ထင်ရှားတဲ့ မြန်မာ ကဗျာနဲ့စာရေးဆရာ သုံးဦး တနင်္လာနေ့က ကွယ်လွန်
မြန်မာနိုင်ငံမှာ တနလာင်္နေ့က ထင်ရှားတဲ့ စာပေသမား ၃ ဦး ကွယ်လွန်သွားပါတယ်။ သြဂုတ်လ ၉ ရက်နေ့ မှာ ကွယ်လွန်သွား သူတွေ
ကတော့ ထင်ရှားတဲ့ ကဗျာ ဆရာ အောင်ချိမ့်၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေး အကျဉ်းသား
ဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာ ကိုကိုကြီး (စိတ်ပညာ) တို့ ဖြစ်ပါတယ်။
ဘာရောဂါတွေနဲ့ ဆုံးပါး ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ နိုင်ငံတဝန်းမှာလည်း ကိုဗစ် ကပ်ဘေးရောဂါ ကူးစက်
ပျံ့နှံ့မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တနလာင်္နေ့ ည ၈ နာရီ ထုတ်ပြန်ချက် အရ ၂၄ နာရီအတွင်း ဓါတ်ခွဲ
စမ်းသပ်မှုပေါင်း ၁၂,၁၉၁ ဦးကို စစ်ဆေးခဲ့တာမှာ ၃,၆၁၁ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်
ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၂၃၈ ဦးရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အပြင်မှာ အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့
သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့
ပရဟိတအဖွဲ့အစည်းတွေက ပြောပါတယ်။
Zawgyi
ထင်ရှားတဲ့ မြန်မာ ကဗျာနဲ့စာရေးဆရာ သုံးဦး တနင်္လာနေ့က ကွယ်လွန်
မြန်မာနိုင်ငံမှာ တနလာင်္နေ့က ထင်ရှားတဲ့ စာပေသမား ၃ ဦး ကွယ်လွန်သွားပါတယ်။ သြဂုတ်လ ၉ ရက်နေ့ မှာ ကွယ်လွန်သွား သူတွေကေ
တာ့ ထင်ရှားတဲ့ ကဗျာ ဆရာ အောင်ချိမ့်၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေး အကျဉ်းသားေ
ဟာင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချု
ပ် မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာ ကိုကိုကြီး (စိတ်ပညာ) တို့ ဖြစ်ပါတယ်။
ဘာရောဂါတွေနဲ့ ဆုံးပါး ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ နိုင်ငံတဝန်းမှာလည်း ကိုဗစ် ကပ်ေ
ဘးရောဂါ ကူးစက် ပျံ့နှံ့မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တနလာင်္နေ့ ည ၈ နာရီ ထုတ်ပြန်ချက်
အရ ၂၄ နာရီအတွင်း ဓါတ်ခွဲ စမ်းသပ်မှုပေါင်း ၁၂,၁၉၁ ဦးကို စစ်ဆေးခဲ့တာမှာ ၃,၆၁၁ ဦးမှာ ရောဂါပိုး ကူးစက်နေတာေ
တွ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၂၃၈ ဦးရှိကြောင်းလည်းေ
ဖ်ာပြထားပါတယ်။ ဒါပေမယ့် အပြင်မှာ အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနက ထု
တ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ပြော
ပါတယ်။



