မျက်နှာလေးဝင်းအိနေဖို့ဆိုတာ မိတ်ကပ်တွေကောင်းရုံနဲ့ မပြီးဘူး။ ကိုယ့်ရဲ့အသားရည်ကို တကယ် ဂရုစိုက်ဖို့လိုတယ်ဆိုတာ Beauty Blogger တွေလည်း ခဏခဏပြောဖူးသလို ဆောင်းပါးတွေမှာလည်း မကြာခဏသလို ဖတ်မိမှာပါ။
မိန်းကလေးမှန်ရင် လှချင်တယ်။ လှချင်နေသရွေ့ ပျင်းလို့မဖြစ်ဘူးဆိုတာ သိတယ်ဟုတ်…ဒီနေ့တစ်ရက်တော့ အရမ်းအိပ်ချင်နေလို့ အိပ်လိုက်ပါ့မယ်လေလို့ ပြီးစလွယ်တွေးနေသလား ။တစ်ရက်၊ နှစ်ရက်ကနေ အကျင့်ဖြစ်သွားလိမ့်မယ်ဆိုတာလည်း သတိချပ်စေချင်တယ်။
မအိပ်ခင် မျက်နှာလေးရှင်းနေအောင် cleaning foam နဲ့ ဆေးကြောပြီး ညအိပ် cream တစ်ခုခုလိမ်းအိပ်ပါ။ နောက်တစ်နေ့မနက်အတွက် အသားရည်ကိုကြည်လင်ပြီး ချောမွတ်စေပါတယ်။
တစ်ပတ်ကို ၂-၃ ခါလောက် အသီးလေးတွေနဲ့ဖြစ်စေ ၊ အသင့်ထုတ် mask တွေနဲ့ဖြစ်ဖြစ်ပေါင်းတင်ပေးဖို့လိုပါတယ်။ ဒါမှ တစ်ပတ်တာ သင့်ရဲ့မျက်နှာမှာရှိတဲ့အညစ်ကြေး ၊ ဖုန်မှုန့်နဲ့မမြင်နိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်မှာပါ။
နောက်တစ်ခုက အစားစာကိုလည်း သတိထားသင့်ပါတယ်။ အသားရည်အတွက် ထိခိုက်မှုရှိနိုင်တဲ့
အစားစာတွေကို ရှောင်သင့်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ ဆေးပစ္စည်းတွေနဲ့ ဂရုစိုက်နေပါစေ..
အစားစာမရှောင်တဲ့အခါ အဖုဖိန့်တွေက ပြန်ပြန်ထွက်နေမှာပါပဲ။ ဒါကြောင့် အစစအရာရာ ဂရုစိုက်ဖို့လိုပါတယ်။
မိန်းကလေးဆိုတော့ မျက်နှာလေးလှနေရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရည် သန့်ရှင်းမှုက သိပ်လိုအပ်ပါတယ်။ ဆံပင်လေးတွေကို ၂လတစ်ခါ treatment လုပ်ပေးမယ်။ မိန်းကလေးတစ်ယောက်မှာ ဆံပင်ကလည်း အသက်ကိုး။ ကဲ.. လှပကြော့ရှင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေဖို့ ဒါလေးတွေ လုပ်ဖို့မပျင်းနဲ့နော်။
Unicode
အမြဲတမ်း စမတ်ကျလှပစေဖို့ ဒါလေးတွေလုပ်ဖို့ မပျင်းနဲ့နော်..
မျက်နှာလေးဝင်းအိနေဖို့ဆိုတာ မိတ်ကပ်တွေကောင်းရုံနဲ့ မပြီးဘူး။ ကိုယ့်ရဲ့အသားရည်ကို တကယ် ဂရုစိုက်ဖို့လိုတယ်ဆိုတာ Beauty Blogger တွေလည်း ခဏခဏပြောဖူးသလို ဆောင်းပါးတွေမှာလည်း မကြာခဏသလို ဖတ်မိမှာပါ။
မိန်းကလေးမှန်ရင် လှချင်တယ်။ လှချင်နေသရွေ့ ပျင်းလို့မဖြစ်ဘူးဆိုတာ သိတယ်ဟုတ်…ဒီနေ့တစ်ရက်တော့ အရမ်းအိပ်ချင်နေလို့ အိပ်လိုက်ပါ့မယ်လေလို့ ပြီးစလွယ်တွေးနေသလား ။တစ်ရက်၊ နှစ်ရက်ကနေ အကျင့်ဖြစ်သွားလိမ့်မယ်ဆိုတာလည်း သတိချပ်စေချင်တယ်။
မအိပ်ခင် မျက်နှာလေးရှင်းနေအောင် cleaning foam နဲ့ ဆေးကြောပြီး ညအိပ် cream တစ်ခုခုလိမ်းအိပ်ပါ။ နောက်တစ်နေ့မနက်အတွက် အသားရည်ကိုကြည်လင်ပြီး ချောမွတ်စေပါတယ်။
တစ်ပတ်ကို ၂-၃ ခါလောက် အသီးလေးတွေနဲ့ဖြစ်စေ ၊ အသင့်ထုတ် mask တွေနဲ့ဖြစ်ဖြစ်ပေါင်းတင်ပေးဖို့လိုပါတယ်။ ဒါမှ တစ်ပတ်တာ သင့်ရဲ့မျက်နှာမှာရှိတဲ့အညစ်ကြေး ၊ ဖုန်မှုန့်နဲ့မမြင်နိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်မှာပါ။
နောက်တစ်ခုက အစားစာကိုလည်း သတိထားသင့်ပါတယ်။ အသားရည်အတွက် ထိခိုက်မှုရှိနိုင်တဲ့
အစားစာတွေကို ရှောင်သင့်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ ဆေးပစ္စည်းတွေနဲ့ ဂရုစိုက်နေပါစေ..အစားစာမရှောင်တဲ့အခါ အဖုဖိန့်တွေက ပြန်ပြန်ထွက်နေမှာပါပဲ။ ဒါကြောင့် အစစအရာရာ ဂရုစိုက်ဖို့လိုပါတယ်။