လယ်ယာမြေတွေကို…အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာတွေတော်တော်များများကျွန်တော်ကိုလာအကူအညီတောင်းကြတယ်….
ကျွန်တော်ပထမဦးဆုံးပြောချင်တာကမိမိဝယ်ယူလိုက်တဲ့လယ်ယာမြေသည်…အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား…..အရင်ကြည့်ရမယ်…
အိုခေ…အခြားနည်းသုံးစွဲခွင့် လန- ၃၀
ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း..”
၁။ သာသနမြေအတွက်လား
၂။ စက်ရုံမြေအတွက်လား
၃။ နှစ်ရှည်အတွက်လား
၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်
အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူး…..
.
ပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်…..
နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်..ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည် ။
ငြိမ်းကို
(လယ၃၀ ခွင့်ပြုချက်ပုံစံကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ )
မြေအမျိုးအစား အမျိုးမျိုး..
@အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။
အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ-
မြေပိုင်မြေ ။ ။ မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေး
အပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။
ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်
က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။
ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ မြေကို
ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။
လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်
ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။
ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို
ပါမစ်မြေလို့ ဆိုလိုပါသည်။
မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီက
စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။
စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီး
နောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်
ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်
ပါသည်
ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို
ကျူးကျော်မြေလို့ခေါ်ပါသည်။
ဗဟုသုတအဖြစ်မျှဝေပါသည်”