အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားက အမှန်တကယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ပိုမှန်နိုင်ပါတယ်။
ဘာလို့ဆို အချစ်ကြီးတဲ့မိန််းမသားတွေဟာ သူတို့ချစ်မိတဲ့သူအတွက် ဘာမဆိုပေးဆပ်ဖို့ဝန်မလေးသလို၊ သူတို့အချစ်ကိုတန်ဖိုးမထားဘဲ နာကျင်အောင်လုပ်ရင်တော့ လုံးဝလှည့်မကြည့်တော့ဘဲကျောခိုင်းသွားတတ်လို့ပါ။
အချစ်ကြီးတဲ့ မိန်းမတစ်ယောက်ဟာ….. အရှုံးပေးရတယ်လိို့မတွေးဘူး
ချစ်မိသွားပြီဆိုရင် ကိုယ်ချစ်တဲ့သူကရော ကိုယ်ချစ်သလောက်ကိုယ့်ကိုချစ်ရဲ့လား ၊ တကယ်ရောချစ်ရဲ့လားဆိုတာကို သံသယဖြစ်တတ်ကြပြီး
ကိုယ်ချစ်သလောက်ကိုယ့်ကိုမချစ်ဘူးလို့ထင်တဲ့အခါ အရှုံးသမားလိုခံစားရပါတယ််။ အချစ်ကြီးတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။
သူ့ဘက်က ကိုယ့်လောက်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က အကောင်းဆုံးချစ်သွားပြီး ပေးဆပ်တတ်ပါတယ်။ ဒါကို ရှုံးတယ်လို့လည်းမတွေးပါဘူး။
မျှော်လင့်ချက်အနည်းဆုံးထားတယ်
ကိုယ့်ဘက်ကအကောင်းဆုံးတွေကိုပဲပေးလို့ သူ့ဆီက ဘာတွေပြန်ရရမယ်ဆိုတဲ့စိတ်မျိုးမထားဘူး။ ဒီချစ်ခြင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်ကိုအနည်းဆုံးပဲထားထားတယ်။
အကြိမ်ကြိမ်ခွင့်လွှတ်နိုင်တယ်
အမှားတွေခဏခဏလုပ်ပေမယ့် ၊ ကိုယ့်ကိုစိတ်ပျက်စေမယ့်အပြုအမူတွေလုပ်ပေမယ့် အကြိမ်ကြိမ်ခွင့်လွှတ်ပေး၊ နားလည်ပေးနိုင်တာလည်း အချစ်ကြီးချစ်ကြသူတွေပါပဲ။
အကောင်းဆုံးတွေကိုသာပေးချင်တယ်
သူနဲ့ချစ်နေတဲ့အချိန်မှာ အရှုံးအမြတ်တွက်တာတွေမရှိဘဲ ကိုယ့်ဘက်ကအကောင်းဆုံးဘာတွေပေးနိုင်မလဲဆိုတာကိုပဲ တွေးတယ်။ ကိုယ်တတ်နိုင်တာတွေရဲ့ အကောင်းဆုံးတွေကိုပဲပေးတယ်။
စိတ်နာသွားရင်တော့ဘာကြီးပဲဖြစ်နေနေလှည့်မကြည့်တော့ဘူး
အချစ်ကြီးတဲ့သူတွေဟာ ကိုယ့်ဘက်ကအကောင်းဆုံးကိုပေးချင်တယ်၊ ဘာပြန်ရရမယ်ဆိုတဲ့မျှော်လင့်ချက်အနည်းဆုံးထားတတ်တယ််၊ အမှားလုပ်ရင်လည်း အကြိမ်ကြိမ်ခွင့်လွှတ်ပေးတယ်။ ဒါပေမယ့် သူတို့ကိုစိတ်နာသွားအောင်လုုပ်ရင်တော့ သင်ဘာကြီးပဲဖြစ်နေဖြစ်နေ လုံးဝလှည့်ကြည့်တော့မှာမဟုတ်ပါဘူး။
ခရက်ဒစ် PP
Zawgyi
အခ်စ္ႀကီးရင္ အမ်က္ႀကီးတယ္ဆိုတဲ့စကားက အမွန္တကယ္ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ မိန္းမသားေတြအတြက္ ပိုမွန္ႏိုင္ပါတယ္။
ဘာလို႔ဆို အခ်စ္ႀကီးတဲ့မိန္္းမသားေတြဟာ သူတို႔ခ်စ္မိတဲ့သူအတြက္ ဘာမဆိုေပးဆပ္ဖို႔ဝန္မေလးသလို၊ သူတို႔အခ်စ္ကိုတန္ဖိုးမထားဘဲ နာက်င္ေအာင္လုပ္ရင္ေတာ့ လုံးဝလွည့္မၾကည့္ေတာ့ဘဲေက်ာခိုင္းသြားတတ္လို႔ပါ။
အခ်စ္ႀကီးတဲ့ မိန္းမတစ္ေယာက္ဟာ….. အရႈံးေပးရတယ္လိို႔မေတြးဘူး
ခ်စ္မိသြားၿပီဆိုရင္ ကိုယ္ခ်စ္တဲ့သူကေရာ ကိုယ္ခ်စ္သေလာက္ကိုယ့္ကိုခ်စ္ရဲ႕လား ၊ တကယ္ေရာခ်စ္ရဲ႕လားဆိုတာကို သံသယျဖစ္တတ္ၾကၿပီး
ကိုယ္ခ်စ္သေလာက္ကိုယ့္ကိုမခ်စ္ဘူးလို႔ထင္တဲ့အခါ အရႈံးသမားလိုခံစားရပါတယ္္။ အခ်စ္ႀကီးတဲ့သူေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။
သူ႔ဘက္က ကိုယ့္ေလာက္ခ်စ္သည္ျဖစ္ေစ၊ မခ်စ္သည္ျဖစ္ေစ ကိုယ္က အေကာင္းဆုံးခ်စ္သြားၿပီး ေပးဆပ္တတ္ပါတယ္။ ဒါကို ရႈံးတယ္လို႔လည္းမေတြးပါဘူး။
ေမွ်ာ္လင့္ခ်က္အနည္းဆုံးထားတယ္
ကိုယ့္ဘက္ကအေကာင္းဆုံးေတြကိုပဲေပးလို႔ သူ႔ဆီက ဘာေတြျပန္ရရမယ္ဆိုတဲ့စိတ္မ်ိဳးမထားဘူး။ ဒီခ်စ္ျခင္းနဲ႔ပတ္သက္လို႔ ေမွ်ာ္လင့္ခ်က္ကိုအနည္းဆုံးပဲထားထားတယ္။
အႀကိမ္ႀကိမ္ခြင့္လႊတ္ႏိုင္တယ္
အမွားေတြခဏခဏလုပ္ေပမယ့္ ၊ ကိုယ့္ကိုစိတ္ပ်က္ေစမယ့္အျပဳအမူေတြလုပ္ေပမယ့္ အႀကိမ္ႀကိမ္ခြင့္လႊတ္ေပး၊ နားလည္ေပးႏိုင္တာလည္း အခ်စ္ႀကီးခ်စ္ၾကသူေတြပါပဲ။
အေကာင္းဆုံးေတြကိုသာေပးခ်င္တယ္
သူနဲ႔ခ်စ္ေနတဲ့အခ်ိန္မွာ အရႈံးအျမတ္တြက္တာေတြမရွိဘဲ ကိုယ့္ဘက္ကအေကာင္းဆုံးဘာေတြေပးႏိုင္မလဲဆိုတာကိုပဲ ေတြးတယ္။ ကိုယ္တတ္ႏိုင္တာေတြရဲ႕ အေကာင္းဆုံးေတြကိုပဲေပးတယ္။
စိတ္နာသြားရင္ေတာ့ဘာႀကီးပဲျဖစ္ေနေနလွည့္မၾကည့္ေတာ့ဘူး
အခ်စ္ႀကီးတဲ့သူေတြဟာ ကိုယ့္ဘက္ကအေကာင္းဆုံးကိုေပးခ်င္တယ္၊ ဘာျပန္ရရမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္အနည္းဆုံးထားတတ္တယ္္၊ အမွားလုပ္ရင္လည္း အႀကိမ္ႀကိမ္ခြင့္လႊတ္ေပးတယ္။ ဒါေပမယ့္ သူတို႔ကိုစိတ္နာသြားေအာင္လုုပ္ရင္ေတာ့ သင္ဘာႀကီးပဲျဖစ္ေနျဖစ္ေန လုံးဝလွည့္ၾကည့္ေတာ့မွာမဟုတ္ပါဘူး။
ခရက္ဒစ္ PP