မ်က္ႏွာမ်ားတဲ့ ေယာက်္ားေတြမွာ ေတြ႕ရတတ္တဲ့ အမူအက်င့္မ်ား
မိန္းကေလးအမ်ားစုက သူတုိ႔ရဲ႕ အခ်စ္ကို တစ္ေယာက္ဆိုတစ္ေယာက္ ပံုေအာခ်စ္တတ္ၾကေပမယ့္ တစ္ခ်ိဳ႕ေသာေယာက်္ားေလးေတြကေတာ့ အခ်စ္ေတြေဝမွ်ရတာကို ႀကိဳက္ႏွစ္သက္တတ္သူေတြပါ …
သူတို႔ေတြရဲ႕ အခ်စ္ဟာ အရမ္းကို မ်ားျပားလြန္းၿပီး တစ္ဦးတစ္ေယာက္တည္းနဲ႔ မေက်နပ္ႏုိင္ပဲ တစ္ျခား သူေတြကိုပါ ေဝမွ်တတ္တဲ့ မ်က္ႏွာမ်ားသူေတြ ျဖစ္ၾကပါတယ္ …။
မ်က္ႏွာမ်ားတဲ့ သူဟုတ္မဟုတ္ဆိုတာကို သူတုိ႔ရဲ႕႐ုပ္ရည္ကို ၾကည့္႐ံုနဲ႔ မသိႏုိင္ေပမယ့္လုိ႔ သူတုိ႔ရဲ႕ အမူအက်င့္ေတြကတစ္ဆင့္ သိႏုိင္ပါတယ္။ မ်က္ႏွာမ်ားတဲ့ ေယာက်္ားေတြမွာ ဒီလုိ အမူအက်င့္ေတြ ႐ွိလို႔ေနပါတယ္ …။
(၁) အေျပာေကာင္းတယ္
အေျပာေကာင္းတိုင္းေတာ့ မ်က္ႏွာမ်ားတယ္လို႔ ေျပာလို႔မရေပမယ့္ မ်က္ႏွာမ်ားတဲ့သူတိုင္းကေတာ့ အေျပာေကာင္းၾကပါတယ္။ သူတို႔ရဲ႕ ပစ္မွတ္ကိုခ်ိန္႐ြယ္ဖို႔ အေျပာခ်ိဳခ်ိဳေလးေတြနဲ႔ ပထမဆံုး စတင္တတ္ၾကပါတယ္ …။
မိန္းကေလးေတြက အေျပာေကာင္းတဲ့လူေတြကို သေဘာက်တတ္ၾကတာကို သိထားၿပီး ဘယ္လိုပံုစံမ်ိဳးေျပာရင္ သူတုိ႔ဖက္ပါလာမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ သူေတြပဲ ျဖစ္ပါတယ္ …။
သူတုိ႔ေတြဟာ မိန္းကေလးေတြရဲ႕ အမူအက်င့္ေတြကို ေကာင္းေကာင္းေလ့လာသိ႐ွိထားတဲ့ သူေတြပါ။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ အေျပာေကာင္းတဲ့သူကို ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ ေသခ်ာေလ့လာဖုိ႔ လိုအပ္္ပါလိမ့္မယ္ …။
(၂) ကတိလြယ္လြယ္ ေပးတတ္ျခင္း
မ်က္ႏွာမ်ားတဲ့ ေယာက်ာ္းေတြရဲ႕ အက်င့္ေတြထဲကတစ္ခုက ကတိလြယ္လြယ္ေပးတတ္တာပဲ ျဖစ္ပါတယ္။ မိန္းကေလးေတြရဲ႕ ယံုၾကည္မႈရေအာင္ ကတိေတြကို သူတည္ႏုိင္သည္ျဖစ္ေစ၊ မတည္ႏုိင္သည္ျဖစ္ေစ လြယ္လြယ္ကူကူ ေပးတတ္ၾကပါတယ္ …။
ေပးၿပီးသား ကတိေတြကလည္း မတည္ႏုိင္တာ ပိုမ်ားပါတယ္။ သူတုိ႔က လက္႐ွိအခ်ိန္ကို အေကာင္းဆံုးျဖစ္သြားေစမယ့္ အေျခအေနကိုပဲ ဖန္တီးတတ္ၾကၿပီး ေနာက္ပိုင္းျဖစ္ခ်င္ရာျဖစ္ သေဘာထားတဲ့ သူေတြပါ …။
(၃) အမွားေတြ ထပ္တလဲလဲ က်ဴးလြန္တတ္ျခင္း
သူတုိ႔ေတြဟာ ေပးထားတဲ့ကတိေတြကို ခ်ိဳးဖ်က္ဖို႔ ဝန္မေလးသလုိပဲ အမွားေတြလဲ ထပ္ထလဲလဲ က်ဴးလြန္တတ္သူေတြ ျဖစ္ၾကပါတယ္။ အမွားေတြအတြက္ ခဏေလာက္ေတာင္းပန္ၿပီးသြားၿပီးရင္ ထပ္ၿပီးအမွားေတြ က်ဴးလြန္ဖို႔ အဆင္သင့္ျဖစ္ေနတတ္ သူေတြပါ။ အေျပာနဲ႔အလုပ္နဲ႔ မညီတဲ့သူေတြ ျဖစ္ၾကပါတယ္ …။
(၄) မိန္းကေလးေတြနဲ႔ လိုတာထက္ပိုၿပီး အေရာတဝင္ ေနတတ္ျခင္း
မ်က္္ႏွာမ်ားတဲ့ ေယာက်္ားအမ်ားစုက မိန္းကေလးေတြနဲ႔ အေရာတဝင္ ရင္းရင္းႏွီးႏွီး ေနတတ္သူေတြပါ။ သူတို႔ေတြဟာ အီစီကလီ အထာေပးရတာေတြကို သေဘာက်ၿပီး ပိုလွပိုေခ်ာတဲ့ ေကာင္မေလးေတြေတြ႔ရင္ အခ်ိန္မေ႐ြး ဂြင္ဖန္တတ္တဲ့ သူေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ကိုယ့္ရဲ႕ခ်စ္သူကို ေသခ်ာေလ့လာၿပီးမွ ေ႐ြးခ်ယ္သင့္ပါတယ္ေနာ္ …။ ။
Khin / Credit:Mia (Momolay)
===========
Unicode
မျက်နှာများတဲ့ ယောကျ်ားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ
မိန်းကလေးအများစုက သူတို့ရဲ့ အချစ်ကို တစ်ယောက်ဆိုတစ်ယောက် ပုံအောချစ်တတ်ကြပေမယ့် တစ်ချို့သောယောကျ်ားလေးတွေကတော့ အချစ်တွေဝေမျှရတာကို ကြိုက်နှစ်သက်တတ်သူတွေပါ …
သူတို့တွေရဲ့ အချစ်ဟာ အရမ်းကို များပြားလွန်းပြီး တစ်ဦးတစ်ယောက်တည်းနဲ့ မကျေနပ်နိုင်ပဲ တစ်ခြား သူတွေကိုပါ ဝေမျှတတ်တဲ့ မျက်နှာများသူတွေ ဖြစ်ကြပါတယ် …။
မျက်နှာများတဲ့ သူဟုတ်မဟုတ်ဆိုတာကို သူတို့ရဲ့ရုပ်ရည်ကို ကြည့်ရုံနဲ့ မသိနိုင်ပေမယ့်လို့ သူတို့ရဲ့ အမူအကျင့်တွေကတစ်ဆင့် သိနိုင်ပါတယ်။ မျက်နှာများတဲ့ ယောကျ်ားတွေမှာ ဒီလို အမူအကျင့်တွေ ရှိလို့နေပါတယ် …။
(၁) အပြောကောင်းတယ်
အပြောကောင်းတိုင်းတော့ မျက်နှာများတယ်လို့ ပြောလို့မရပေမယ့် မျက်နှာများတဲ့သူတိုင်းကတော့ အပြောကောင်းကြပါတယ်။ သူတို့ရဲ့ ပစ်မှတ်ကိုချိန်ရွယ်ဖို့ အပြောချိုချိုလေးတွေနဲ့ ပထမဆုံး စတင်တတ်ကြပါတယ် …။
မိန်းကလေးတွေက အပြောကောင်းတဲ့လူတွေကို သဘောကျတတ်ကြတာကို သိထားပြီး ဘယ်လိုပုံစံမျိုးပြောရင် သူတို့ဖက်ပါလာမလဲဆိုတာ ကောင်းကောင်းသိတဲ့ သူတွေပဲ ဖြစ်ပါတယ် …။
သူတို့တွေဟာ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကို ကောင်းကောင်းလေ့လာသိရှိထားတဲ့ သူတွေပါ။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အပြောကောင်းတဲ့သူကို ရွေးချယ်တော့မယ်ဆိုရင် သေချာလေ့လာဖို့ လိုအပ်ပါလိမ့်မယ် …။
(၂) ကတိလွယ်လွယ် ပေးတတ်ခြင်း
မျက်နှာများတဲ့ ယောကျာ်းတွေရဲ့ အကျင့်တွေထဲကတစ်ခုက ကတိလွယ်လွယ်ပေးတတ်တာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ယုံကြည်မှုရအောင် ကတိတွေကို သူတည်နိုင်သည်ဖြစ်စေ၊ မတည်နိုင်သည်ဖြစ်စေ လွယ်လွယ်ကူကူ ပေးတတ်ကြပါတယ် …။
ပေးပြီးသား ကတိတွေကလည်း မတည်နိုင်တာ ပိုများပါတယ်။ သူတို့က လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်သွားစေမယ့် အခြေအနေကိုပဲ ဖန်တီးတတ်ကြပြီး နောက်ပိုင်းဖြစ်ချင်ရာဖြစ် သဘောထားတဲ့ သူတွေပါ …။
(၃) အမှားတွေ ထပ်တလဲလဲ ကျူးလွန်တတ်ခြင်း
သူတို့တွေဟာ ပေးထားတဲ့ကတိတွေကို ချိုးဖျက်ဖို့ ဝန်မလေးသလိုပဲ အမှားတွေလဲ ထပ်ထလဲလဲ ကျူးလွန်တတ်သူတွေ ဖြစ်ကြပါတယ်။ အမှားတွေအတွက် ခဏလောက်တောင်းပန်ပြီးသွားပြီးရင် ထပ်ပြီးအမှားတွေ ကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေတတ် သူတွေပါ။ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူတွေ ဖြစ်ကြပါတယ် …။
(၄) မိန်းကလေးတွေနဲ့ လိုတာထက်ပိုပြီး အရောတဝင် နေတတ်ခြင်း
မျက်နှာများတဲ့ ယောကျ်ားအများစုက မိန်းကလေးတွေနဲ့ အရောတဝင် ရင်းရင်းနှီးနှီး နေတတ်သူတွေပါ။ သူတို့တွေဟာ အီစီကလီ အထာပေးရတာတွေကို သဘောကျပြီး ပိုလှပိုချောတဲ့ ကောင်မလေးတွေတွေ့ရင် အချိန်မရွေး ဂွင်ဖန်တတ်တဲ့ သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ချစ်သူကို သေချာလေ့လာပြီးမှ ရွေးချယ်သင့်ပါတယ်နော် …။ ။
Khin / Credit:Mia (Momolay)