အခ်စ္နွင့္ဘဝ

စစ္ကိုင္းတံတားေပၚက မပ်က္ေအာင္ဆိုၿပီး သစၥာျပဳထားတဲ့ ေသာ့တြဲေလးမ်ား

စစ္ကိုင္းတံတားေပၚက ေသာ့တြဲေလးမ်ား

စစ္ကိုင္းတံတားအသစ္(ရတနာပုံ)ရဲ႕ Platform ေပၚမွာ လမ္းေလွ်ာက္ဖူးသူတိုင္း ဒီေသာ့တြဲေလးေတြကို ျမင္ဖူးၾကမွာပါ

ကိုယ္ေတြလည္း ပထမဆုံး ျမင္ဖူးတုန္းက ဘာလုပ္ထားတာလဲေပါ့ ..?

ေနာက္ေတာ့မွ သိရတယ္။ ခ်စ္သူရည္းစားေတြ အတူတူလာခ်ိတ္ထားတာတဲ့ ။ လိုက္ၿပီးေရတြက္ၾကည့္ရင္ ႏွစ္ဖက္ေပါင္းအခု 500 ေတာ့ေက်ာ္မယ္ထင္တယ္ ။

ခ်စ္သူႏွစ္ေယာက္ ေသာ့ႏွစ္ခုကို အတူတူ၀ယ္တယ္။ ၿပီးေတာ့ တံတားေပၚမွာ အခုလိုမ်ိဳးအတြဲေလးျဖစ္ေအာင္ အတူတူခ်ိတ္ၾကတယ္ ။

ၿပီးရင္ ေသာ့တံႏွစ္ခုကိုလည္း အတူတူခ်ိတ္ၿပီး တံတားေပၚကေန ဧရာ၀တီျမစ္ႀကီးထဲကို သစၥာျပဳၿပီး လႊင့္ပစ္ၾကတယ္ေပါ့ ။

ဆိုလိုတာက သူတို႔ႏွစ္ေယာက္ကို ဘယ္သူခြဲခြဲ မကြဲႏိုင္ေတာ့ဘူးေပါ့..။

ကိုယ္ေတာ့ ခုခ်ိန္ထိ အဲ့လို မခ်ိတ္ဖူးေသးဘူး။

ခ်ိတ္မယ္ဆိုလည္း တစ္ေယာက္ထဲ သြားခ်ိတ္႐ုံပဲ ဒီအထိက ေတြးၾကည့္ရင္ တကယ္ ၾကည္ႏူးစရာေလးပါ ။

ဒါေပမယ့္ အဲ့လို သစၥာျပဳထားလွ်က္နဲ႔မွ ခ်စ္သူႏွစ္ေယာက္ ကြဲသြားၿပီဆိုရင္ေတာ့ ႏွစ္ေယာက္ထဲက တစ္ေယာက္စီမွာ ေသာ့အပိုရွိလို႔လား ဒါမွမဟုတ္ သံျဖတ္လႊနဲ႔ပဲ လာျဖတ္သလားမသိ။

တစ္ခ်ိဳ႕ေသာ့ေလးေတြမွာေတာ့ တစ္ခုထဲ အေဖာ္ကြဲလို႔….

ဆိုေတာ့က စစ္ကိုင္းတံတား(ရတနာပုံ)ေပၚ မေတာ္တဆ ေရာက္ခဲ့မယ္ဆိုရင္ ကိုယ္တိုင္ ေသာ့အတူတူ ခ်ိတ္စရာလူ မရွိ‌ဘူးဆိုရင္ေတာင္ သူမ်ားခ်ိတ္ထားတာေလးေတြ လိုက္ၾကည့္ၿပီး စိတ္ကူးယဥ္က်ိပါေပါ့

#Thantoe Aung

Unicode

စစ်ကိုင်းတံတားပေါ်က သော့တွဲလေးများ

စစ်ကိုင်းတံတားအသစ်(ရတနာပုံ)ရဲ့ Platform ပေါ်မှာ လမ်းလျှောက်ဖူးသူတိုင်း ဒီသော့တွဲလေးတွေကို မြင်ဖူးကြမှာပါ

ကိုယ်တွေလည်း ပထမဆုံး မြင်ဖူးတုန်းက ဘာလုပ်ထားတာလဲပေါ့ ..?

နောက်တော့မှ သိရတယ်။ ချစ်သူရည်းစားတွေ အတူတူလာချိတ်ထားတာတဲ့ ။ လိုက်ပြီးရေတွက်ကြည့်ရင် နှစ်ဖက်ပေါင်းအခု 500 တော့ကျော်မယ်ထင်တယ် ။

ချစ်သူနှစ်ယောက် သော့နှစ်ခုကို အတူတူဝယ်တယ်။ ပြီးတော့ တံတားပေါ်မှာ အခုလိုမျိုးအတွဲလေးဖြစ်အောင် အတူတူချိတ်ကြတယ် ။

ပြီးရင် သော့တံနှစ်ခုကိုလည်း အတူတူချိတ်ပြီး တံတားပေါ်ကနေ ဧရာဝတီမြစ်ကြီးထဲကို သစ္စာပြုပြီး လွှင့်ပစ်ကြတယ်ပေါ့ ။

ဆိုလိုတာက သူတို့နှစ်ယောက်ကို ဘယ်သူခွဲခွဲ မကွဲနိုင်တော့ဘူးပေါ့..။

ကိုယ်တော့ ခုချိန်ထိ အဲ့လို မချိတ်ဖူးသေးဘူး။

ချိတ်မယ်ဆိုလည်း တစ်ယောက်ထဲ သွားချိတ်ရုံပဲ ဒီအထိက တွေးကြည့်ရင် တကယ် ကြည်နူးစရာလေးပါ ။

ဒါပေမယ့် အဲ့လို သစ္စာပြုထားလျှက်နဲ့မှ ချစ်သူနှစ်ယောက် ကွဲသွားပြီဆိုရင်တော့ နှစ်ယောက်ထဲက တစ်ယောက်စီမှာ သော့အပိုရှိလို့လား ဒါမှမဟုတ် သံဖြတ်လွှနဲ့ပဲ လာဖြတ်သလားမသိ။

တစ်ချို့သော့လေးတွေမှာတော့ တစ်ခုထဲ အဖော်ကွဲလို့….

ဆိုတော့က စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် မတော်တဆ ရောက်ခဲ့မယ်ဆိုရင် ကိုယ်တိုင် သော့အတူတူ ချိတ်စရာလူ မရှိ‌ဘူးဆိုရင်တောင် သူများချိတ်ထားတာလေးတွေ လိုက်ကြည့်ပြီး စိတ်ကူးယဉ်ကျိပါပေါ့

#Thantoe Aung