အခ်စ္နွင့္ဘဝ

ဆောရီး ..ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ

ဆောရီး ..ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ

ကောင်လေးနဲ့ကောင်မလေးက

ငယ်ငယ်လေးတည်းက

အတူကြီးပြင်းလာကြ သူတွေဖြစ်တယ်။

ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး

ရွာပြင်ဖက် ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။

ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်…

ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာ ချည်းပဲ။

ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့

အိမ်ပြန်ရောက်တဲ့ အထိ မပျော်ရွှင်ခဲ့ဘူး။

ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံ ကြားတော့

ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။

တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့

နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ကောင်လေးက

ကပျာကယာရှေ့တက်ပြီ

း“နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်.

ရော့ ဒါနင့်အတွက်”လို့တောင်းပန်ပြီး

ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို

ကောင်မလေးဆီလှမ်းပေးတယ်။

စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး

အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။

ရိုးသားဖြူစင်တဲ့ ကလေးဘဝကို

အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း

တဖြေးဖြေး ကြီးပြင်းလာခဲ့ ကြတယ်။

★ အဲဒီ “ဆောရီး” က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

★ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။

ကောင်မလေးငိုတဲ့ အထိ သူအစသန်ခဲ့ သလို

ကောင်မလေးရယ်တဲ့ အထိ သူချော့တတ်ခဲ့တယ်

ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို

အမြဲလေခိုးလျှော့ပြီး တစ်နေရာမှာပုန်းနေတတ်တယ်

ခြေမကိုင်မီ၊ လက်မကိုင်မီဖြစ်နေတဲ့

ကောင်မလေးကို ချောင်းကြည့်ရင်း

သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို

သူစောင့်နေတတ်တယ်။

ပြီးတော့ ကောင်မလေးဆီက

လေခိုးလျှော့တဲ့သူခိုးကိုဆူပူကြိမ်းမောင်းသံတွေ

နားထောင်ပြီး သူသဘောကျနေတတ်တယ်။

ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့

အဲဒီလိုအပြုအမူကို သူအရမ်းနှစ်ခြိုက် ခဲ့တယ်

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး

အဝေးကနေ အခုမှရောက်လာဟန်နဲ့

လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ် တယ်။

ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကို

ကြည့်ပြီးသူ ခိုးရယ်တတ်တယ်။

ပြီးမှ စိတ်မကောင်းဟန်နဲ့

“ဆောရီး…. ငါမှားသွားတယ်”လို့

တောင်းပန်တတ်တယ်။

ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ

ပျော့ပျောင်းသွားပြီ

နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို

့ကောင်လေးကို ဆုံးမ တတ်တယ်

။ကောင်မလေးရဲ့ အဆုံးအမအောက်မှာ

ကောင်လေးက ခေါင်းငုံ့လို့နေ့ရက်တွေကို

ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ် ခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး

ကိုယ်စီ အလုပ်ဝင် ကြတယ်။

ကောင်လေးကအလုပ်များပြီး

နားရက်တွေ သိပ်မရှိခဲ့ဘူး။

ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီးေ

ကောင်လေးကို အပြစ်တင်တယ်။

နောက်တော့ ပထမဆုံး အကြိမ် သူတို့ရန်ဖြစ် ခဲ့ကြတယ်။

ကောင်မလေးငိုတော့ ေ

ကာင်လေးက “ဒါ ငါ့အလုပ်အတွက်” လို့

ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာ

သွားတယ်။ နောက်တော့လည်း ကောင်မလေးက

မနေနိုင်ပါဘူး။ကောင်လေးကို ပြန်ခေါ်ပြီး

စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။

နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက်

ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။

ရန်ဖြစ်တိုင်းလည်း ကောင်မလေးဘက်ကစပြီး

ပြေငြိမ်း တာချည်းပဲ။အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ

ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့

ကောင်လေးက ကောင်မလေးကို ကတိပေးတယ်

။မွေးနေ့မှာ ကောင်လေးအလာကို

ကောင်မလေးစောင့်နေ ခဲ့တယ်။

ညဉ့်နက်သန်းခေါင်အထိ၊

မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။

မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ

မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့…

.ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့

မျက်ရည်တွေကို သုတ်ပေးရင်း

“ဆောရီးနော်… နင့်ကို ငါလက်ထပ်ပါရစေ” ဆိုပြီး

လက်စွပ်တစ်ကွင်း ထုတ်ပေးတယ်။

★ အဲဒီ “ေဆာရီး” က တစ္ဘဝစာကို

တာဝန်ယူရဲတဲ့ ဆောရီးဖြစ်ပါတယ်။

★မင်္ဂလာဆောင် အတူနေပြီးတဲ့နောက်

ကောင်လေးရဲ့အလုပ်အကိုင်တွေ

ပိုတိုးတက်အောင်မြင်ခဲ့တယ်။

ကောင်မလေးက ကောင်လေးအတွက်

နေ့တိုင်းချက်ပြုတ်၊ လျှော်ဖွပ်နဲ့

ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။ေ

ကာင်မလေးက ဈေးသွားတိုင်း

ငါးလေးတွေ ဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။

“ဘာကြောင့်လဲ” လို့ ကောင်လေးမေး ခဲ့ရင်

ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်

။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက

ကောင်လေးကိုယ်မှာ ကပ်ငြိလာ တတ်တယ်။

ဒါကို ကောင်မလေးမမေးခင်

အကြောင်း အမျိုးမျိုးပြပြီး

ကောင်လေးဖြေရှင်းတတ်တယ်။

အဲဒီကစ ကောင်မလေး စကားသိပ် မပြောတော့ ဘူး။

အရင်ကလိုလည်း မသွက်လက်တော့ဘူး။

ဘယ်မှလည်း သိပ်မသွားတော့ဘဲ

မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေခဲ့တော့ တယ်။

ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး

ကောင်မလေး ငိုနေတတ်တယ်

။နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း

သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။

ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။

ဒါကိုကောင်လေးက

မလုံသလိုနဲ့“ဆောရီး…ဒီနေ့ အလုပ်မှာ

စားပွဲသောက်ပွဲ ရှိပြန်တယ်” လို့ ပြောတတ်တယ်။

★ အဲဒီ “ဆောရီး” က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။ ★

တဖြေးဖြေး အလုပ်အကြောင်းပြပြီး

ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။

အလုပ်အကိုင်ကောင်းလေ၊

ဘေးက မြှောက်ပင့်တဲ့ လူများလေနဲ့

ကောင်လေးရဲ့နေ့ရက်တွေက

မြှောက်ပင့်သံတွေကြားထဲမှာ

ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။

ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင်

အထွက်နည်းခဲ့တယ်။

ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။

အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့

တီတီတာတာ စကားလေးတွေ ရှိခဲ့ပေမယ့်

အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်တည်း

အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။ေ

ကာင်လေးကို “ဘယ်အချိန် ပြန်လာမလဲ?”

လို့မေးတိုင်း ကောင်လေးကအစာနင်သွားတဲ့အသံနဲ့

“ဆောရီး ငါအလုပ်များနေတယ်” လို

့ ပြန်ဖြေတတ်တယ်။

ဖုန်းခွက်ကို မသာမယာချရင်း

ကောင်မလေး စိတ်မကောင်း ဖြစ်ခဲ့တယ်။

အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန်

အိမ်ပြန်လာမလဲ ဆိုတာကို သူမမေး ခဲ့တော့ဘူး။

★ အဲဒီ “ဆောရီး”က ဝတ်ကျေတမ်းကျေပြောတဲ့ ေ

ဆာရီးဖြစ်ပါတယ်။

★ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက

သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။

ကောင်လေးအိမ်မပြန်တာဟာ

တစ်နေ့တစ်နေ့ အိုစာသွားတဲ့

သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီ

အလှတွေသူစပြင်ခဲ့တယ်။

ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင်

လုပ်ဆောင်မှ ရနိုင်မယ်၊

တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိလိုက်တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး

ကောင်လေးဆီကို သွားခဲ့တယ်။

ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ

ပထမဆုံးအကြိမ် သူသွားခဲ့တာ

ဖြစ်သလိုနောက်ဆုံး အကြိမ်လည်း ဟုတ်ခဲ့တယ်။

ဓာတ်လှေကားခလုတ်ကို နှိပ်ပြီးကောင်လေး

အမြဲပြောတဲ့ “အလုပ်များတယ်” ဆိုတဲ့နေရာကို

သူရောက်လာ ခဲ့တယ်။

ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို

သူလိုက်ကြည့် ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။

ဝရန်တာကို ဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ

သူရောက်လာ ခဲ့တယ်။

ရုံးခန်းတံခါးကို သူသာသာလေး

တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ

သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက

သူ့ခင်ပွန်း မဟုတ်ခဲ့ဘူး

သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့

နောက်တောက်တောက်ကောင်လေး မဟုတ်ခဲ့ဘူး

ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့

ကောင်လေးလည်း မဟုတ်ခဲ့ဘူး

တခြားမိန်းမတစ်ယောက်နဲ့

အကြည်ဆိုက်နေတဲ့ ယောကျ်ား၊သွေးသားတွေ

ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေ ခဲ့တယ်

။ကောင်မလေးကိုတွေ့တော့ ကောင်လေးက

ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။

နေရာကနေ ကောင်မလေး

ချက်ချင်းလှည့်ထွက်တော့

နောက်ကနေ ကောင်လေး အပြေးလိုက်တယ်။

အဲဒီညက မိုးတွေသည်းသည်းမည်းမည်း

ရွာလို့ကောင်လေးရဲ့အော်သံတွေကို

ကောင်မလေး ဂရုမစိုက် ခဲ့တော့ဘူး။

“ဆောရီးပဲ. နင့်ကိုပဲ ငါချစ်ပါတယ်ကွာ

နင့်ကိုပဲ ငါတကယ်ချစ်တာပါ” တဲ့။

ကောင်လေးရဲ့အော်သံတွေ

မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

★ အဲဒီ “ေဆာရီး” က

လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။

★ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး

။ကောင်မလေးပျောက်နေခဲ့တယ်။

ကောင်မလေးမရှိတော့ကောင်လေးရဲ့

ကမ္ဘာက မှောင်မည်းလို့…

အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး

။နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။

ကောင်မလေးကို လိုက်ရှာချင်ပေမယ့်

သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို

ဘယ်သွားရှာရမှန်း မသိခဲ့ဘူး

။ကောင်မလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းက

သူပဲရှိခဲ့တာမို့ ဖုန်းအလာကို

စောင့်နေဖို့ပဲကောင်လေးတတ်နိုင်ခဲ့တယ်

။ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့

ဖုန်းကို(၂၄)နာရီလုံး ဖွင့်ပြီး သူစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက

နှစ်ဝက်အထိကြာ သွားခဲ့တယ်။တစ်နေ့မှာ

စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။

ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့

နမူနာရုပ်ကြွလေးတွေပါတယ်။

ငါးတချို့က သစ်ရွက်လေးဘေးမှာ၊

တချို့က မြက်တွေကြားထဲမှ

ာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။

ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး

စာထဲမှာ ဒီလိုရေးထား ပါတယ်။

“နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။

ငါပျော့ညံ့လွန်းလို့ဖြစ်မယ်

ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင် လို့လည်းဖြစ်မယ်။

ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လို ရှင်သန်ရမယ်

ဆိုတာကို ငါသိခဲ့တယ်။

ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေ းနိုင်ခဲ့တယ်။

နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။

ဟင်းတွေ ပူပူနွေးနွေးချက်ပြီး

အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။

ဖုန်းလည်း ငါမသုံးတော့ဘူး။

နင့်အတွက်နဲ့ (၂၄)နာရီလုံးဖုန်းကို

ငါဖွင့်ထားစရာလည်း မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်

ဆိုတာကို ငါနားလည် သွားပြီ။

လှပတဲ့နေ့ရက်တွေကို ဘယ်လို တန်ဖိုးထားရမယ်

ဆိုတာကို ငါသိသြားၿပီ။

နင့်ကို ဘယ်လိုချစ်ရမယ်

ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။

ဘာဖြစ်လို့လဲဆိုတော့

ငါ့အချစ်တွေကို အနာတရဖြစ်အောင်

နင်ဆော့ကစားခဲ့ လို့ပါပဲ။

ကွာရှင်းစာချုပ်ကို

ငါးကန်အောက်မှာ ငါဖိထား ခဲ့တယ်။

နင်လက်မှတ်ထိုးပြီးရင်ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။

★ ဆောရီးပဲ…. ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ”

★လိပ်စာအတိုင်း ကောင်မလေးကို

ကောင်လေးသွားရှာ ခဲ့တယ်။

ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့

ကောင်မလေးဆီက ခွင့်လွှတ်ခြင်းတွေ

ယူပြီးကောင်မလေး မရှိရင်

သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့

ကောင်လေးလိုက် သွားခဲ့တယ်။

ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့

သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။

ကောင်လေးဆီက စာရေးပြီးတဲ့နောက်

သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်

လို့ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်

။ကောင်လေးအသိတွေ ချာချာလည် ကုန်တယ်။

နောင်တတွေက တပွေ့တပိုက်နဲ့

သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

★ တချို့ “ဆောရီး” က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။

★ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ

တန်ဖိုးထားမြတ်နိုးသူ တစ်ယောက်ကိုတော့

လူတိုင်းကြုံကြ ရမှာပဲ။

အဲဒီလို ကိုယ့်ကိုတန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။

“ဆောရီး”ဆိုတဲ့ တောင်းပန်မှုတိုင်းက

“ကိစ္စမရှိပါဘူး”ဆိုတဲ့စကားနဲ့

လဲလှယ်လို့ မရနိုင်ခဲ့ပါဘူး။


အနာတရနဲ့ဒဏ်ရာတွေ မပေးမိ ပါစေနဲ့

။ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေ ပါတယ်။

“အချစ်”ဆိုတာကို ခံစားစေပြီး “ဆောရီး”ကို

အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ် ပါစေ….။

မန္တလေးစာကြည့်တိုက် ဇော်ဇော် ၀၉၂၅၆၁၁၆၇၂၇- စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Credit

Unicode

ဆောရီး ..ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ

ကောင်လေးနဲ့ကောင်မလေးက

ငယ်ငယ်လေးတည်းက

အတူကြီးပြင်းလာကြ သူတွေဖြစ်တယ်။

ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး

ရွာပြင်ဖက် ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။

ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်…

ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာ ချည်းပဲ။

ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့

အိမ်ပြန်ရောက်တဲ့ အထိ မပျော်ရွှင်ခဲ့ဘူး။

ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံ ကြားတော့

ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။

တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့

နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ကောင်လေးက

ကပျာကယာရှေ့တက်ပြီ

း“နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်.

ရော့ ဒါနင့်အတွက်”လို့တောင်းပန်ပြီး

ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို

ကောင်မလေးဆီလှမ်းပေးတယ်။

စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး

အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။

ရိုးသားဖြူစင်တဲ့ ကလေးဘဝကို

အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း

တဖြေးဖြေး ကြီးပြင်းလာခဲ့ ကြတယ်။

★ အဲဒီ “ဆောရီး” က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

★ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။

ကောင်မလေးငိုတဲ့ အထိ သူအစသန်ခဲ့ သလို

ကောင်မလေးရယ်တဲ့ အထိ သူချော့တတ်ခဲ့တယ်

ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို

အမြဲလေခိုးလျှော့ပြီး တစ်နေရာမှာပုန်းနေတတ်တယ်

ခြေမကိုင်မီ၊ လက်မကိုင်မီဖြစ်နေတဲ့

ကောင်မလေးကို ချောင်းကြည့်ရင်း

သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို

သူစောင့်နေတတ်တယ်။

ပြီးတော့ ကောင်မလေးဆီက

လေခိုးလျှော့တဲ့သူခိုးကိုဆူပူကြိမ်းမောင်းသံတွေ

နားထောင်ပြီး သူသဘောကျနေတတ်တယ်။

ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့

အဲဒီလိုအပြုအမူကို သူအရမ်းနှစ်ခြိုက် ခဲ့တယ်

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး

အဝေးကနေ အခုမှရောက်လာဟန်နဲ့

လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ် တယ်။

ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကို

ကြည့်ပြီးသူ ခိုးရယ်တတ်တယ်။

ပြီးမှ စိတ်မကောင်းဟန်နဲ့

“ဆောရီး…. ငါမှားသွားတယ်”လို့

တောင်းပန်တတ်တယ်။

ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ

ပျော့ပျောင်းသွားပြီ

နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို

့ကောင်လေးကို ဆုံးမ တတ်တယ်

။ကောင်မလေးရဲ့ အဆုံးအမအောက်မှာ

ကောင်လေးက ခေါင်းငုံ့လို့နေ့ရက်တွေကို

ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ် ခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး

ကိုယ်စီ အလုပ်ဝင် ကြတယ်။

ကောင်လေးကအလုပ်များပြီး

နားရက်တွေ သိပ်မရှိခဲ့ဘူး။

ကောငျမလေးက သူ့ကိုဂရုမစိုကျဘူးဆိုပွီးေ

ကောင်လေးကို အပြစ်တင်တယ်။

နောက်တော့ ပထမဆုံး အကြိမ် သူတို့ရန်ဖြစ် ခဲ့ကြတယ်။

ကောင်မလေးငိုတော့ ေ

ကာင်လေးက “ဒါ ငါ့အလုပ်အတွက်” လို့

ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာ

သွားတယ်။ နောက်တော့လည်း ကောင်မလေးက

မနေနိုင်ပါဘူး။ကောင်လေးကို ပြန်ခေါ်ပြီး

စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။

နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက်

ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။

ရန်ဖြစ်တိုင်းလည်း ကောင်မလေးဘက်ကစပြီး

ပြေငြိမ်း တာချည်းပဲ။အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ

ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့

ကောင်လေးက ကောင်မလေးကို ကတိပေးတယ်

။မွေးနေ့မှာ ကောင်လေးအလာကို

ကောင်မလေးစောင့်နေ ခဲ့တယ်။

ညဉ့်နက်သန်းခေါင်အထိ၊

မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။

မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ

မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့…

.ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့

မျက်ရည်တွေကို သုတ်ပေးရင်း

“ဆောရီးနော်… နင့်ကို ငါလက်ထပ်ပါရစေ” ဆိုပြီး

လက်စွပ်တစ်ကွင်း ထုတ်ပေးတယ်။

★ အဲဒီ “ဆောရီး” က တစ်ဘဝစာကို

တာဝန်ယူရဲတဲ့ ဆောရီးဖြစ်ပါတယ်။

★မင်္ဂလာဆောင် အတူနေပြီးတဲ့နောက်

ကောင်လေးရဲ့အလုပ်အကိုင်တွေ

ပိုတိုးတက်အောင်မြင်ခဲ့တယ်။

ကောင်မလေးက ကောင်လေးအတွက်

နေ့တိုင်းချက်ပြုတ်၊ လျှော်ဖွပ်နဲ့

ကြှမျးကငြျတဲ့ အိမျထောငျရှငျမတဈဦးဖွဈခဲ့တယျ။ေ

ကာင်မလေးက ဈေးသွားတိုင်း

ငါးလေးတွေ ဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။

“ဘာကြောင့်လဲ” လို့ ကောင်လေးမေး ခဲ့ရင်

ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်

။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက

ကောင်လေးကိုယ်မှာ ကပ်ငြိလာ တတ်တယ်။

ဒါကို ကောင်မလေးမမေးခင်

အကြောင်း အမျိုးမျိုးပြပြီး

ကောင်လေးဖြေရှင်းတတ်တယ်။

အဲဒီကစ ကောင်မလေး စကားသိပ် မပြောတော့ ဘူး။

အရင်ကလိုလည်း မသွက်လက်တော့ဘူး။

ဘယ်မှလည်း သိပ်မသွားတော့ဘဲ

မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေခဲ့တော့ တယ်။

ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး

ကောင်မလေး ငိုနေတတ်တယ်

။နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း

သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။

ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။

ဒါကိုကောင်လေးက

မလုံသလိုနဲ့“ဆောရီး…ဒီနေ့ အလုပ်မှာ

စားပွဲသောက်ပွဲ ရှိပြန်တယ်” လို့ ပြောတတ်တယ်။

★ အဲဒီ “ဆောရီး” က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။ ★

တဖြေးဖြေး အလုပ်အကြောင်းပြပြီး

ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။

အလုပ်အကိုင်ကောင်းလေ၊

ဘေးက မြှောက်ပင့်တဲ့ လူများလေနဲ့

ကောင်လေးရဲ့နေ့ရက်တွေက

မြှောက်ပင့်သံတွေကြားထဲမှာ

ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။

ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင်

အထွက်နည်းခဲ့တယ်။

ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။

အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့

တီတီတာတာ စကားလေးတွေ ရှိခဲ့ပေမယ့်

အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်တည်း

အဖောျမဲ့လို့ အထီးကနြျနခေဲ့ရတယျ။ေ

ကာင်လေးကို “ဘယ်အချိန် ပြန်လာမလဲ?”

လို့မေးတိုင်း ကောင်လေးကအစာနင်သွားတဲ့အသံနဲ့

“ဆောရီး ငါအလုပ်များနေတယ်” လို

့ ပြန်ဖြေတတ်တယ်။

ဖုန်းခွက်ကို မသာမယာချရင်း

ကောင်မလေး စိတ်မကောင်း ဖြစ်ခဲ့တယ်။

အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန်

အိမ်ပြန်လာမလဲ ဆိုတာကို သူမမေး ခဲ့တော့ဘူး။

★ အဲဒီ “ဆောရီး”က ဝတ်ကျေတမ်းကျေပြောတဲ့ ေ

ဆာရီးဖြစ်ပါတယ်။

★ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက

သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။

ကောင်လေးအိမ်မပြန်တာဟာ

တစ်နေ့တစ်နေ့ အိုစာသွားတဲ့

သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီ

အလှတွေသူစပြင်ခဲ့တယ်။

ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင်

လုပ်ဆောင်မှ ရနိုင်မယ်၊

တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိလိုက်တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး

ကောင်လေးဆီကို သွားခဲ့တယ်။

ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ

ပထမဆုံးအကြိမ် သူသွားခဲ့တာ

ဖြစ်သလိုနောက်ဆုံး အကြိမ်လည်း ဟုတ်ခဲ့တယ်။

ဓာတ်လှေကားခလုတ်ကို နှိပ်ပြီးကောင်လေး

အမြဲပြောတဲ့ “အလုပ်များတယ်” ဆိုတဲ့နေရာကို

သူရောက်လာ ခဲ့တယ်။

ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို

သူလိုက်ကြည့် ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။

ဝရန်တာကို ဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ

သူရောက်လာ ခဲ့တယ်။

ရုံးခန်းတံခါးကို သူသာသာလေး

တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ

သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက

သူ့ခင်ပွန်း မဟုတ်ခဲ့ဘူး

သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့

နောက်တောက်တောက်ကောင်လေး မဟုတ်ခဲ့ဘူး

ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့

ကောင်လေးလည်း မဟုတ်ခဲ့ဘူး

တခြားမိန်းမတစ်ယောက်နဲ့

အကြည်ဆိုက်နေတဲ့ ယောက်ျား၊သွေးသားတွေ

ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေ ခဲ့တယ်

။ကောင်မလေးကိုတွေ့တော့ ကောင်လေးက

ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။

နေရာကနေ ကောင်မလေး

ချက်ချင်းလှည့်ထွက်တော့

နောက်ကနေ ကောင်လေး အပြေးလိုက်တယ်။

အဲဒီညက မိုးတွေသည်းသည်းမည်းမည်း

ရွာလို့ကောင်လေးရဲ့အော်သံတွေကို

ကောင်မလေး ဂရုမစိုက် ခဲ့တော့ဘူး။

“ဆောရီးပဲ. နင့်ကိုပဲ ငါချစ်ပါတယ်ကွာ

နင့်ကိုပဲ ငါတကယ်ချစ်တာပါ” တဲ့။

ကောင်လေးရဲ့အော်သံတွေ

မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

★ အဲဒီ “ဆောရီး” က

လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။

★ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး

။ကောင်မလေးပျောက်နေခဲ့တယ်။

ကောင်မလေးမရှိတော့ကောင်လေးရဲ့

ကမ္ဘာက မှောင်မည်းလို့…

အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး

။နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။

ကောင်မလေးကို လိုက်ရှာချင်ပေမယ့်

သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို

ဘယ်သွားရှာရမှန်း မသိခဲ့ဘူး

။ကောင်မလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းက

သူပဲရှိခဲ့တာမို့ ဖုန်းအလာကို

စောင့်နေဖို့ပဲကောင်လေးတတ်နိုင်ခဲ့တယ်

။ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့

ဖုန်းကို(၂၄)နာရီလုံး ဖွင့်ပြီး သူစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက

နှစ်ဝက်အထိကြာ သွားခဲ့တယ်။တစ်နေ့မှာ

စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။

ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့

နမူနာရုပ်ကြွလေးတွေပါတယ်။

ငါးတချို့က သစ်ရွက်လေးဘေးမှာ၊

တချို့က မြက်တွေကြားထဲမှ

ာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။

ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး

စာထဲမှာ ဒီလိုရေးထား ပါတယ်။

“နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။

ငါပျော့ညံ့လွန်းလို့ဖြစ်မယ်

ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင် လို့လည်းဖြစ်မယ်။

ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လို ရှင်သန်ရမယ်

ဆိုတာကို ငါသိခဲ့တယ်။

ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။

နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။

ဟင်းတွေ ပူပူနွေးနွေးချက်ပြီး

အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။

ဖုန်းလည်း ငါမသုံးတော့ဘူး။

နင့်အတွက်နဲ့ (၂၄)နာရီလုံးဖုန်းကို

ငါဖွင့်ထားစရာလည်း မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်

ဆိုတာကို ငါနားလည် သွားပြီ။

လှပတဲ့နေ့ရက်တွေကို ဘယ်လို တန်ဖိုးထားရမယ်

ဆိုတာကို ငါသိသွားပြီ။

နင့်ကို ဘယ်လိုချစ်ရမယ်

ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။

ဘာဖြစ်လို့လဲဆိုတော့

ငါ့အချစ်တွေကို အနာတရဖြစ်အောင်

နင်ဆော့ကစားခဲ့ လို့ပါပဲ။

ကွာရှင်းစာချုပ်ကို

ငါးကန်အောက်မှာ ငါဖိထား ခဲ့တယ်။

နင်လက်မှတ်ထိုးပြီးရင်ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။

★ ဆောရီးပဲ…. ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ”

★လိပ်စာအတိုင်း ကောင်မလေးကို

ကောင်လေးသွားရှာ ခဲ့တယ်။

ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့

ကောင်မလေးဆီက ခွင့်လွှတ်ခြင်းတွေ

ယူပြီးကောင်မလေး မရှိရင်

သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့

ကောင်လေးလိုက် သွားခဲ့တယ်။

ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့

သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။

ကောင်လေးဆီက စာရေးပြီးတဲ့နောက်

သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်

လို့ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်

။ကောင်လေးအသိတွေ ချာချာလည် ကုန်တယ်။

နောင်တတွေက တပွေ့တပိုက်နဲ့

သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

★ တချို့ “ဆောရီး” က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။

★ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ

တန်ဖိုးထားမြတ်နိုးသူ တစ်ယောက်ကိုတော့

လူတိုင်းကြုံကြ ရမှာပဲ။

အဲဒီလို ကိုယ့်ကိုတန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။

“ဆောရီး”ဆိုတဲ့ တောင်းပန်မှုတိုင်းက

“ကိစ္စမရှိပါဘူး”ဆိုတဲ့စကားနဲ့

လဲလှယ်လို့ မရနိုင်ခဲ့ပါဘူး။

ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့