ္ေနတာ
အဲ့လို အေျခအေနမ်ိဳးမွာ ေယာက္်ားေလးဘက္က ဘယ္လိုပဲ ေခ်ာ့ေခ်ာ့ ဘယ္လိုပဲ လိုက္ေလ်ာလိုက္ေလ်ာ သူမဘက္က ဘာမွ မလိုအပ္ေတာ့ဘူး တန္ဖိုးမထားတတ္ေတာ့ဘူး
အဲ့ေတာ့ အဆင္ေျပၾကလည္း ခနပဲ ေရရွည္မွာ လက္တြဲဖို႔က ဘယ္လိုမွ မျဖစ္နိုင္ေတာ့ဘူး အစမွ မေကာင္းခဲ့တာ အေႏွာင္းဆိုတာလည္း မေသခ်ာေတာ့ဘူးေလ
အဲ့အခ်ိန္က်မွ အဲ့မိန္းမကို အပစ္တင္လို႔ မရဘူး စာရြက္ေပၚမွာ မွားခဲ့ရင္ ျပန္ဖ်က္ဖို႔ ခဲဖ်က္ရွိတယ္
ႏွလုံးသားထဲမွာ အနာျဖစ္သြားရင္ ေပ်ာက္ေအာင္လုပ္ဖို႔ မလြယ္ဘူး ေမ့ေအာင္လုပ္ဖို႔ မျဖစ္နိုင္ဘူး
အခ်စ္ဆိုတဲ့အရာကို ခ်စ္တယ္ဆိုတဲ့ စကားနဲ႔ မေဖာ္ၾကဴးပါနဲ႔
ျမတ္နိုးတန္ဖိုးထားမႈနဲ႔ ေဖာ္ၾကဴးပါ ဂ႐ုစိုက္ၾကင္နာမႈနဲ႔ ေဖာ္ၾကဴးပါ
အကယ္၍ အဲဒီအရာေတြ ေပ်ာက္ကြယ္ေနၿပီဆိုရင္ ေသခ်ာတယ္ သင္တို႔ၾကားမွာ အခ်စ္ဆိုတာ မရွိေတာ့ဘူး သံေယာဇဥ္ႀကိဳးမၽွင္မၽွင္ေလးပဲ က်န္ေတာ့တာပါ…။
sakura 🌸
Unicode
မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရ နှိုင်းမရနဲ့ သဟဇာတ မဖြစ်တော့ဆုံးလဲ သိလား
ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့အချိန်ပဲ…
အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာ အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ၊ ဂရုတစိုက်နဲ့ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့မိန်းမ
အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ ယောက်ျားတွေ မာကျောပါတယ်ဆိုတာထက် ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်
သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို မျက်ကွယ်ပြုခံလိုက်ရတဲ့အတွက် မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့အချိန်က ကြောက်စရာ အကောင်းဆုံးပဲ
သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ် ဘာတွေလဲ စိတ်ရှုပ်လိုက်တာဆိုပြီးတော့ကို စိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော
အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူးလေ
အထူးအဆန်းတွေ ဖြစ်နေတာ
အဲ့လို အခြေအနေမျိုးမှာ ယောက်ျားလေးဘက်က ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျော သူမဘက်က ဘာမှ မလိုအပ်တော့ဘူး တန်ဖိုးမထားတတ်တော့ဘူး
အဲ့တော့ အဆင်ပြေကြလည်း ခနပဲ ရေရှည်မှာ လက်တွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး အစမှ မကောင်းခဲ့တာ အနှောင်းဆိုတာလည်း မသေချာတော့ဘူးလေ
အဲ့အချိန်ကျမှ အဲ့မိန်းမကို အပစ်တင်လို့ မရဘူး စာရွက်ပေါ်မှာ မှားခဲ့ရင် ပြန်ဖျက်ဖို့ ခဲဖျက်ရှိတယ်
နှလုံးသားထဲမှာ အနာဖြစ်သွားရင် ပျောက်အောင်လုပ်ဖို့ မလွယ်ဘူး မေ့အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး
အချစ်ဆိုတဲ့အရာကို ချစ်တယ်ဆိုတဲ့ စကားနဲ့ မဖော်ကြူးပါနဲ့
မြတ်နိုးတန်ဖိုးထားမှုနဲ့ ဖော်ကြူးပါ ဂရုစိုက်ကြင်နာမှုနဲ့ ဖော်ကြူးပါ
အကယ်၍ အဲဒီအရာတွေ ပျောက်ကွယ်နေပြီဆိုရင် သေချာတယ် သင်တို့ကြားမှာ အချစ်ဆိုတာ မရှိတော့ဘူး သံယောဇဉ်ကြိုးမျှင်မျှင်လေးပဲ ကျန်တော့တာပါ…။
sakura 🌸