ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ၊ ကွဲပြားခြင်းတွေ မတူညီတဲ့ပုံစံတွေနဲ့ပဲ ဆိုပါတော့
ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ. . .
နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလို.ငါ့ရဲ့ဘေးမှာလဲ ငါနဲ့အသင့်တော်ဆုံးသူ ရှိနေပြီ…
နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက်..ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း…
နင်ကတော့ သူ့ဆီက နားလည်မှုတွေယူနေချိန်မှာ ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီ ။ ဒါပေမယ့် ငါမပျော်သလိုပဲ…
နင်က နင့်အတွက် ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာငါ့မှာလဲ ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ…နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက်…
သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်း နင်သာဆိုတဲ့အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း…
နင်ကအဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်…ငါကတော့ အဖြစ်သင့်ဆုံးဆိုတဲ့အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ…
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတဲ့သူက..အောင်မြင်နိုင်သလို ဖြစ်သင့်တာထက် ဖြစ်ချင်ရာကိုဦးစားပေးရင် ပျော်ရွှင်စေသတဲ့ ……
ငါကတော့ ဖြစ်သင့်တာကိုဦးစားပေးပြီး အောင်မြင်အောင် နေတယ်ဆိုတာထက် ဖြစ်ချင်တာတွေအတွက်(ငါ့ဘေးမှာ နင်ရှိစေချင်တဲ့ဆန္ဒတွေအတွက်) ဖြစ်ခွင့်မရှိပဲ နှလုံးသားတစ်ခုကို စတေးရပြီး အောင်မြင်နေတယ်ပဲဆိုပါတော့…
နင်ကတော့ ဖြစ်သင့်တဲ့အချစ်ဆုံးကိုစွန့်လွှတ်ပြီး…ဖြစ်ချင်တဲ့ချစ်သူနဲ့အတူ ပျော်ရွှင်နေတယ်…
ငါ့အတွက်က ငါ့ကိုမချစ်တဲ့သူကို ဆုံးရှုံးထားရသလို နင့်မှာတော့ နင့်ကိုအချစ်ဆုံးသူကို ဆုံးရှုံးထားရတယ်…
ဆုံးရှုံးပုံခြင်းမတူညီပေမယ့် ဆုံးရှုံးမှုတန်ဖိုးကို သိတဲ့သူအတွက်ကတော့ မေ့ဖျောက်ဖို့ခက်တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေပါပဲ…
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နင်လဲနင့်အတွက် အဖြစ်ချင်ဆုံးလူနဲ့အတူ..ငါ့မှာလဲ ငါ့ဘဝအတွက်အသင့်တော်ဆုံး ဖြစ်သင့်တဲ့သူနဲ့အတူ..
နင့်မှာ ချစ်သူ ၊ ငါ့မှာ ဖူးစာ ။ နင့်အတွက် ပျော်ရွှင်မှု ၊ ငါ့အတွက် အောင်မြင်မှု။ နင်က နင့်အချစ်၊ ငါက သူ့အချစ်။ နင့်မှာက ဖြစ်ချင်သူနဲ့၊ ငါ့မှာတော့ ဖြစ်သင့်သူနဲ့။နင့်လူဟာ ငါမဟုတ်သလို၊ ငါ့လူကလဲ နင်မဟုတ်တော့ဘူး
ဥပမာဆိုပါတော့..
နင့်လူဆိုတာ တစ်ချိန်က နင့်လိုပဲ..
ငါ့လူကလဲ တစ်ချိန်က ငါ့အတိုင်းပဲ..
ငါ့မှာ မေ့ဖျောက်နိုင်စွမ်းရှိရင် ဆုံးရှုံးဖြစ်တာတစ်ခုမှမရှိဘူး…
နင့်မှာတော့ မေ့ဖျောက်နိုင်စွမ်းဘယ်လောက်ပဲရှိရှိ ဆုံးရှုံးမှုကို နားလည်လာတဲ့တစ်နေ့ ယူကြုံးမရဖြစ်လိမ့်မယ်……
ဘာပဲဖြစ်ဖြစ် အရင်လိုမဟုတ်တော့တဲ့ ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ၊ ကွဲပြားခြင်းတွေ မတူညီတဲ့ပုံစံတွေနဲ့ပဲ ဆိုပါတော့……
crd
crd