အခ်စ္နွင့္ဘဝ

အမျိုးသမီး တွေကို ဆွဲဆောင်ရာမှာ ရုပ်ရည်ထက် ပိုပြီးအရေးကြီး အရာ ( ၃ ) ခု

႐ုပ္ရည္က အေရးႀကီးသလားလို႔ ခ်စ္သူရွာခ်င္တဲ့အမ်ိဳးသားေတြက ေမးေလ့ရွိပါတယ္

တစ္ခြန္းတည္းေျပာရရင္ေတာ့ အေရးမႀကီးပါဘူး

သိပ္လွတဲ့ေကာင္မေလးတစ္ေယာက္က သူ႔ထက္အရပ္ပုတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔တြဲသြားတာကို စာဖတ္သူ ဘယ္ႏွႀကိမ္

ေလာက္ ျမင္ဖူးသလဲ။ေတြ႕ေလ့ေတြ႕ထရွိတဲ့ ျမင္ကြင္းမ်ိဳးမဟုတ္ဘူးလား။သည္လိုေျပာလို႔ ႐ုပ္ရည္႐ူပကာက လုံးဝအေရးမႀကီးဘူးလို႔ မဆိုလိုပါဘူး

႐ုပ္ရည္ေခ်ာေမာလို႔ အမ်ိဳးသမီးေတြရဲ့ စိတ္ဝင္စားမႈကို နည္းနည္းေလာက္ တိုးျမႇင့္ေပးနိုင္တယ္ သည္ေလာက္ပါပဲ။ ႐ုပ္မေခ်ာလို႔ မိန္းကေလးေတြစိတ္မဝင္စားဘူးလို႔ မထင္လိုက္ပါနဲ႔

႐ုပ္ရည္ဟာ အမ်ိဳးသမီးေတြကိုဆြဲေဆာင္ဖို႔ အဓိကမက်ရတဲ့အေၾကာင္းရင္းေတြ ရွိပါတယ္။ အဲဒါေတြကေတာ့…..

၁. အမ်ိဳးသမီးေတြဟာ အဆင့္အတန္းေတြကို ပိုစိတ္ဝင္စားတယ္

အဆင့္အတန္းဆိုလို႔ အပ်ံစားကားႀကီး စီးနိုင္တာ၊ နာမည္ႀကီးတာေတြကို ဆိုလိုတာမဟုတ္ပါဘူး။ အဆင့္အတန္းဆိုတာ လူမႈ

အသိုင္းအဝိုင္းမွာ အဆင့္အတန္းျမင့္မႈကို ဆိုလိုတာပါ

လူမႈေရးအဆင့္ျမင့္တဲ့အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက အလိုလိုစိတ္ဝင္စားၾကပါတယ္။ လူမႈဆက္ဆံေရးအေကာင္းဆုံး၊

စြမ္းေဆာင္ရည္အရွိဆုံးသူေတြဟာ အမ်ိဳးသမီးေတြ စိတ္အဝင္စားဆုံးသူေတြပါပဲ

၂. အမ်ိဳးသားေတြဟာ သူတို႔ဆြဲေဆာင္နိုင္စြမ္းကို ျမႇင့္တင္နိုင္ပါတယ္

အမ်ိဳးသမီးေတြက ေခါင္းေဆာင္နိုင္စြမ္းရွိတဲ့သူ၊ ကိုယ့္ကိုယ္ကို ယုံၾကည္တဲ့သူ၊ ဟာသဉာဏ္ရွိတဲ့သူေတြကို အဓိကစိတ္ဝင္စားပါတယ္

သည္ေတာ့ ကိုယ့္မွာရွိတဲ့ အဲသည္အရည္အခ်င္းေတြကိုျမႇင့္တင္ၿပီး စိတ္ဝင္စားမႈကို ရယူနိုင္ပါတယ္

၃. ႐ုပ္ရည္က မတည္ျမဲဘူး

႐ုပ္ရည္႐ူုပကာက အျမဲေျပာင္းလဲေနပါတယ္။ ဆံပင္ပုံစံ၊ အဝတ္အစားေျပာင္း႐ုံနဲ႔ ႐ုပ္ေျပာင္းသြားတတ္ပါတယ္။

အလွအပအေၾကာင္း ပင္ကိုဗီဇစိတ္နဲ႔ နားလည္ထားတဲ့အမ်ိဳးသမီးေတြဟာ အမ်ိဳးသားတစ္ေယာက္နဲ႔ စေတြ႕ေတြ႕ခ်င္းမွာ သူ႔႐ုပ္ရည္ကို အာ႐ုံသိပ္မျပဳၾကပါဘူး

အမ်ိဳးသားရဲ့ေျပာဟန္ဆိုဟန္၊ ၾသဇာတိကၠမနဲ႔ မိမိကိုယ္ကိုယုံၾကည္စိတ္ေတြကို အမ်ိဳးသမီးတစ္ေယာက္ေတြ႕ထားၿပီဆိုရင္ သူ႔႐ုပ္ရည္ကို သူ႔အရည္အခ်င္းေတြက ဖုံးလႊမ္းသြားမွာပါ

သည္ေတာ့ ကိုယ့္ကိုယ္ကို ႐ုပ္ေခ်ာေအာင္ ျပင္ဆင္တာထက္ ကိုယ္ရည္ကိုယ္ေသြးကို အဓိကထားျမႇင့္တင္ဖို႔ ႀကိဳးစားရမွာပါ။

ကိုယ္ရည္ကိုယ္ေသြးသာျမင့္မားရင္ က်န္တာေတြ အလိုလိုပါလာမွာပါ

က်န္တာေတြ ဆိုတဲ့အထဲမွာ အမ်ိဳးသမီးေတြလည္း ပါတာေပါ့။ သူငယ္ခ်င္းအားလုံး ေအာင္ျမင္တဲ့ဘဝကို ေပ်ာ္ရႊင္စြာေလၽွာက္လွမ္းနိုင္ပါေစ

The Idealist

Unicode

ရုပ်ရည်က အရေးကြီးသလားလို့ ချစ်သူရှာချင်တဲ့အမျိုးသားတွေက မေးလေ့ရှိပါတယ်

တစ်ခွန်းတည်းပြောရရင်တော့ အရေးမကြီးပါဘူး

သိပ်လှတဲ့ကောင်မလေးတစ်ယောက်က သူ့ထက်အရပ်ပုတဲ့ အမျိုးသားတစ်ယောက်နဲ့တွဲသွားတာကို စာဖတ်သူ ဘယ်နှကြိမ်

လောက် မြင်ဖူးသလဲ။တွေ့လေ့တွေ့ထရှိတဲ့ မြင်ကွင်းမျိုးမဟုတ်ဘူးလား။သည်လိုပြောလို့ ရုပ်ရည်ရူပကာက လုံးဝအရေးမကြီးဘူးလို့ မဆိုလိုပါဘူး

ရုပ်ရည်ချောမောလို့ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို နည်းနည်းလောက် တိုးမြှင့်ပေးနိုင်တယ် သည်လောက်ပါပဲ။ ရုပ်မချောလို့ မိန်းကလေးတွေစိတ်မဝင်စားဘူးလို့ မထင်လိုက်ပါနဲ့

ရုပ်ရည်ဟာ အမျိုးသမီးတွေကိုဆွဲဆောင်ဖို့ အဓိကမကျရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့…..

၁. အမျိုးသမီးတွေဟာ အဆင့်အတန်းတွေကို ပိုစိတ်ဝင်စားတယ်

အဆင့်အတန်းဆိုလို့ အပျံစားကားကြီး စီးနိုင်တာ၊ နာမည်ကြီးတာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အဆင့်အတန်းဆိုတာ လူမှု

အသိုင်းအဝိုင်းမှာ အဆင့်အတန်းမြင့်မှုကို ဆိုလိုတာပါ

လူမှုရေးအဆင့်မြင့်တဲ့အမျိုးသားတွေကို အမျိုးသမီးတွေက အလိုလိုစိတ်ဝင်စားကြပါတယ်။ လူမှုဆက်ဆံရေးအကောင်းဆုံး၊

စွမ်းဆောင်ရည်အရှိဆုံးသူတွေဟာ အမျိုးသမီးတွေ စိတ်အဝင်စားဆုံးသူတွေပါပဲ

၂. အမျိုးသားတွေဟာ သူတို့ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်

အမျိုးသမီးတွေက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူ၊ ဟာသဉာဏ်ရှိတဲ့သူတွေကို အဓိကစိတ်ဝင်စားပါတယ်

သည်တော့ ကိုယ့်မှာရှိတဲ့ အဲသည်အရည်အချင်းတွေကိုမြှင့်တင်ပြီး စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်

၃. ရုပ်ရည်က မတည်မြဲဘူး

ရုပ်ရည်ရူုပကာက အမြဲပြောင်းလဲနေပါတယ်။ ဆံပင်ပုံစံ၊ အဝတ်အစားပြောင်းရုံနဲ့ ရုပ်ပြောင်းသွားတတ်ပါတယ်။

အလှအပအကြောင်း ပင်ကိုဗီဇစိတ်နဲ့ နားလည်ထားတဲ့အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ သူ့ရုပ်ရည်ကို အာရုံသိပ်မပြုကြပါဘူး

အမျိုးသားရဲ့ပြောဟန်ဆိုဟန်၊ သြဇာတိက္ကမနဲ့ မိမိကိုယ်ကိုယုံကြည်စိတ်တွေကို အမျိုးသမီးတစ်ယောက်တွေ့ထားပြီဆိုရင် သူ့ရုပ်ရည်ကို သူ့အရည်အချင်းတွေက ဖုံးလွှမ်းသွားမှာပါ

သည်တော့ ကိုယ့်ကိုယ်ကို ရုပ်ချောအောင် ပြင်ဆင်တာထက် ကိုယ်ရည်ကိုယ်သွေးကို အဓိကထားမြှင့်တင်ဖို့ ကြိုးစားရမှာပါ

ကိုယ်ရည်ကိုယ်သွေးသာမြင့်မားရင် ကျန်တာတွေ အလိုလိုပါလာမှာပါ

ကျန်တာတွေ ဆိုတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါတာပေါ့။ သူငယ်ချင်းအားလုံး အောင်မြင်တဲ့ဘဝကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ

The Idealist