အရမ္းခ်စ္ခဲ့ဖူးတဲ့ သူတစ္ေယာက္ကို မျဖစ္မေနေမ့ပစ္ရေတာ့မယ္ဆိုရင္ ဒါေလးေတြကိုသတိရပါ
တစ္စုံတစ္ေယာက္ကို နက္နက္ရွိုင္းရွိုင္း ခ်စ္ခဲ့ၿပီးမွ ေမ့ပစ္လိုက္ဖို႔ဆိုတာ အရမ္းကိုခက္ခဲမွန္း ၾကဳံဖူးတဲ့သူတိုင္း သိၾကမွာပါ။
ဒါေပမယ့္လည္း ေလာကမွာ လိုခ်င္တိုင္းလည္း မရခဲ့တဲ့အခ်ိန္ေတြ အမ်ားႀကီးရွိပါတယ္။
ဘယ္ေလာက္ထိပဲ ခ်စ္ခဲ့ခ်စ္ခဲ့ စြန႔္လႊတ္သင့္တဲ့ အခ်ိန္ေရာက္လာတဲ့အခါ စြန႔္လႊတ္တတ္ဖို႔ကလည္းအရမ္း အေရးႀကီးပါတယ္။
အခုေဖာ္ျပေပးမွာကေတာ့ အရမ္းခ်စ္ခဲ့ဖူးတဲ့သူတစ္ေယာက္ကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေန ေမ့ပစ္ဖို႔လိုလာၿပီဆိုရင္ ဒီ အခ်က္ေလးေတြကို သတိရၿပီး လိုက္နာေပးျခင္းျဖင့္ ေမ့ရတာ ပိုၿပီး လြယ္ကူေစပါလိမ့္မယ္ေနာ္။
(၁) အရာရာတိုင္းမွာ အဆုံးသတ္ဆိုတာ ရွိတယ္
သင္ဟာ လူတစ္ေယာက္ကို လက္မလႊတ္ခ်င္လို႔ အစြမ္းကုန္ ႀကိဳးစားခဲ့တယ္၊ တတ္နိုင္သမၽွ အားထုတ္ခဲ့တယ္ ဒါေပမယ့္လည္း အဆုံးမွာ ခြဲခြာဖို႔သာ ျဖစ္လာခဲ့ရင္ အရမ္းကို ဆို႔နင့္ေၾကကြဲစရာ ေကာင္းေနမွာပါ။
ဒါေပမယ့္လည္း အရာရာတိုင္းမွာ အဆုံးသတ္ရွိတဲ့အတြက္ သင္ေမၽွာ္လင့္ထားတာထက္ ပိုၿပီး ေစာေရာက္လာခဲ့တယ္လို႔ပဲ မွတ္လိုက္ပါ။
ဒါကို သင္လက္ခံရမွာျဖစ္သလို၊ အဆုံးသတ္ကို ေရာက္လာတဲ့အခါ အရာအားလုံးဟာ ၿပီးဆုံးရတာခ်ည္းပါပဲ။
ဒါေၾကာင့္ အတင္းအက်ပ္ ဆုပ္ကိုင္ဖို႔ မ ႀကိဳးစားပါနဲ႔ေတာ့
(၂) သေဘာထားႀကီးစြာ ခြင့္လႊတ္လိုက္ပါ
ခြင့္လႊတ္ဖို႔ေျပာတဲ့အခါ တစ္ဖက္လူအတြက္သာမက သင့္အတြက္လည္းျဖစ္ပါတယ္။
သင့္ကိုသင္လည္း ခြင့္လႊတ္ဖို႔လိုပါတယ္။
အခ်စ္ေရးတစ္ခု၊ ဆက္ဆံေရးတစ္ခု အဆုံးသတ္သြားတဲ့အခါမွာ ကိုယ့္ကိုယ္ကိုလည္း အျပစ္မတင္သင့္သလို၊ တစ္ဖက္လူကိုလည္း အျပစ္မတင္သင့္ပါဘူး။
သူ႔ဖက္က အမွားေတြခ်ည္းပဲဆိုရင္ေတာင္မွ သင္က သူ႔ကို အရမ္းခ်စ္ခဲ့တဲ့သူျဖစ္ေနတဲ့အတြက္ ဆက္ၿပီး သေဘာထားႀကီးစြာနဲ႔ အဆုံးထိ ခြင့္လႊတ္ေပးလိုက္ပါေနာ္ ။
(၃) ကိုယ္ပိုင္အခ်ိန္ယူပါ
သင္ဟာ အရင္တုန္းက ခ်စ္သူနဲ႔အတူ သြားလာစားေသာက္ကာ အခ်ိန္တိုင္းလိုလို သူနဲ႔ရွိေနေပမယ့္ အခုခ်ိန္မွာေတာ့ သင္တစ္ေယာက္တည္း ကိုယ္ပိုင္အခ်ိန္ယူဖို႔အေကာင္းဆုံး အခ်ိန္ျဖစ္ပါတယ္။
သင္လုပ္ခ်င္ေနတဲ့အရာေတြကို ထိန္းခ်ဳပ္ေနစရာလည္း မလိုေတာ့သလို၊ အတားအဆီးမရွိ လြတ္လြတ္လပ္လပ္ ေနနိုင္တဲ့ အခ်ိန္ျဖစ္ပါတယ္။
သင္မဟုတ္တဲ့ သင့္ပုံစံေတြ၊ ေအာင့္အည္းႀကိတ္မွိတ္ကာ သည္းခံေနရတာေတြ၊ စိုးရိမ္ပူပန္ေနရတာေတြ အားလုံးကို ထားၿပီး တစ္ေယာက္တည္း ေပါ့ေပါ့ပါးပါး ေနနိုင္သြားတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ စိတ္ကို ေပါ့ေပါ့ပါးပါးေလးပဲ ထားပါ။
ၾကာလာတဲ့အခါ ေနသားက်သြားပါလိမ့္မယ္
(၄) အခ်စ္သစ္ မရွာပါနဲ႔အုံး
တစ္ခါတေလ ကြဲသြားတဲ့အသည္းကို ျပန္ကုစားဖို႔အတြက္ အခ်စ္သစ္ကို ရွာရင္ အားလုံးအဆင္ေျပသြားလိမ့္မယ္လို႔ ထင္တတ္ၾကပါတယ္။
တကယ္ေတာ့ မဟုတ္ပါဘူး။ ပိုလို႔ေတာင္ ဆိုးသြားနိုင္ပါတယ္။
သင့္ရင္ထဲက ဒဏ္ရာေတြ က်က္သြားဖို႔အတြက္ အခ်ိန္အတိုင္းအတာတစ္ခုေတာ့ ေပးလိုက္ပါဦး။
ဒီလိုမွမဟုတ္ဘဲ အခ်စ္သစ္ကို စတင္လိုက္မိတဲ့အခါ နာက်င္စရာေတြသာ မ်ားလာမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေလာေလာဆယ္ေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆးနဲ႔ အခ်ိန္ရဲ့ ကုသမႈကို ခံယူလိုက္ပါအုံး
(၅) သင့္ကို ခ်စ္တဲ့သူေတြနဲ႔ အခ်ိန္ယူပါ
သင္အခင္မင္ရဆုံးသူငယ္ခ်င္းေတြ၊ မိသားစုေတြ၊ မိတ္ေဆြေတြဆီ သြားေရာက္လည္ပတ္တာမ်ိဳး စကားေဖာင္ဖြဲ႕တာမ်ိဳးေတြ မၾကာခဏျပဳလုပ္ေပးသင့္ပါတယ္။
သင့္ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္းဆီမွာ ရင္ဖြင့္ၿပီး ငိုခ်င္ရင္ ငိုခ်လိုက္ပါ။
ဒါေပမယ့္လည္း သင္သိထားဖို႔က ထပ္ခါထပ္ခါ မငိုဖို႔ပါပဲ။
သင့္မွာ အနာဂတ္ေတြ ရွိတယ္၊ သင့္ကို ခ်စ္တဲ့သူေတြရွိေသးတယ္၊ အနာဂတ္မွာလည္း ဒီထက္ပိုေကာင္းတဲ့သူနဲ႔ ဆုံရဦးမွာျဖစ္တဲ့အတြက္ တဒဂၤခံစားခ်က္ေလးေၾကာင့္ တစ္ဘဝလုံးကို အနစ္မြန္းမခံမိပါေစနဲ႔ေနာ္ ။
Credit
Unicode
အရမ်းချစ်ခဲ့ဖူးတဲ့ သူတစ်ယောက်ကို မဖြစ်မနေမေ့ပစ်ရတော့မယ်ဆိုရင် ဒါလေးတွေကိုသတိရပါ
တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ပြီးမှ မေ့ပစ်လိုက်ဖို့ဆိုတာ အရမ်းကိုခက်ခဲမှန်း ကြုံဖူးတဲ့သူတိုင်း သိကြမှာပါ။
ဒါပေမယ့်လည်း လောကမှာ လိုချင်တိုင်းလည်း မရခဲ့တဲ့အချိန်တွေ အများကြီးရှိပါတယ်။
ဘယ်လောက်ထိပဲ ချစ်ခဲ့ချစ်ခဲ့ စွန့်လွှတ်သင့်တဲ့ အချိန်ရောက်လာတဲ့အခါ စွန့်လွှတ်တတ်ဖို့ကလည်းအရမ်း အရေးကြီးပါတယ်။
အခုဖော်ပြပေးမှာကတော့ အရမ်းချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ မေ့ပစ်ဖို့လိုလာပြီဆိုရင် ဒီ အချက်လေးတွေကို သတိရပြီး လိုက်နာပေးခြင်းဖြင့် မေ့ရတာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်နော်။
(၁) အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိတယ်
သင်ဟာ လူတစ်ယောက်ကို လက်မလွှတ်ချင်လို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ တတ်နိုင်သမျှ အားထုတ်ခဲ့တယ် ဒါပေမယ့်လည်း အဆုံးမှာ ခွဲခွာဖို့သာ ဖြစ်လာခဲ့ရင် အရမ်းကို ဆို့နင့်ကြေကွဲစရာ ကောင်းနေမှာပါ။
ဒါပေမယ့်လည်း အရာရာတိုင်းမှာ အဆုံးသတ်ရှိတဲ့အတွက် သင်မျှော်လင့်ထားတာထက် ပိုပြီး စောရောက်လာခဲ့တယ်လို့ပဲ မှတ်လိုက်ပါ။
ဒါကို သင်လက်ခံရမှာဖြစ်သလို၊ အဆုံးသတ်ကို ရောက်လာတဲ့အခါ အရာအားလုံးဟာ ပြီးဆုံးရတာချည်းပါပဲ။
ဒါကြောင့် အတင်းအကျပ် ဆုပ်ကိုင်ဖို့ မ ကြိုးစားပါနဲ့တော့
(၂) သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပါ
ခွင့်လွှတ်ဖို့ပြောတဲ့အခါ တစ်ဖက်လူအတွက်သာမက သင့်အတွက်လည်းဖြစ်ပါတယ်။
သင့်ကိုသင်လည်း ခွင့်လွှတ်ဖို့လိုပါတယ်။
အချစ်ရေးတစ်ခု၊ ဆက်ဆံရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်သင့်သလို၊ တစ်ဖက်လူကိုလည်း အပြစ်မတင်သင့်ပါဘူး။
သူ့ဖက်က အမှားတွေချည်းပဲဆိုရင်တောင်မှ သင်က သူ့ကို အရမ်းချစ်ခဲ့တဲ့သူဖြစ်နေတဲ့အတွက် ဆက်ပြီး သဘောထားကြီးစွာနဲ့ အဆုံးထိ ခွင့်လွှတ်ပေးလိုက်ပါနော် ။
(၃) ကိုယ်ပိုင်အချိန်ယူပါ
သင်ဟာ အရင်တုန်းက ချစ်သူနဲ့အတူ သွားလာစားသောက်ကာ အချိန်တိုင်းလိုလို သူနဲ့ရှိနေပေမယ့် အခုချိန်မှာတော့ သင်တစ်ယောက်တည်း ကိုယ်ပိုင်အချိန်ယူဖို့အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
သင်လုပ်ချင်နေတဲ့အရာတွေကို ထိန်းချုပ်နေစရာလည်း မလိုတော့သလို၊ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် နေနိုင်တဲ့ အချိန်ဖြစ်ပါတယ်။
သင်မဟုတ်တဲ့ သင့်ပုံစံတွေ၊ အောင့်အည်းကြိတ်မှိတ်ကာ သည်းခံနေရတာတွေ၊ စိုးရိမ်ပူပန်နေရတာတွေ အားလုံးကို ထားပြီး တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး နေနိုင်သွားတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးလေးပဲ ထားပါ။
ကြာလာတဲ့အခါ နေသားကျသွားပါလိမ့်မယ်
(၄) အချစ်သစ် မရှာပါနဲ့အုံး
တစ်ခါတလေ ကွဲသွားတဲ့အသည်းကို ပြန်ကုစားဖို့အတွက် အချစ်သစ်ကို ရှာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ မဟုတ်ပါဘူး။ ပိုလို့တောင် ဆိုးသွားနိုင်ပါတယ်။
သင့်ရင်ထဲက ဒဏ်ရာတွေ ကျက်သွားဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ ပေးလိုက်ပါဦး။
ဒီလိုမှမဟုတ်ဘဲ အချစ်သစ်ကို စတင်လိုက်မိတဲ့အခါ နာကျင်စရာတွေသာ များလာမှာဖြစ်ပါတယ်။
ဒါကြောင့် လောလောဆယ်တော့ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ အချိန်ရဲ့ ကုသမှုကို ခံယူလိုက်ပါအုံး
(၅) သင့်ကို ချစ်တဲ့သူတွေနဲ့ အချိန်ယူပါ
သင်အခင်မင်ရဆုံးသူငယ်ချင်းတွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေဆီ သွားရောက်လည်ပတ်တာမျိုး စကားဖောင်ဖွဲ့တာမျိုးတွေ မကြာခဏပြုလုပ်ပေးသင့်ပါတယ်။
သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆီမှာ ရင်ဖွင့်ပြီး ငိုချင်ရင် ငိုချလိုက်ပါ။
ဒါပေမယ့်လည်း သင်သိထားဖို့က ထပ်ခါထပ်ခါ မငိုဖို့ပါပဲ။
သင့်မှာ အနာဂတ်တွေ ရှိတယ်၊ သင့်ကို ချစ်တဲ့သူတွေရှိသေးတယ်၊ အနာဂတ်မှာလည်း ဒီထက်ပိုကောင်းတဲ့သူနဲ့ ဆုံရဦးမှာဖြစ်တဲ့အတွက် တဒင်္ဂခံစားချက်လေးကြောင့် တစ်ဘဝလုံးကို အနစ်မွန်းမခံမိပါစေနဲ့နော် ။
Credit