သာလြန္မင္းသည္ ေညာင္ရမ္းေခတ္တြင္ အလြန္ထင္ရွားေသာ မင္းတစ္ပါးျဖစ္ခဲ့သည္။ ဘြဲ႔အမည္ သိရီသုဓမၼ ရာဇာ မဟာဓိပတိျဖစ္ေသာ္လည္း
သူ၏လက္ထက္တြင္ တုိင္းျပည္အလြန္သာယာလွေသာေၾကာင့္ သာလြန္မင္း ဟုသာ အမည္တြင္သည္။
ဒီအေၾကာင္းကုိ တြင္းသင္းမဟာရာဇ၀င္သစ္ တြင္ ‘ညီေတာ္ မင္းတရားမွာ တုိင္းကားျပည္ရြာ အသာလြန္ေသာ ေၾကာင့္ လည္ေကာင္း ၊
ေရႊနန္းေတာ္ထက္တြင္ သာယာစြာလြန္ရေသာေၾကာင့္ ေသာ္လည္ေကာင္း သာလြန္ မင္းတရားဟု ေခၚေ၀ၚေရးသားၾကသည္’ ဟု ေဖာ္ျပထားသည္။
သာလြန္မင္းလက္ထက္ ၁၆၃၇တြင္ ပထမဆုံးေသာ သမိုင္းဝင္ လူဦးေရ ႏွင့္ ေျမယာစစ္တမ္းမ်ားကို စတင္ေကာက္ယူခဲ့သည္။
ထို႔ျပင္ အမႈထမ္းအရာထမ္းမ်ား၏ လုပ္ပိုင္ခြင့္ႏွင့္ တာဝန္ဝတၱရားမ်ားကို အမိန႔္ျပန္တမ္းမ်ားျဖင့္ တိက်စြာ ထုတ္ျပန္ေၾကညာေပးခဲ့သည္။
ထို႔ျပင္စစ္သည္စုေစာင္းေရးႏွင့္ ပတ္သက္၍လည္း တိက်သည့္ အခ်ိဳးအစားႏွင့္ လက္နက္အမ်ိဳးအစားတို႔ကို သတ္မွတ္ျပဌာန္းေပးသည္။
ထင္ရွားသည့္ ျပန္တမ္းပါ အမိန႔္မ်ားမွာ….
“ငွက္သည္ အသီးရွိကာသာအပင္တြင္ နားသကဲ့သို႔ အခြန္ခံေသာရြာကိုသြား၍ ျပန္မၾကည့္ ငွက္ကဲ့သို႔ မရွိေစႏွင့္။ စားဟန္သာတတ္ေစ။
ရြာျပည္ကိုမျပဳ၊ စားရေသာက္ရေအာင္သာ စီရင္ေသာ္ ကြပ္မည္။” ဟူ၍လည္းေကာင္း “ျပည္တြင္းတိုင္းေရးစေသာ ဆင္းရဲသားတို႔ကို
ညႇဥ္းပန္းႏွိပ္စက္၍ ၿမိဳ႕ရြာတြင္ မေနဝံ့ ထြက္သြားသည္မ်ားကို ေရႊနားေတာ္ၾကားလၽွင္ ဝန္တို႔ႏွစ္ခြန္းေခ်ရမည္မမွတ္ႏွင့္။
ႀကီးစြာေသာ ရာဇဝတ္ေတာ္ကို ခံရလိမ့္မည္။”ဟူ၍လည္းေကာင္း ပါရွိခဲ့သည္ကိုေတြ႕ၾကရသည္။
ေက်ာက္ဆည္ေဒသတြင္ လယ္ယာလုပ္ငန္းမ်ား ျပန္လည္ထူေထာင္နိုင္ရန္ အားထုတ္ေဆာင္ရြက္ေပးသည္။
အထက္တြင္ ဆိုခဲ့သည့္အတိုင္း စစ္တမ္းမ်ားေကာက္ယူၿပီး ေက်ာက္ဆည္နယ္ကို ဗဟိုျပဳကာ လုပ္ကိုင္စားေသာက္ရန္ ေနရာခ်ထားေပးသည္။
ထိုမၽွမက ေဝးလံသည့္ ေဒသမ်ားမွ လူအမ်ားကို အင္းဝႏွင့္ ေက်ာက္ဆည္ေဒသတစ္ဝိုက္တြင္ အတည္တက်ေနထိုင္ေစသည္။
သာလြန္မင္းသည္ (၁၉) ႏွစ္ ၾကာ ထီးနန္းစုိးစံၿပီးေနာက္ သက္ေတာ္ (၄၈) ႏွစ္အရြယ္တြင္ နတ္ရြာစံလြန္ခဲ့သည္။ နတ္ရြာစံလြန္နီး ရက္မ်ားတြင္ အေျခအေနမ်ားကား ထူးျခားလွသည္။
သဘင္နန္းထက္၌ စံေနေတာ္မူစဥ္ အေနာက္ဘက္ေကာင္းကင္က သိသိသာသာပုံသ႑ာန္ေျပာင္းသြားသည္။ တီတံ ဘုရား ထီးေတာ္တင္မည္ဟု ထြက္ေသာအခါ
ႏြားတစ္ေကာင္က ပါးစပ္ဟလ်က္ လက္၀ဲဘက္မွ လက္ယာဘက္သုိ႔ ထြက္ေျပးသည္ကုိ ေတြ႔ရသည္။ ေနာက္တစ္ေန႔တြင္ ငလွ်င္ျပန္းထန္စြာလႈပ္သည္။
နန္းေတာ္ အေနာက္ေတာင္ေထာင့္၌ ဘုံမတီးငွက္တစ္ေကာင္ ေျမသုိ႔က်လာသည္။ ထုိအျဖစ္မ်ားသည္ ထူးဆန္းေသာ နိမိတ္မ်ားပင္တည္း။
သုိ႔ေသာ္ သာလြန္မင္းသည္ အတိတ္နိမိတ္မ်ားကုိ ယုံၾကည္ဟန္မရွိ။ ရာဇာမဏီစူဠာ (ေကာင္းမႈေတာ္) ေစတီ ေတာ္ႀကီး ထီးေတာ္တင္ရန္
ေတာင္ငူမွ ၾကြလာေသာ ဆရာေတာ္ထံ အခါေတာင္းသည္။ ဆရာေတာ္က-“ေရေျမ့ရွင္မင္းလက္ထက္တြင္ တင္ရန္မျဖစ္ႏုိင္ ၊
သားေတာ္လက္ထက္မွသာ တင္ႏုိင္မည္ျဖစ္ေသာေၾကာင့္ ထုိအခ်ိန္မွသာ အခါေပးမည္” ဟု မိန္႔ေတာ္မူသည္။
သာလြန္မင္း အလြန္စိတ္ဆုိးသြားၿပီးေနာက္ ဆရာေတာ္အား ပုဂံသုိ႔ပုိ႔လုိက္ေလသည္။ ထုိ႔ေနာက္ ပညာရွိပု႑ား အဇာဂရုကို ေခၚ၍ ေမးျပန္သည္။
အဇာဂရုကလည္း “ကိုယ္ေတာ္ျမတ္ ထီးေတာ္တင္ရန္ အခါမမီေခ်ၿပီ” ဟု ဆုိျပန္သည္။
သာလြန္မင္းသည္ အဇာဂရု အေပၚ အလြန္စိတ္ဆုိးသြားကာ “ငါ ဘယ္အခါ နတ္ျပည္စံရမည္နည္း” ဟု တုိက္ရုိက္ ပင္ေမးရာ အဇာဂရု ပု႑ားကလည္း
“မနက္ျဖန္ (၁)ခ်က္တီး ေက်ာ္ေက်ာ္မွာ နတ္ျပည္စံေတာ္မူမည္” ဟု ျပန္ေလွ်ာက္သျဖင့္ “မွန္လွ်င္ မွန္ေစ ၊ မမွန္ေသာ္ သားမယားႏွင့္တကြ မီးပုံရႈိ႕မည္” ဟု
နာရီခြက္ကုိ ေဘးတြင္ ထားရွိၿပီး ေစာင့္ၾကည့္ေနေစသည္။ က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္း အေျခအေနမွာပင္ ရွိေသာေၾကာင့္
ခ်က္ခ်င္းေသေတာ့မည္ဟု အေျပာမ်ားမွာ လုံး၀မျဖစ္ႏုိင္ဟု ထင္ဟန္တူသည္။
ေန႔လည္ (၃)ခ်က္တီး အခ်ိန္တြင္-“ငါဘာမွမျဖစ္ေသး” ဟု မိန္႔သည္။ အဇာဂရုက နာရီခြက္ကုိ သာ ေစာင့္ၾကည့္ ေနသည္။
ညေန (၄)ခ်က္တီး အေက်ာ္တြင္မူ အဖ်ားေ၀ဒနာ စတင္ခံစားရေလသည္။ သမားေတာ္မ်ား အစြမ္းကုန္ ကုသၾကသည္။
ေနာက္ေန႔ (၂)ခ်က္တီးေက်ာ္တြင္မူ ေရာဂါပုိမုိ ျပင္းထန္လာၿပီး သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖင့္၊ စကားမ်ား ကေယာင္ကတမ္း ေျပာေနေတာ့သည္။
စကားမွာ မပီေတာ့။ (၄) ခ်က္တီး တြင္မူ နတ္ျပည္စံေလေတာ့ သည္။ အဇာဂရုဟု ေဟာေျပာခ်က္ အတိအက်မမွန္ခဲ့ေသာ္လည္း အနီးစပ္ဆုံးမွန္သြားခဲ့သည္။
ရာဇ၀င္ထဲက ျဖစ္ရပ္ဆန္းမ်ား – တင္ႏုိင္တုိး
Unicode
သေမယ့်နေ့ကို ကြိုတင်သိတဲ့ သမိုင်းထဲက နိမိတ်ကောက် ဗေဒင်တွက်နည်း နဲ့ တွက်ချက်ခံခဲ့ရတဲ့ ဘုရင်မင်းမြတ်တစ်ပါး (ဖြစ်ရပ်မှန်)
သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့အမည် သိရီသုဓမ္မ ရာဇာ မဟာဓိပတိဖြစ်သော်လည်း
သူ၏လက်ထက်တွင် တိုင်းပြည်အလွန်သာယာလှသောကြောင့် သာလွန်မင်း ဟုသာ အမည်တွင်သည်။
ဒီအကြောင်းကို တွင်းသင်းမဟာရာဇဝင်သစ် တွင် ‘ညီတော် မင်းတရားမှာ တိုင်းကားပြည်ရွာ အသာလွန်သော ကြောင့် လည်ကောင်း ၊
ရွှေနန်းတော်ထက်တွင် သာယာစွာလွန်ရသောကြောင့် သော်လည်ကောင်း သာလွန် မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။
သာလွန်မင်းလက်ထက် ၁၆၃ရတွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။
ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။
ထို့ပြင်စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဌာန်းပေးသည်။
ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ….
“ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။
ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို
ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။
ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။
ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။
ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။
သာလွန်မင်းသည် (၁၉) နှစ် ကြာ ထီးနန်းစိုးစံပြီးနောက် သက်တော် (၄၈) နှစ်အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။ နတ်ရွာစံလွန်နီး ရက်များတွင် အခြေအနေများကား ထူးခြားလှသည်။
သဘင်နန်းထက်၌ စံနေတော်မူစဉ် အနောက်ဘက်ကောင်းကင်က သိသိသာသာပုံသဏ္ဍာန်ပြောင်းသွားသည်။ တီတံ ဘုရား ထီးတော်တင်မည်ဟု ထွက်သောအခါ
နွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက်သို့ ထွက်ပြေးသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။
နန်းတော် အနောက်တောင်ထောင့်၌ ဘုံမတီးငှက်တစ်ကောင် မြေသို့ကျလာသည်။ ထိုအဖြစ်များသည် ထူးဆန်းသော နိမိတ်များပင်တည်း။
သို့သော် သာလွန်မင်းသည် အတိတ်နိမိတ်များကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီ တော်ကြီး ထီးတော်တင်ရန်
တောင်ငူမှ ကြွလာသော ဆရာတော်ထံ အခါတောင်းသည်။ ဆရာတော်က-“ရေမြေ့ရှင်မင်းလက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊
သားတော်လက်ထက်မှသာ တင်နိုင်မည်ဖြစ်သောကြောင့် ထိုအချိန်မှသာ အခါပေးမည်” ဟု မိန့်တော်မူသည်။
သာလွန်မင်း အလွန်စိတ်ဆိုးသွားပြီးနောက် ဆရာတော်အား ပုဂံသို့ပို့လိုက်လေသည်။ ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကို ခေါ်၍ မေးပြန်သည်။
အဇာဂရုကလည်း “ကိုယ်တော်မြတ် ထီးတော်တင်ရန် အခါမမီချေပြီ” ဟု ဆိုပြန်သည်။
သာလွန်မင်းသည် အဇာဂရု အပေါ် အလွန်စိတ်ဆိုးသွားကာ “ငါ ဘယ်အခါ နတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက် ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း
“မနက်ဖြန် (၁)ချက်တီး ကျော်ကျော်မှာ နတ်ပြည်စံတော်မူမည်” ဟု ပြန်လျှောက်သဖြင့် “မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွ မီးပုံရှို့မည်” ဟု
နာရီခွက်ကို ဘေးတွင် ထားရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့်
ချက်ချင်းသေတော့မည်ဟု အပြောများမှာ လုံးဝမဖြစ်နိုင်ဟု ထင်ဟန်တူသည်
နေ့လည် (၃)ချက်တီး အချိန်တွင်-“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့် နေသည်။
ညနေ (၄)ချက်တီး အကျော်တွင်မူ အဖျားဝေဒနာ စတင်ခံစားရလေသည်။ သမားတော်များ အစွမ်းကုန် ကုသကြသည်။
နောက်နေ့ (၂)ချက်တီးကျော်တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြင့်၊ စကားများ ကယောင်ကတမ်း ပြောနေတော့သည်။
စကားမှာ မပီတော့။ (၄) ချက်တီး တွင်မူ နတ်ပြည်စံလေတော့ သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့သော်လည်း အနီးစပ်ဆုံးမှန်သွားခဲ့သည်။
ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တို