အခ်စ္နွင့္ဘဝ

သူေၾကာင့္ ဒီလိုေတြခံစားေနရျပီဆိုရင္ေတာ့ သူ႔ကို သင္အရူးအမူးစြဲလန္းေနမိပါျပီ……

သူေၾကာင့္ ဒီလိုေတြခံစားေနရျပီဆိုရင္ေတာ့ သူ႔ကို သင္အရူးအမူးစြဲလန္းေနမိပါျပီ

လူတစ္ေယာက္ကို စြဲလန္းမိသြားရင္ အရမ္းကို ခံစားရပါတယ္။ ခ်စ္တဲ့အဆင့္က သိပ္ျပီး မခံစားရေပမယ့္ စြဲလန္းတဲ့ အဆင့္ကုိေရာက္သြားရင္ အရမ္းကို ခံစားရခက္ခဲလွပါတယ္။ တကယ္လို႔ လူတစ္ေယာက္နဲ႕ ပတ္သက္ျပီး ဒီလိုေတြ ခံစားေနရရင္ သူ႔ကိုသင္ အၾကီးအက်ယ္စြဲလန္းမိေနတာ ေသခ်ာပါတယ္။

(၁) မိ္ုးလင္းမိုးခ်ဳပ္သူ႔အေၾကာင္းပဲေတြး

မ်က္စိႏွစ္လံုးပြင့္တာနဲ႔ သူ႔အေၾကာင္း၊ အိပ္ခါနီးလည္း သူ႔အေၾကာင္းေတြးေတြးျပီး အိပ္သြားတာမ်ိဳးပါ။ ဒီခံစားခ်က္ဟာ တစ္ခါတေလကိုယ့္ကို ေပ်ာ္ေစသလို ကုိယ့္ကိုနာက်င္ေစပါတယ္။ တစ္ေနကုန္လညး္ သူ႔အေၾကာင္းကလြဲျပီးဘာမွကို မေတြးခ်င္၊ မလုပ္ခ်င္ပဲ တစ္ခါတေလ တငိုင္ငိုင္ ျဖစ္ေနတတ္ပါတယ္။

(၂) ေျခရာခံမယ္

သူ႔ရဲ႕ ရွိသမွ် ဆက္သြယ္လို႔ရမယ့္၊ ေျခရာခံလို႔ရမယ့္ ေနရာတိုင္းကေန သူ႔ကို ေျခရာခံမိဖို့ၾကိဳးစားေနမိမွာပါ။ သူဘာလုပ္တယ္၊ ဘယ္သြားတယ္၊ ဘယ္သူနဲ႔လဲ ဆိုတာေတြအားလံုးကို သင္သိခ်င္ေနသလို သိေအာင္လည္း သင္ၾကိဳးစားေနမိမွာပါ။ တစ္ခါတေလက်ရင္ ဒီလိုေတြလုပ္ေနမိလို႔ သူမ်ားေတြရဲ႕ အထင္အျမင္ေသးတာေတာင္ ခံရႏိုင္ပါတယ္။ ဒါေပမယ့္ သင္လည္း သိသိၾကီးနဲ႔ မ်က္စိစံုမွိတ္ျပီး ေရွ႔ဆက္တိုးဖို႔ပဲ စဥ္းစားေနမိမွာပါ။

(၃) အလိုလိုဝမ္းနည္းတယ္

တစ္ခါတေလ သူ႔အေၾကာင္းေတြးမိလိုက္တာနဲ႔ကို အလိုလို ဝမ္းနည္းလာမွာပါ။ သင္ဂရုစိုက္သလို သူျပန္ဂရုမစိုက္တဲ့အခါ၊ သင္ခ်စ္သလို သူျပန္မခ်စ္တဲ့အခါေတြမွာ သင္အရမး္ဝမ္းနည္းေနရမွာပါ။ သူ႔ကို စြဲလနး္မႈေတြ ပိုိပိုမ်ားလာတာနဲ႔အမွ် ေမွ်ာ္လင့္ခ်က္ေတြလည္း အရမး္ကို မ်ားလာမွာျဖစ္တဲ့အတြက္ သင္ေမွ်ာ္လင့္ထားသလို မျဖစ္တိုင္း အၾကိမ္ၾကိမ္နာက်င္ရမွာပါ။

(၄) သဝန္တိုတယ္

သင္နဲ႔သူနဲ႔ေဝးေနတဲ့ အခ်ိန္ေတြက်ရင္ သူ႔အနားမွာေနခြင့္ရတဲ့ သူအားလံုးကို သင္မနာလိုေနမွာျဖစ္ပါတယ္။ သူတို႔နဲ႔မ်ားၾကိဳက္သြားမလား၊ သူတို႔နဲ႔မ်ား ဇာတ္လမ္းရွိမလား တစ္ခ်ိန္လံုးစိုးရိမ္ေနတာနဲ႔ပဲ ေန႔တိုင္း ပူေလာင္ေနရမွာပါ။ အျမဲတမ္းဒီလိုျဖစ္ေနတတ္တဲ့ သင့္ကိုသင္တစ္ခါတေလေတာ့ မုန္းေနမိေပမယ့္ ကိုယ့္ကိုယ္ကိုလည္း မထိန္းႏိုင္ျပန္ပါဘူး။

(၅) အရႈံးေပးထားတယ္

သင္ဟာအျမဲတမ္းကိုယ့္ကိုယ္ကို ရႈံးတဲ့ဘက္က သတ္မွတ္ထားျပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ သူဘာပဲလုပ္လုပ္၊ ဘာပဲျဖစ္ေနျဖစ္ေန သူ႔ရဲ႕ အရွိအတိုင္းသင္လက္ခံမွာပါ။ သူမ်ားေတြက သူ႔မေကာင္းေၾကာင္းေတြ၊ သူ႔အျပစ္ေတြကို ဘယ္ေလာက္ပဲ ေျပာေျပာ သင့္နားထဲမဝင္ေတာ့ပါဘူး။ ခ်စ္တဲ့ စိတ္အျပင္ကို စြဲလန္းတဲ့ စိတ္က ပိုၾကီးေနတာေၾကာင့္ သူမရွိရင္ သင့္ဘဝၾကီး အဓိပၸါယ္မရွိေတာ့ေလာက္ေအာင္ကို ေျခာက္ကပ္ေနမွာကို သင္သိျပီးသားျဖစ္ေနလို႔ပါ။

Em Em(Auntymay)

Unicode,

သူကြောင့် ဒီလိုတွေခံစားနေရပြီဆိုရင်တော့ သူ့ကို သင်အရူးအမူးစွဲလန်းနေမိပါပြီ

လူတစ်ယောက်ကို စွဲလန်းမိသွားရင် အရမ်းကို ခံစားရပါတယ်။ ချစ်တဲ့အဆင့်က သိပ်ပြီး မခံစားရပေမယ့် စွဲလန်းတဲ့ အဆင့်ကိုရောက်သွားရင် အရမ်းကို ခံစားရခက်ခဲလှပါတယ်။ တကယ်လို့ လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဒီလိုတွေ ခံစားနေရရင် သူ့ကိုသင် အကြီးအကျယ်စွဲလန်းမိနေတာ သေချာပါတယ်။

(၁) မိုးလင်းမိုးချုပ်သူ့အကြောင်းပဲတွေး

မျက်စိနှစ်လုံးပွင့်တာနဲ့ သူ့အကြောင်း၊ အိပ်ခါနီးလည်း သူ့အကြောင်းတွေးတွေးပြီး အိပ်သွားတာမျိုးပါ။ ဒီခံစားချက်ဟာ တစ်ခါတလေကိုယ့်ကို ပျော်စေသလို ကိုယ့်ကိုနာကျင်စေပါတယ်။ တစ်နေကုန်လည်း သူ့အကြောင်းကလွဲပြီးဘာမှကို မတွေးချင်၊ မလုပ်ချင်ပဲ တစ်ခါတလေ တငိုင်ငိုင် ဖြစ်နေတတ်ပါတယ်။

(၂) ခြေရာခံမယ်

သူ့ရဲ့ ရှိသမျှ ဆက်သွယ်လို့ရမယ့်၊ ခြေရာခံလို့ရမယ့် နေရာတိုင်းကနေ သူ့ကို ခြေရာခံမိဖို့ကြိုးစားနေမိမှာပါ။ သူဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူနဲ့လဲ ဆိုတာတွေအားလုံးကို သင်သိချင်နေသလို သိအောင်လည်း သင်ကြိုးစားနေမိမှာပါ။ တစ်ခါတလေကျရင် ဒီလိုတွေလုပ်နေမိလို့ သူများတွေရဲ့ အထင်အမြင်သေးတာတောင် ခံရနိုင်ပါတယ်။ ဒါပေမယ့် သင်လည်း သိသိကြီးနဲ့ မျက်စိစုံမှိတ်ပြီး ရှေ့ဆက်တိုးဖို့ပဲ စဉ်းစားနေမိမှာပါ။

(၃) အလိုလိုဝမ်းနည်းတယ်

တစ်ခါတလေ သူ့အကြောင်းတွေးမိလိုက်တာနဲ့ကို အလိုလို ဝမ်းနည်းလာမှာပါ။ သင်ဂရုစိုက်သလို သူပြန်ဂရုမစိုက်တဲ့အခါ၊ သင်ချစ်သလို သူပြန်မချစ်တဲ့အခါတွေမှာ သင်အရမ်းဝမ်းနည်းနေရမှာပါ။ သူ့ကို စွဲလန်းမှုတွေ ပိုပိုများလာတာနဲ့အမျှ မျှော်လင့်ချက်တွေလည်း အရမ်းကို များလာမှာဖြစ်တဲ့အတွက် သင်မျှော်လင့်ထားသလို မဖြစ်တိုင်း အကြိမ်ကြိမ်နာကျင်ရမှာပါ။

(၄) သဝန်တိုတယ်

သင်နဲ့သူနဲ့ဝေးနေတဲ့ အချိန်တွေကျရင် သူ့အနားမှာနေခွင့်ရတဲ့ သူအားလုံးကို သင်မနာလိုနေမှာဖြစ်ပါတယ်။ သူတို့နဲ့များကြိုက်သွားမလား၊ သူတို့နဲ့များ ဇာတ်လမ်းရှိမလား တစ်ချိန်လုံးစိုးရိမ်နေတာနဲ့ပဲ နေ့တိုင်း ပူလောင်နေရမှာပါ။ အမြဲတမ်းဒီလိုဖြစ်နေတတ်တဲ့ သင့်ကိုသင်တစ်ခါတလေတော့ မုန်းနေမိပေမယ့် ကိုယ့်ကိုယ်ကိုလည်း မထိန်းနိုင်ပြန်ပါဘူး။

(၅) အရှုံးပေးထားတယ်

သင်ဟာအမြဲတမ်းကိုယ့်ကိုယ်ကို ရှုံးတဲ့ဘက်က သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် သူဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်နေဖြစ်နေ သူ့ရဲ့ အရှိအတိုင်းသင်လက်ခံမှာပါ။ သူများတွေက သူ့မကောင်းကြောင်းတွေ၊ သူ့အပြစ်တွေကို ဘယ်လောက်ပဲ ပြောပြော သင့်နားထဲမဝင်တော့ပါဘူး။ ချစ်တဲ့ စိတ်အပြင်ကို စွဲလန်းတဲ့ စိတ်က ပိုကြီးနေတာကြောင့် သူမရှိရင် သင့်ဘဝကြီး အဓိပ္ပါယ်မရှိတော့လောက်အောင်ကို ခြောက်ကပ်နေမှာကို သင်သိပြီးသားဖြစ်နေလို့ပါ။

Em Em(Auntymay)