အခ်စ္နွင့္ဘဝ
Unicode
အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ
ချစ်သူတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံချင်း၊ ဂရုစိုက်ပုံချင်းတူကြမှာမဟုတ်ပါဘူး။ တချို့ကျတော့ ချစ်တာကို သက်သေမပြတတ်ဘူး ၊ ဒါပေမယ့် အရမ်းချစ်တယ်။ တချို့ကျတော့ ချစ်သလောက် လုပ်ပေးတတ်တယ်။ သင့်ချစ်သူက သင့်ကို အချက်တွေနဲ့ ကိုက်ညီနေအောင် လုပ်ပေးနေပြီးဆိုရင်တော့ သင့်အချစ်ရေးမှာ ကံကောင်းသူလေးဖြစ်နေပါပြီ။
၁။ သူက သင့်အတွက် တံခါးဖွင့်ပေးတယ်။ သင့်ထက် တံခါးဆီကို အရင်ပြေးသွားပြီး ဖွင့်ပေးတယ်။
၂။ သူ သင့်အကြောင်းကိုပဲတွေးနေတယ်ဆိုတာ သက်သေပြချင်လို့ သင့်ကြိုက်တဲ့အရာလေးတွေကို ဝယ်ပေးတယ်။
၃။ သူ့သူငယ်ချင်းတွေကို သင်ဆိုးတယ်ဆိုတဲ့အကြောင်းတွေကို ပြောခဲတယ်။
၄။ သူ့မှာ အရေးကြီးကိစ္စရှိနေလို့ နောက်မှဖုန်းခေါ်မယ်ပြောပြီးရင် ပြီးတာနဲ့ သင့်ဆီကို ချက်ချင်းဖုန်းပြန်ဆက်တယ်။
၅။ သင်ကတောင် တောင်းဆိုစရာမလိုဘဲနဲ့ သင့်အကြိုက်ကို သိနေတယ်။
၆။ သင်ခံစားနေရတာတွေကို နှစ်သိမ့်ပေးတယ်။
၇။ သင့်ကို ချစ်စနိုးနာမည်ပြောင်လေးတွေနဲ့ခေါ်တယ်။
၈။ သင်စိတ်ညစ်နေတဲ့အချိန်တွေမှာ ရယ်စရာဟာသတွေပြောပေးတယ်။
၉။ သင့်ဆီက ဘယ်ကိုမှ မမျှော်လင့်ထားဘဲ ချစ်တယ်။
၁၀။ သင့်ရဲ့တစ်နေ့တာ အကြောင်းကို အမြဲမေးလေ့ရှိတယ်။
၁၁။ သင့်ကို မလိမ်ဘူး။ သူ့မှာ ပြဿနာတစ်ခုခုရှိနေရင် သင့်ကို အပွင့်လင်းဆုံးပြောပြတယ်။
၁၂။ သင် သူ့ကိုလိုအပ်နေတဲ့အချိန်တွေမှာဆို သင့်ဘေးနားကို အရောက်လာတယ်။
၁၃။ သင်ငိုနေတာကို မမြင်ချင်ဘူး။ ဒါကြောင့် သင့်ကို အမြဲပျော်အောင်ထားတယ်။
၁၄။ သူနဲ့သင် ရန်ဖြစ်ပြီးကြရင် မှားမှား၊မှန်မှန် သူပဲ စတောင်းပန်တယ်။
၁၅။ သင့်အတွက် အရေးကြီးတဲ့အရာကလည်း သူ့အတွက်အရေးကြီးတယ်။ သင့်မိဘက သူကို ဘယ်လိုမြင်မလဲဆိုတာကအစ ဂရုစိုက်တယ်။
၁၆။ သူက သင်ဆိုတာကို ချစ်တယ်။ သင့်ရဲ့ အရာအားလုံးကို ချစ်တယ်။ သင် ဘာပဲဖြစ်ဖြစ် သင့်ကိုချစ်တယ်။
Credit : Hannwe Soe (Auntymay)