အခ်စ္နွင့္ဘဝ

ချစ်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတဲ့အခါ…

သူ ကျွန်မကို မချစ်ဘူး ။

သူ ကျွန်မကို မချစ်ပါလားဆိုတဲ့ အသိလေး၀င်ဖို့ … ကျွန်မ အချိန်တွေ အကြာကြီးနာကျင်ခဲ့ရတာပါ ။ လွယ်လွယ်ကူကူလေး လက်ခံခဲ့တာမဟုတ်ခဲ့သလို အပေါ်ယံလေး မြင်ခဲ့တာ မဟုတ်ပါဘူး ။

ကိုယ့်ဘက်က သိပ်ချစ်ခဲ့မိတော့ အစစအရာရာကို အရိပ်တကြည့်ကြည့် ကြည့်ခဲ့မိတော့ သူမချစ်မှန်းကို ပိုပြီးသိလာခဲ့တယ် ဥပမာ … တခြားသူတွေနဲ့ ယှဥ္တဲ့အခါ … ကိုယ်က သူ့အတွက် ဘယ်နေရာမှာမှ အရေးပါမနေမှန်းသိလာခဲ့တယ် ။

အမှတ်တရနေ့လေးတွေကို သတိရနေဖို့ထက် သူကျွန်မကို ပစ်ထားဖို့ ပိုပြီး အားသန်တယ် ။ ကိုယ် ငိုနေတဲ့အခါ ​ဖေးမဖို့ထက် စိတ်တွေ ရှုပ်လိုက်တာဆိုတဲ့ … စကားတွေ ပြောတတ်တယ် ။ စိတ်ကောက်တဲ့အခါ ချော့ဖို့ထက် စိတ်ပြန်ကောက်တတ်တယ် ။

သူ့ကြောင့် နာကျင်ရတဲ့အခါတောင် မသိသလိုပါပဲ ။ ကိုယ့်ကိုယ်ကိုယ် ကြိတ်ငိုရုံကလွဲလို့ သူ့ဆီက ဘာမှ မျှော်လင့်ခွင့်တွေလဲ မရှိခဲ့သလို .. မျှော်နေမလားဆိုတဲ့ အသိနဲ့ ဖုန်းဆက်လာဖို့ သတိမရဘူး တစ်ညလုံးတော့ ဂိမ်းဆော့နေတတ်တယ် ။

ကျွန်မ … နေရာတကာ ၀င်ပါတတ်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ့်အတွက်အရေးပါတဲ့လူတစ်ယောက်ဆီကနေ တစ်ခါတစ်လေ အရေးတယူလေး ဖြစ်ချင်တယ် ။ အချစ်ဆိုတာ တကယ်ပဲ နှစ်တွေကြာတာ မကြာတာနဲ့ မဆိုင်သလို တကယ်ပဲ ကိုယ်အချစ်တွေ စစ်မှန်နေရုံနဲ့ ပြန်ပြီးရလာမှာ မဟုတ်ဘူး ။

ချစ်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတဲ့အခါ သူမချစ်မှန်းတဖြေးဖြေးသိလာခဲ့သလို အစကတည်းက မချစ်တဲ့သူက ကိုယ်ဘယ်လောက်ပဲချစ်ချစ် သူပြန်ချစ်လာမှာမဟုတ်မှန်း သိလာခဲ့တယ် ။

Zawgyi,

သူ ကြၽန္မကို မခ်စ္ဘူး ။

သူ ကြၽန္မကို မခ်စ္ပါလားဆိုတဲ့ အသိေလး၀င္ဖို႔ … ကြၽန္မ အခ်ိန္ေတြ အၾကာႀကီးနာက်င္ခဲ့ရတာပါ ။ လြယ္လြယ္ကူကူေလး လက္ခံခဲ့တာမဟုတ္ခဲ့သလို အေပၚယံေလး ျမင္ခဲ့တာ မဟုတ္ပါဘူး ။

ကိုယ့္ဘက္က သိပ္ခ်စ္ခဲ့မိေတာ့ အစစအရာရာကို အရိပ္တၾကည့္ၾကည့္ ၾကည့္ခဲ့မိေတာ့ သူမခ်စ္မွန္းကို ပိုၿပီးသိလာခဲ့တယ္ ဥပမာ … တျခားသူေတြနဲ႔ ယွၪၱဲ့အခါ … ကိုယ္က သူ႔အတြက္ ဘယ္ေနရာမွာမွ အေရးပါမေနမွန္းသိလာခဲ့တယ္ ။

အမွတ္တရေန႔ေလးေတြကို သတိရေနဖို႔ထက္ သူကြၽန္မကို ပစ္ထားဖို႔ ပိုၿပီး အားသန္တယ္ ။ ကိုယ္ ငိုေနတဲ့အခါ ​ေဖးမဖို႔ထက္ စိတ္ေတြ ရႈပ္လိုက္တာဆိုတဲ့ … စကားေတြ ေျပာတတ္တယ္ ။ စိတ္ေကာက္တဲ့အခါ ေခ်ာ့ဖို႔ထက္ စိတ္ျပန္ေကာက္တတ္တယ္ ။

သူ႔ေၾကာင့္ နာက်င္ရတဲ့အခါေတာင္ မသိသလိုပါပဲ ။ ကိုယ့္ကိုယ္ကိုယ္ ႀကိတ္ငို႐ုံကလြဲလို႔ သူ႔ဆီက ဘာမွ ေမွ်ာ္လင့္ခြင့္ေတြလဲ မရွိခဲ့သလို .. ေမွ်ာ္ေနမလားဆိုတဲ့ အသိနဲ႔ ဖုန္းဆက္လာဖို႔ သတိမရဘူး တစ္ညလုံးေတာ့ ဂိမ္းေဆာ့ေနတတ္တယ္ ။

ကြၽန္မ … ေနရာတကာ ၀င္ပါတတ္တဲ့လူတစ္ေယာက္ေတာ့ မဟုတ္ဘူးေပါ့ ။ ဒါေပမယ့္ ကိုယ့္အတြက္အေရးပါတဲ့လူတစ္ေယာက္ဆီကေန တစ္ခါတစ္ေလ အေရးတယူေလး ျဖစ္ခ်င္တယ္ ။ အခ်စ္ဆိုတာ တကယ္ပဲ ႏွစ္ေတြၾကာတာ မၾကာတာနဲ႔ မဆိုင္သလို တကယ္ပဲ ကိုယ္အခ်စ္ေတြ စစ္မွန္ေန႐ုံနဲ႔ ျပန္ၿပီးရလာမွာ မဟုတ္ဘူး ။

ခ်စ္ေယာင္ေဆာင္ထားတဲ့ မ်က္ႏွာဖုံးေတြ ကြာက်လာတဲ့အခါ သူမခ်စ္မွန္းတေျဖးေျဖးသိလာခဲ့သလို အစကတည္းက မခ်စ္တဲ့သူက ကိုယ္ဘယ္ေလာက္ပဲခ်စ္ခ်စ္ သူျပန္ခ်စ္လာမွာမဟုတ္မွန္း သိလာခဲ့တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း