အလွပေရးရာ
ညဘက် ရှားစောင်းလက်ပတ်လိမ်းအိပ်တာ သိသိသာသာ ပြောင်းလဲသွားတယ်
မေဖြူဖြူ – Delodele
Unicode Version
ညဘက် ရှားစောင်းလက်ပတ် လိမ်းပြီးအိပ်ရင် နှစ်ရက်သုံးအတွင်း မျက်နှာအလှ ပြောင်းလဲသွားတယ်
မေဖြူဖြူက ထိခိုက်လွယ်တဲ့ အသားဖြစ်တဲ့အတွက် Cosmetic တော်တော်များများနဲ့ မတည့်ဘူး။
မျက်နှာသစ်ပြီးတိုင်း POND’S ကထုတ်တဲ့ Flawless Whiteလေးနဲ့ မျက်နှာသစ်တယ်။
ပြီးရင် သူ့ရဲ့ Day Cream, Night Cream လိမ်းတယ်။ တစ်ပတ်ကို နှစ်ခါလောက်တော့ နံနက်မိတ်ကပ် မလိမ်းခင်
ရှားစောင်းလက်ပတ်ကို လိမ်းသွားတယ် မျက်နှာအေးအောင်လို့။
ညအိပ်ခါနီးလည်း ရှားစောင်းလက်ပတ်အဆီကို လိမ်းဖြစ်တယ်။ အသားကိုလည်း ဖျော်သောက်တတ်တယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ အလှအပကို ထိန်းသိမ်းသင့်ပါတယ်။ အသားအရေက အစပေါ့။
နဂိုရှိတာကို ပိုလှအောင် ထိန်းသိမ်းရမယ်။ နဂိုရှိတာကို မပျက်သွားအောင်လည်း ထိန်းသိမ်းသင့်ပါတယ်။
အဲဒီအတွက် သဘာဝနည်းနဲ့ ထိန်းသိမ်းသင့်တယ်လို့ မေဖြူထင်ပါတယ်။
ညဘက် ရှားစောင်းလက်ပတ်လေးကို လိမ်းအိပ်တဲ့အတွက် နှစ်ရက်သုံးရက်အတွင်း ပြောင်းလဲသွားပါတယ်။
ရေညှိတို့၊ ခရမ်းချဉ်သီးတို့နဲ့လည်း လိမ်းဖြစ်တယ်၊ အသားအေးလို့ပါ။ အပြင်သွားခါနီးလည်း သနပ်ခါး၊ မိတ်ကပ်တွေ မလိမ်းခင်
Lotion အစား ရှားစောင်းလက်ပတ်ပဲ လိမ်းဖြစ်တယ်။ ပူတဲ့အချိန်တွေ ဆိုရင်ပေါ့။
ဝက်ခြံထွက်တဲ့ အခါလည်း ညဘက်လိမ်းထားရင် နံနက်ကျ ဝက်ခြံလေးတွေ ချပ်သွားတာတွေ့ရတယ်။
Cosmetic မလိမ်းမဖြစ် လိမ်းပြီးသွားတဲ့အခါ ပြန်လာရင် ချက်ချင်း မျက်နှာသစ်ဖြစ်ပါတယ်။
ပရိသတ် ကြီးလည်း မီးဖိုချောင်သုံး ပစ္စည်းကနေ အသားအရေ ထိန်းသိမ်းမယ်ဆိုရင်ပဲ အဆင်ပြေပါတယ်လို့
သခွားသီးနဲ့ပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးနဲ့ဖြစ်ဖြစ် ထိန်းသိမ်းမယ်ဆိုရင် အသားအရေအတွက် အကျိုးအာနိသင်ရှိပါတယ်။
မေဖြူဖြူ – Delodele