အေထြအေထြဗဟုသုတ
ဘယ်သန်များအကြောင်း သိကောင်းစရာများ
Source: Bright Side
Unicode Version
ဘယ်သန်တဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ပဲရှိပါတယ်။ ဘယ်သန်တွေဟာ ပုံမှန် ညာသန်တဲ့သူတွေထက်တချို့နေရာတွေမှာ ပိုပြီးအားသန်လေ့ရှိကြတယ်။ ဒီနေ့ ဆောင်းပါးမှာတော့
ဘယ်သန်တွေအကြောင်း သိကောင်းစရာအကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမှာပါ။
ဘာလို့ဘယ်သန်တွေ ဖြစ်လာကြတာလဲ ဆိုတာကို အရင်ရှင်းပြပေးလိုက်ပါတယ်။
လေ့လာမှုတွေအရ ကလေးမမွေးဖွားခင် နောက်ဆုံးအပတ်မှာ ကလေးအနေအထားနဲ့ မွေးဖွားမှု ပုံစံက
ကလေး ဘယ်သန်ညာသန် ဖြစ်လာတဲ့အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ပြီးတော့ သီအိုရီတွေအရ
ultrasounds (အထရာဆောင်း) ရိုက်ခြင်းကလည်း မမွေးဖွားသေးတဲ့ ကလေးရဲ့ဦးနှောက်အပေါ် အများကြီး သက်ရောက်မှု ရှိစေပါတယ်။
ဒီလို အဖြစ်အပျက်တွေကလည်း နောက်ပိုင်းမှာ ကလေးကို ဘယ်သန် ဖြစ်စေနိုင်ခြေ ရှိပါတယ်။
နောက်ထပ် လေ့လာမှုတွေအရ estrogen ကိုအခြေခံထားတဲ့ ဟော်မုန်းပါတဲ့ဆေးတွေ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေရဲ့
ကလေးတွေဟာလည်း ဘယ်သန်ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများတယ်လို့ ဆိုထားပါတယ်။
ဘယ်သန်တွေရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။
ဘယ်သန်တွေက ညာသန်တွေထက် ကားမောင်းတဲ့နေရာမှာ ပိုပြီးတော်ကြတယ်။
စစ်တမ်းတွေအရ ဘယ်သန်တွေဟာ ညာသန်တွေထက် ကားမတော်တဆမှု ဖြစ်တာ ပိုနည်းတာကို တွေ့ရပါတယ်။
ပြီးတော့ ကားမောင်းသင်တဲ့ အခါမှာလည်းသူတို့တွေကို ပိုပြီးတတ်မြောက်လွယ်ကူကြတယ်။
ဘယ်သန်တွေက ပုံမှန်လူတွေထက် မှတ်ဉာဏ်ပိုကောင်းကြပါတယ်။ အတိတ်က အဖြစ်အပျက်တွေကို ညာသန်တွေထက်
ပိုပြီးမှတ်မိကြတယ်။ ပြီးတော့ ကျက်မှတ်ပြီးသား စာတွေကိုလည်း တောရုံမေ့လေ့ မရှိကြဘူး။
ဘယ်သန်တွေ တော်တော်များများက ဘေ့စ်ဘော၊ ဘောလုံး၊ ဘက်စ်စကက်ဘော၊ ပင်ပေါင် နဲ့ အခြားအားကစားနည်းတွေမှာ
ထူးချွန်ကြတဲ့ လူတွေပါ။ ဥပမာ ကမ္ဘာကျော် ဘောလုံးကစားသမား မက်စီ၊ အိုဇေး နဲ့ မာရာဒိုနာ တို့တွေက ဘယ်သန်တွေပါ။
ကွီးတို့ဆီမှာ ရော ဘယ်သန်သူငယ်ချင်းတွေ ရှိကြလား။ ဒါဆိုရင်တော့ ဒီအကြောင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြပေးလိုက်ပါ။
Source: Bright Side