အေထြအေထြဗဟုသုတ

လက္ထပ္ လက္စြပ္ ကို လက္သူႂကြယ္ မွာ ဝတ္ဆင္ရျခင္း၏ အေၾကာင္းရင္း..

လက္ထပ္ လက္စြပ္ ကို လက္သူႂကြယ္ မွာ ဝတ္ဆင္ရတာနဲ႔ ပက္သက္ၿပီး အလြန္မွေကာင္းမြန္ေသာ တ႐ုတ္ လူမ်ိဳးမ်ား၏ ဆိုရိုး တစ္ခုရွိပါတယ္။

လူတစ္ေယာက္ရဲ့ လက္ေခ်ာင္း မ်ားမွာ အဓိပၸါယ္ တစ္ခုစီ ရွိပါတယ္။

လက္မ – မိဘကို ရည္ညႊန္းပါတယ္။

လက္ညိဳး – ေမြးခ်င္း ေမာင္ႏွစ္မ မ်ားကို ရည္ညႊန္းပါတယ္။

လက္ခလယ္ – မိမိကိုယ္ကိုယ္ ရည္ညႊန္းပါတယ္။

လက္သူႂကြယ္ – ဘဝ လက္တြဲေဖာ္ကို ရည္ညႊန္းပါတယ္။

လက္သန္း – မိမိေမြးလာေသာ သားသမီးမ်ားကို ရည္ညႊန္းပါတယ္

ဆိုလိုတာကေတာ့

က) ပုံမွာျပထားတဲ့ အတိုင္း မိမိရဲ့ လက္မ်ားကို ထိပ္ျခင္းဆိုင္လိုက္ပါ။ အဲဒီမွာ လက္ခလယ္ကို ေခါက္ပါ။ လက္ခလယ္ကို ေခါက္ၿပီး ေက်ာခ်င္း ကပ္လိုက္ပါ။ က်န္တဲ့ လက္မ်ားကိုေတာ့ မေခါက္ပါနဲ႔။ ကပ္ထားေသာ လက္မထိပ္မ်ားကို ခြာၾကည့္ပါ။ ခြာလို႔ ရပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ လက္မဆိုတာ မိဘကို ရည္ညႊန္းျခင္း ျဖစ္တယ္။ တစ္ေန႔က်ရင္ မိဘဆိုတာ မိမိနဲ႔ ခြဲခြာရမွာ ျဖစ္တာကို လက္မေလးမ်ားက သက္ေသျပေနပါတယ္။

ခ) လက္ညိဳးဟာ ေမြးခ်င္း ေမာင္ႏွစ္မ မ်ားကို ရည္ညႊန္းပါတယ္။

ေမြးခ်င္းေတြဆိုတာ တစ္ေန႔က်ရင္ သူတို႔ဟာ ကိုယ္ပိုင္မိသားစု၊ ကိုယ္ပိုင္ဘဝေတြကို ေလၽွာက္လွမ္းၾကရမွာ ျဖစ္တယ္။ ဒါေၾကာင့္ သင့္လက္ညိဳးေတြဟာလည္း ခြာၾကည့္တဲ့ အခါ ကြာသြားျခင္း ျဖစ္တယ္။

ဂ) လက္သန္းဆိုတာ မိမိ၏ သားသမီးမ်ားကို ရည္ညႊန္းပါတယ္။

မိမိ၏ သားသမီးေတြဆိုတာလည္း ေနာက္တစ္ခ်ိန္ မိမိနဲ႔ အတူရွိေနမွာ မဟုတ္ပါဘူး။ ခြဲခြာရမယ့္ လူေတြထဲမွာ ပါဝင္ပါတယ္။ လက္သန္းေလးေတြကို ခြာၾကည့္ပါ။

ဃ) လက္ေခ်ာင္းထိပ္ေတြ အားလုံး ခြာလို႔ရပါေသာ္လည္း လက္သူႂကြယ္ ကေတာ့ ခြာလို႔ မရပါဘူး။ လက္သူႂကြယ္ဆိုတာ မိမိရဲ့ ဘဝၾကင္ေဖာ္ကို ရည္ညႊန္းပါတယ္။ တစ္သက္လုံး ကိုယ္နဲ႔ အတူ ေအးတူပူမၽွ ေသသည္ထိ ေနရမယ့္ သူျဖစ္ပါတယ္။ ဒါေၾကာင့္ လက္သူႂကြယ္မွာ လက္ထပ္လက္စြပ္ ဆင္ျမန္းရျခင္း ျဖစ္ပါတယ္။

Credit: Yoyarlay

Unicode

လက်ထပ် လက်စွပ် ကို လက်သူကြွယ် မှာ ဝတ်ဆင်ရတာနဲ့ ပက်သက်ပြီး အလွန်မှကောင်းမွန်သော တရုတ် လူမျိုးများ၏ ဆိုရိုး တစ်ခုရှိပါတယ်။

လူတစ်ယောက်ရဲ့ လက်ချောင်း များမှာ အဓိပ္ပါယ် တစ်ခုစီ ရှိပါတယ်။

လက်မ – မိဘကို ရည်ညွှန်းပါတယ်။

လက်ညိုး – မွေးချင်း မောင်နှစ်မ များကို ရည်ညွှန်းပါတယ်။

လက်ခလယ် – မိမိကိုယ်ကိုယ် ရည်ညွှန်းပါတယ်။

လက်သူကြွယ် – ဘဝ လက်တွဲဖော်ကို ရည်ညွှန်းပါတယ်။

လက်သန်း – မိမိမွေးလာသော သားသမီးများကို ရည်ညွှန်းပါတယ်

ဆိုလိုတာကတော့

က) ပုံမှာပြထားတဲ့ အတိုင်း မိမိရဲ့ လက်များကို ထိပ်ခြင်းဆိုင်လိုက်ပါ။ အဲဒီမှာ လက်ခလယ်ကို ခေါက်ပါ။ လက်ခလယ်ကို ခေါက်ပြီး ကျောချင်း ကပ်လိုက်ပါ။ ကျန်တဲ့ လက်များကိုတော့ မခေါက်ပါနဲ့။ ကပ်ထားသော လက်မထိပ်များကို ခွာကြည့်ပါ။ ခွာလို့ ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်မဆိုတာ မိဘကို ရည်ညွှန်းခြင်း ဖြစ်တယ်။ တစ်နေ့ကျရင် မိဘဆိုတာ မိမိနဲ့ ခွဲခွာရမှာ ဖြစ်တာကို လက်မလေးများက သက်သေပြနေပါတယ်။

ခ) လက်ညိုးဟာ မွေးချင်း မောင်နှစ်မ များကို ရည်ညွှန်းပါတယ်

မွေးချင်းတွေဆိုတာ တစ်နေ့ကျရင် သူတို့ဟာ ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝတွေကို လျှောက်လှမ်းကြရမှာ ဖြစ်တယ်။ ဒါကြောင့် သင့်လက်ညိုးတွေဟာလည်း ခွာကြည့်တဲ့ အခါ ကွာသွားခြင်း ဖြစ်တယ်။

ဂ) လက်သန်းဆိုတာ မိမိ၏ သားသမီးများကို ရည်ညွှန်းပါတယ်။

မိမိ၏ သားသမီးတွေဆိုတာလည်း နောက်တစ်ချိန် မိမိနဲ့ အတူရှိနေမှာ မဟုတ်ပါဘူး။ ခွဲခွာရမယ့် လူတွေထဲမှာ ပါဝင်ပါတယ်။ လက်သန်းလေးတွေကို ခွာကြည့်ပါ။

ဃ) လက်ချောင်းထိပ်တွေ အားလုံး ခွာလို့ရပါသော်လည်း လက်သူကြွယ် ကတော့ ခွာလို့ မရပါဘူး။ လက်သူကြွယ်ဆိုတာ မိမိရဲ့ ဘဝကြင်ဖော်ကို ရည်ညွှန်းပါတယ်။ တစ်သက်လုံး ကိုယ်နဲ့ အတူ အေးတူပူမျှ သေသည်ထိ နေရမယ့် သူဖြစ်ပါတယ်။ ဒါကြောင့် လက်သူကြွယ်မှာ လက်ထပ်လက်စွပ် ဆင်မြန်းရခြင်း ဖြစ်ပါတယ်။

Credit:Yoyarlay