အခ်စ္နွင့္ဘဝ

မိန်းကလေးတစ်ယောက် ပွစိပွစိလုပ်နေသေးရင် တန်ဖိုးထားပါ…..



 








 








Zuu

==========

Unicode

မိန်းကလေးတစ်ယောက်က မလိုအပ်ပဲနဲ့ စကားတွေ အများကြီးမပြောတတ်ဘူး

အရေးမပါပဲနဲ့လဲ လေကုန်မခံတတ်ဘူး

ဟိုလို မလုပ်နဲ့ ဒီလိုမလုပ်တားနေသေးတယ်ဆိုတာ စိတ်ပူနေသေးလို့ လို့သာ မှတ်ပါ

ပြီးတော့ သဝန်တိုတတ်တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ ဒါစိတ်ပျက်စရာမှ မဟုတ်တာ

သဝန်တိုတယ်ဆိုတာ ဆုံးရှုံးရမှာကြောက်တဲ့စိတ် ခေါင်းစဉ်တွေ တပ်ချင်သလိုတပ်ပြီး နာမည်ဆိုးတွေ ထပ်ထပ်မပေးပါနဲ့

ကိုယ့်ချစ်သူကို ကိုယ်တစ်ယောက်တည်း ပိုင်ချင်တဲ့ အတ္တတော့ ချစ်တတ်တဲ့ လူတိုင်းမှာ ရှိတတ်ပါတယ်

 

တကယ်မချစ်ပဲနဲ့ ဘယ်သူက ဆုံးရှုံးရမှာ ကြောက်နေမှာလဲ

မိန်းကလေးတစ်ယောက် သဝန်တိုမှာ စိတ်ကောက်မှာ မကြောက်နဲ့

ပြီးတော့ ပွစိပွစိ လုပ်နေသေးရင် ဗြစ်တောက်ဗြစ်တောက် ပြောနေသေးရင် တန်ဖိုးထားပေးပါ

မိန်းကလေးတစ်ယောက် သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားတဲ့အခါ

သာမန်ထက်ပိုပြီး အေးစက်သွားတတ်တယ်

ဘာပဲလုပ်လုပ် စိတ်မဝင်စားတော့ဘူး ကောင်းသည်ဖြစ်စေ မကောင်းဖြစ်စေ ဘာမှ ဝင်မပြောတော့ဘူး

အဲ့လိုမျိုး အခြေအနေတွေဖြစ်လာတဲ့အခါ သူ့စိတ်ထဲမှာ မင်းမရှိတော့ဘူး သတိရပါ

ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားတော့ဘူး ပြင်လာမှာ မဟုတ်တဲ့လူတစ်ယောက်အတွက်လဲ လေကုန်ခံပြီး မပြောတော့ဘူး

ဒါ စိတ်ပျက်ခြင်းရဲ့ အစပါ နောက်ဆုံး . . . အဆုံးသတ်အနေနဲ့

သူ့ဘဝထဲမှာ မင်းကို မလိုအပ်ပဲ နေတတ်သွားလိမ့်မယ် ။

Zuu