မန္တလေးရတနာလမ်းထောင့် UAB ဘဏ် ဓါးပြတိုက်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၀
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဆရပ်ကွက် ၆၂လမ်းနှင့် ရတနာလမ်းထောင့်ရှိ UAB ဘဏ်အား
ယနေ့ညနေ ၄နာရီဝန်းကျင်က ပစ္စတိုသေနတ်ကိုင်တစ်ဦးမှ ဓါးပြတိုက်မှုဖြစ်ပွားကာ ဘဏ်မှ သိန်း၂၀၀ ယူဆောင်သွားကြောင်း ကနဦးသတင်းရရှိပါသည်။
လက်ရှိအချိန်တွင် ဘဏ်ဓါးပြတိုက်မှုနှင့်ပတ်သတ်ပြီး တံခွန်တိုင်အဝိုင်းပတ်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါသည်။
ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ
Zawgyi,