အခ်စ္နွင့္ဘဝ

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး…

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး

ကျွန်မလျှောက်တဲ့လမ်းက ဆူးခင်းလမ်းဖြစ်နေခဲ့ရင်တောင် ကျွန်မဆက်လျှောက်ဖို့ ဝန်မလေးဘူး။

ဘာကြောင့်ဆို ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်ရှိနေလို့ပါပဲ။ကျွန်မဘဝက ကြမ်းတမ်းတယ်လို့ ငြီးပြီးငိုမနေဘူး။ ဘာကြောင့်ဆို ကျွန်မဝမ်းနည်းရင် နှစ်သိမ့်မယ့်သူက ကျွန်မပဲဖြစ်နေလို့ပါပဲ။

ကျွန်မ လဲကျခဲ့ရင်တောင် ပြန်ထဖို့လက်တစ်စုံကိုစောင့် မနေခဲ့ဖူးဘူး။ ဘာကြောင့်ဆို ကျွန်မခွန်အားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထတတ်အောင် အရှုံးတွေထဲက ခဏခဏသင်ခန်းစာတွေရခဲ့ဖူးလို့ပါပဲ။

ကျွန်မချစ်နေခဲ့ရင်တောင် မေ့ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြန်တမ်းတနေမှာမဟုတ်ဘူး။

ဘာကြောင့်ဆို အချစ်က ခါးသီးစွာရခဲ့တဲ့ ဒဏ်ရာဆိုတာခဏခဏ ထိုးဆွနေလို့ ခံစားရနေတာထက် ပိုပြီး မချစ်တတ်အောင် သတိတွေပေးနေတတ်လို့ပါပဲ။

ကျွန်မအတွက် ကျွန်မအသင့်ရှိနေဖို့ ကျွန်မကျန်းမာနေဖို့လိုတယ်။ကျွန်မအတွက် ကျွန်မခွန်အားတွေပေးနေဖို့ စာပေဖတ်ရှု့ပြီး ဦးနှောက်အာဟာရပြည့်နေဖို့တယ်။

ကျွန်မအတွက် ကျွန်မရှိနေဖို့အာဟာရအတွက် ခန္ဓာကိုယ် ဖြည့်စွက်စာနဲ့ကိုယ်ကာယလေ့ကျင့်ဖို့အတွက်အချိန်ပေးဖို့လိုတယ်။

ကျွန်မအတွက် ဘယ်သူမှ မလိုပါဘူး မိသားစုပြီးရင် မကောင်းတဲ့သူတွေထက်ကျွန်မအတွက် ကျွန်မရှိနေဖို့ပဲလိုတာပါ။

MayHsu(ရာမညမြေ

Zawgyi,

တန္ဖိုးမသိတဲ့ လူေတြအတြက္နဲ႔ ကြၽန္မတန္ဖိုးကို မမဲ့ခ်င္ဘူး

ကြၽန္မေလွ်ာက္တဲ့လမ္းက ဆူးခင္းလမ္းျဖစ္ေနခဲ့ရင္ေတာင္ ကြၽန္မဆက္ေလွ်ာက္ဖို႔ ဝန္မေလးဘူး။

ဘာေၾကာင့္ဆို ကြၽန္မကိုယ္ကြၽန္မ ယုံၾကည္မႈ အျပည့္ရွိေနလို႔ပါပဲ။ကြၽန္မဘဝက ၾကမ္းတမ္းတယ္လို႔ ၿငီးၿပီးငိုမေနဘူး။ ဘာေၾကာင့္ဆို ကြၽန္မဝမ္းနည္းရင္ ႏွစ္သိမ့္မယ့္သူက ကြၽန္မပဲျဖစ္ေနလို႔ပါပဲ။

ကြၽန္မ လဲက်ခဲ့ရင္ေတာင္ ျပန္ထဖို႔လက္တစ္စုံကိုေစာင့္ မေနခဲ့ဖူးဘူး။ ဘာေၾကာင့္ဆို ကြၽန္မခြန္အားနဲ႔ ကိုယ့္အားကိုယ္ကိုးၿပီး ျပန္ထတတ္ေအာင္ အရႈံးေတြထဲက ခဏခဏသင္ခန္းစာေတြရခဲ့ဖူးလို႔ပါပဲ။

ကြၽန္မခ်စ္ေနခဲ့ရင္ေတာင္ ေမ့ထားတဲ့ လူတစ္ေယာက္အေၾကာင္းကိုျပန္တမ္းတေနမွာမဟုတ္ဘူး။

ဘာေၾကာင့္ဆို အခ်စ္က ခါးသီးစြာရခဲ့တဲ့ ဒဏ္ရာဆိုတာခဏခဏ ထိုးဆြေနလို႔ ခံစားရေနတာထက္ ပိုၿပီး မခ်စ္တတ္ေအာင္ သတိေတြေပးေနတတ္လို႔ပါပဲ။

ကြၽန္မအတြက္ ကြၽန္မအသင့္ရွိေနဖို႔ ကြၽန္မက်န္းမာေနဖို႔လိုတယ္။ကြၽန္မအတြက္ ကြၽန္မခြန္အားေတြေပးေနဖို႔ စာေပဖတ္ရႈ႕ၿပီး ဦးေႏွာက္အာဟာရျပည့္ေနဖို႔တယ္။

ကြၽန္မအတြက္ ကြၽန္မရွိေနဖို႔အာဟာရအတြက္ ခႏၶာကိုယ္ ျဖည့္စြက္စာနဲ႔ကိုယ္ကာယေလ့က်င့္ဖို႔အတြက္အခ်ိန္ေပးဖို႔လိုတယ္။

ကြၽန္မအတြက္ ဘယ္သူမွ မလိုပါဘူး မိသားစုၿပီးရင္ မေကာင္းတဲ့သူေတြထက္ကြၽန္မအတြက္ ကြၽန္မရွိေနဖို႔ပဲလိုတာပါ။

MayHsu(ရာမညေျမ)