ကိုယ်အလေးထား သလောက် ပြန်အလေးမထားတဲ့ အရပ်မှာနေနေ ရတာ တစ်ခါတစ်လေကျ .. ကိုယ့်ကိုယ်ကို ဘာမှန်း မသိအောင် ဖြစ်လာ တတ်တယ် ကျွန်မက ဘာလဲ ဆိုတဲ့မေးခွန်းမျိုး ကျွန်မကိုယ် ကျွန်မ မေးပြီး ကျွန်မမှာ ဆောက်တည် ရာမရတွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် အခါခါပါပဲ ။
လှည့်ထွက်ခဲ့လိုက်ပါတဲ့ ကျွန်မ သိပါတယ် ။ ကျွန်မ မလုပ်နိုင် သေးတာ ။ ကိုယ့်ဘက်က … အစစ်အမှန်တွေ ပေးနေ ပါရဲ့နဲ့ တစ်ဖက်က ပြန်ရလာ တာတွေက အပေါ်ယံတွေပဲ ဖြစ်နေတဲ့အခါ တစ်ခါတစ်လေ ကျတော့ ငိုချင် တယ် ။
သက်ရောက်မှု တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ် ဆိုပေမယ့် ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုဖြစ်ဖို့တော့ မလွယ်ကူ ဘူးလေ ကိုယ်ပေး သလို ပြန်ရချင်မှ ရလာ လိမ့်မယ် ကိုယ်ထား တဲ့စေတနာတွေ တန်ဖိုး နားလည်ချင်မှ နားလည် လိမ့်မယ် ။
ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ပေး တဲ့စေတနာတွေကို တန်ဖိုးလေး နားလည်စေ ချင်တာတော့ အမှန်ပဲ ။
ကျွန်မ … ဒီအရာကို ပေးပြီး သွားပြီ ပြန်ရလာ လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဘယ်အရာ ကိုမှ မပေးခဲ့ဖူးဘူး မေတ္တာပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် …ဘယ်အရာကို မဆို ကိုယ့်ဘက်က ပေးနိုင်တယ် ဆိုတာအရာတွေ မတွန့်တိုပဲ ပေးခဲ့တာပါ …
တစ်ဖက်က ကျိန်းသေပြန်ရလာ လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ကျွန်မ ပေးခဲ့တာ မဟုတ်ဘူး . ပြန်ပြီး မသိတတ် ချင်နေပါ ကိုယ်ပေးတဲ့ အရာလေးတွေကို တန်ဖိုး ထားတတ်စေချ င်တယ် ။
တစ်ခါတစ်လေမှာ ကိုယ်အဆင်ပြေနေ လွန်းလို့ ကူညီပေးနေတာ မဟုတ်ဘူး ကိုယ်အဆင် မပြေတဲ့ကြားက အဆင်ပြေ ပါစေဆိုတဲ့ စိတ်နဲ့ စာနာပေးခဲ့တာ …
ဇာတ်လမ်းတွေ ဆုံးတော့ တကယ်တမ် းဒုက္ခတွေနဲ့ ကျန်ခဲ့တဲ့ သူက ကိုယ်ဖြစ်နေရုံ ကလွဲလို့ဘာမှ ထပ်ပြီး ပိုမလာခဲ့ဘူး … နောင်တရတယ် ဆိုတာထက် ဝမ်းနည်း တာပါ ။ ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အခါ အနည်းနဲ့ အများးတော့ ခံစားရ တာတွေ ချည်းပဲလေ …
ကျွန်မမှာ ခံစားရတာတွေ များလာတော့ … ကိုယ်နဲ့မဆိုင် ပါဘူးလေ ဆိုတဲ့ အတွေးတွေးတတ်ချင်လာတယ် … အဆင်ပြေ သွားမှ ာဆိုပြီး မျက်နှာလွဲ တတ်ချင် လာတယ် .. တကယ်ဆို ကျွန်မလဲ ပြန်ပြီး ငဲ့ကြည့်ဖို့ တန်ဖိုးထားဖို့ထိုက်တန် ချင်ပါ တယ် ။
သျှင်ယွန်
Unicode
စေတနာတွေကို တန်ဖိုးထားစေချင်တယ်