အနုပညာ

ေလွကားအျမင့္ (၁၀)ေပကေန ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ ျပဳတ္က်ခဲ့လို႔ မေသ႐ုံတမယ္ျဖစ္ခဲ့တဲ့ စိုးသူ

မႏွစ္ကတရားစခန္းမွာ ေလွကားအျမင့္(၁၀)ေပ အထက္ကေန ျပဳတ္က်ခဲ့လို႔ မေသ႐ုံတမယ္ျဖစ္ခဲ့ရပုံကို ရင္ဖြင့္ေရးသားလာတဲ့ စိုးသူ

ပရိသတ္ႀကီးေရ အကယ္ဒမီစိုးသူကေတာ့ အႏုပညာအလုပ္ေတြကို တစ္ေခတ္တစ္ခါကတည္းကလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ေနာ္။စိုးသူက ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားလို႔ ႏႈတ္ခမ္းနီမေလးေတြက သည္းသည္းလႈပ္အားေပးေနၾကတာျဖစ္ပါတယ္

အခုလက္ရွိမွာေတာ့ စိုးသူက ဘာသာတရားကိုင္းရွိုင္းၿပီး တရားစခန္းေတြဝင္ေနတာျဖစ္ပါတယ္ေနာ္။အခုဆိုရင္ေတာ့ စိုးသူက မႏွစ္ကတရားစခန္းမွာျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာေလးကို ေရးသားမၽွေဝလာတာျဖစ္ပါတယ္

စိုးသူက”ဒီေန႔ အေတြးထဲ ေရာက္လာၿပီး အမွန္တကယ္ ကိုယ္တိုင္ၾကဳံခဲ့တဲ့ အျဖစ္အပ်က္ေလး တကယ္တမ္းသာ ျဖစ္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ္ ေသၿပီးသြားတာ တစ္ႏွစ္တိတိျပည့္ဖို႔ တစ္နာရီေလာက္ပဲ လိုေတာ့တာခင္ဗ်

ျမတ္ဗုဒၶရဲ့မဟာက႐ုဏာနဲ႔အဆုံးအမ၊အနေႏၲာအနႏၲငါးပါး ခင္ပြန္းႀကီးဆယ္ပါး နဲ႔ သင္ဆရာ ျမင္ဆရာ ၾကားဆရာ ထားဆရာမ်ားအားလုံး အားလုံးရဲ့သြန္သင္ညႊန္ျပမႈ ေက်းဇူးတရားေတြေၾကာင့္ “ေယာနိေႆာ မနႆီကာရ”သင့္တင့္ေလ်ာက္ပါတ္ မွန္ကန္ေသာ ႏွလုံးသြင္းမႈရွိရမည္ ဆိုတဲ့အတိုင္း ႀကိဳးစားေနရဆဲပါပဲအဲ့လို ႏွလုံးသြင္းထားတဲ့အတြက္ အခုဟာက ေနာင္တတဖန္ ျပန္ပူပန္ေနတာမ်ိဳးမဟုတ္ဘဲကိုယ္တိုင္ ကိုယ့္ဟာကိုယ္ သံေဝဂျဖစ္မိတာေလးပါ”

“တကယ္တမ္းသာ ျဖစ္ခဲ့မယ္ဆိုရင္ကၽြန္ေတာ္ ေသၿပီးသြားတာ တစ္ႏွစ္တိတိျပည့္ဖို႔တစ္နာရီေလာက္ပဲ လိုေတာ့တာပါ (မႏွစ္က ေမၽွာ္လင့္မထားပဲ ျဖစ္သြားခဲ့တဲ့ တရားစခန္းမွာ ေလွကားအျမင့္ ၁၀ေပ အထက္ကျပဳတ္က်ခဲ့တာကို ဆိုလိုပါတယ္ခင္ဗ်ာ)ဒါေတာင္ သစၥာေရႊစည္ဆရာေတာ္ဘုရားရဲ့ေအးျမတဲ့ ဓမၼအရိပ္ရွိတဲ့ေနရာ သူေတာ္ေကာင္းေတြစုၿပီး ဒါန သီလ ဘာဝနာ ေကာင္းမႈကုသိုလ္ေတြ ေဆာင္ရြက္ေနၾကတဲ့ေနရာ ကၽြန္ေတာ္လည္း တရားစခန္းဝင္ဖို႔ သြားခဲ့တာမို႔သာေပါ့

မဟုတ္ရင္ေတာ့ ေသျခင္းတရားဆိုတာ ေကြးေသာလက္ မဆန႔္ခင္ဆန႔္ေသာလက္ မေကြးခင္ ဆိုတဲ့အတိုင္း အခ်ိန္ ေနရာအေၾကာင္းအရာ မေရြးဘဲခ်က္ခ်င္းေရာက္လာတတ္တာမ်ိဳးဆိုေတာ့

ျပည္တြင္းျပည္ပက ျမန္မာျပည္သူျပည္သားအားလုံး ကမၻာသူ ကမၻာသားအားလုံးကပ္ေဘးဆိုးေတြက အျမန္ဆုံး ကင္းစင္ပေပ်ာက္နိုင္ၾကၿပီးသက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္ဝနိုင္ၾကပါေစခင္ဗ်ား”ဆိုၿပီး ေရးသားေျပာျပလာပါတယ္ေနာ္

MM Load

———————-

လှေကားအမြင့် (၁၀)ပေကနေ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုတ်ကျခဲ့လို့ မသေရုံတမယ်ဖြစ်ခဲ့တဲ့ စိုးသူ

မနှစ်ကတရားစခန်းမှာ လှေကားအမြင့်(၁၀)ပေ အထက်ကနေ ပြုတ်ကျခဲ့လို့ မသေရုံတမယ်ဖြစ်ခဲ့ရပုံကို ရင်ဖွင့်ရေးသားလာတဲ့ စိုးသူ

ပရိသတ်ကြီးရေ အကယ်ဒမီစိုးသူကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နော်။စိုးသူက ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေကြတာဖြစ်ပါတယ်

အခုလက်ရှိမှာတော့ စိုးသူက ဘာသာတရားကိုင်းရှိုင်းပြီး တရားစခန်းတွေဝင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ စိုးသူက မနှစ်ကတရားစခန်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်

စိုးသူက”ဒီနေ့ အတွေးထဲ ရောက်လာပြီး အမှန်တကယ် ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်အပျက်လေး တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့ တစ်နာရီလောက်ပဲ လိုတော့တာခင်ဗျ

မြတ်ဗုဒ္ဓရဲ့မဟာကရုဏာနဲ့အဆုံးအမ၊အနန္တောအနန္တငါးပါး ခင်ပွန်းကြီးဆယ်ပါး နဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ ထားဆရာများအားလုံး အားလုံးရဲ့သွန်သင်ညွှန်ပြမှု ကျေးဇူးတရားတွေကြောင့် “ယောနိေဿာ မနဿီကာရ”သင့်တင့်လျောက်ပါတ် မှန်ကန်သော နှလုံးသွင်းမှုရှိရမည် ဆိုတဲ့အတိုင်း ကြိုးစားနေရဆဲပါပဲအဲ့လို နှလုံးသွင်းထားတဲ့အတွက် အခုဟာက နောင်တတဖန် ပြန်ပူပန်နေတာမျိုးမဟုတ်ဘဲကိုယ်တိုင် ကိုယ့်ဟာကိုယ် သံဝေဂဖြစ်မိတာလေးပါ”

“တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့တစ်နာရီလောက်ပဲ လိုတော့တာပါ (မနှစ်က မျှော်လင့်မထားပဲ ဖြစ်သွားခဲ့တဲ့ တရားစခန်းမှာ လှေကားအမြင့် ၁ဝပေ အထက်ကပြုတ်ကျခဲ့တာကို ဆိုလိုပါတယ်ခင်ဗျာ)ဒါတောင် သစ္စာရွှေစည်ဆရာတော်ဘုရားရဲ့အေးမြတဲ့ ဓမ္မအရိပ်ရှိတဲ့နေရာ သူတော်ကောင်းတွေစုပြီး ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်နေကြတဲ့နေရာ ကျွန်တော်လည်း တရားစခန်းဝင်ဖို့ သွားခဲ့တာမို့သာပေါ့

မဟုတ်ရင်တော့ သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်ခင်ဆန့်သောလက် မကွေးခင် ဆိုတဲ့အတိုင်း အချိန် နေရာအကြောင်းအရာ မရွေးဘဲချက်ချင်းရောက်လာတတ်တာမျိုးဆိုတော့

…ပြည်တွင်းပြည်ပက မြန်မာပြည်သူပြည်သားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံးကပ်ဘေးဆိုးတွေက အမြန်ဆုံး ကင်းစင်ပပျောက်နိုင်ကြပြီးသက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေခင်ဗျား”ဆိုပြီး ရေးသားပြောပြလာပါတယ်နော်

MM Load