ၾကားသိရသမွ်

မြန်မာပြည်က သတင်းတွေကြည့်ရင်း ငိုမိတဲ့ ဂျပန် အဆိုတော်








ဘီဘီစီမြန်မာပိုင်း

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အခြေအနေတွေကို

ဂျပန်တွေ ပိုသိဖို့နဲ့ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေသူတွေကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတဲ့

ဂျပန်လူမျိုးတွေထဲမှာ မြန်မာစကားပြောတတ်တဲ့ ဂျပန်အဆိုတော် စုဝါဂျွန်ကိုလည်း ပါဝင်ပါတယ်။

အဆိုတော်ခင်မောင်တိုး သီဆိုခဲ့တဲ့ ခွန်အားဖြည့်မိငယ် သီချင်းကိုလည်း

စုဝါဂျွန်ကိုက မကြာခင်က ပြန်ဆိုထားပြီး အဲဒီဂီတဗီဒီယိုထဲမှာ သူနဲ့ ဂျပန်နိုင်ငံသားတွေရဲ့

မြန်မာ့အရေး လှုပ်ရှားမှု ပုံရိပ်တွေလည်း တွေ့ရပါတယ်။ ဒီအကြောင်းတွေကို အဆိုတော် စုဝါဂျွန်ကိုက ဘီဘီစီကို ပြောပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း