ဗီယက္နမ္ႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ညဖက္၌ သူငယ္ခ်င္းျဖစ္သူရဲ႕ ေမြးေန႔ပြဲသို႔သြားေရာက္ခဲ့ရာ ေပ်ာ္ေပ်ာ္ပါးပါး စားေသာက္ခဲ့ၿပီးေနာက္ ညသန္းေခါင္ေလာက္မွ အိမ္ကိုျပန္ေရာက္လာခဲ့သည္။

မိန္းကေလးသည္ အိမ္သို႔ေရာက္ေသာအခါ မူးမူးနဲ႔ သူမရဲ႕ iphoneအား ထမင္းေပါင္းအိုးထဲတြင္ မဆီမဆိုင္ ထည့္ခဲ့ရာ မနက္မိုးလင္းမွ မိခင္ျဖစ္သူက ထမင္းခ်က္မလို႔ဆိုၿပီး ေပါင္းအိုးအား လွပ္ၾကည့္စဥ္တြင္ ထိတ္လန္႔သြားခဲ့ရသည္။
ထို႔ေနာက္ သမီးျဖစ္သူအား ေခၚယူၿပီး ေမးျမန္းခဲ့ရာ သူမညကအရမ္းမူးေနတာေၾကာင့္ မမွတ္မိေတာ့ပူးဟုဆိုကာ ထိုအခ်ိန္မွ ဖုန္းကိုေကာက္ဖြင့္လိုက္စဥ္ ထမင္းေပါင္းအိုးမွာ အပူေပးခလုတ္အား တစ္ညလုံးဖြင့္ထားေသာ္လည္း ကံေကာင္းစြာပဲ ဖုန္းကအေကာင္းတိုင္းျဖစ္ေနခဲ့ၿပီး သူမရဲ႕ရယ္စရာအျဖစ္အပ်က္ေလးအား မွ်ေဝခဲ့သည္။

Rain (For Ialinks)
Unicode
သူငယ်ချင်းရဲ့မွေးနေ့တွင် ဝိုင်တွေသောက်ကြရာ မူးပြီးပြန်လာ၍ iphoneကို ထမင်းပေါင်းအိုးထဲ တစ်ညလုံး ထည့်ချက်ခဲ့သော မိန်းကလေး
ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ညဖက်၌ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ပွဲသို့သွားရောက်ခဲ့ရာ ပျော်ပျော်ပါးပါး စားသောက်ခဲ့ပြီးနောက် ညသန်းခေါင်လောက်မှ အိမ်ကိုပြန်ရောက်လာခဲ့သည်။

မိန်းကလေးသည် အိမ်သို့ရောက်သောအခါ မူးမူးနဲ့ သူမရဲ့ iphoneအား ထမင်းပေါင်းအိုးထဲတွင် မဆီမဆိုင် ထည့်ခဲ့ရာ မနက်မိုးလင်းမှ မိခင်ဖြစ်သူက ထမင်းချက်မလို့ဆိုပြီး ပေါင်းအိုးအား လှပ်ကြည့်စဥ်တွင် ထိတ်လန့်သွားခဲ့ရသည်။
ထို့နောက် သမီးဖြစ်သူအား ခေါ်ယူပြီး မေးမြန်းခဲ့ရာ သူမညကအရမ်းမူးနေတာကြောင့် မမှတ်မိတော့ပူးဟုဆိုကာ ထိုအချိန်မှ ဖုန်းကိုကောက်ဖွင့်လိုက်စဥ် ထမင်းပေါင်းအိုးမှာ အပူပေးခလုတ်အား တစ်ညလုံးဖွင့်ထားသော်လည်း ကံကောင်းစွာပဲ ဖုန်းကအကောင်းတိုင်းဖြစ်နေခဲ့ပြီး သူမရဲ့ရယ်စရာအဖြစ်အပျက်လေးအား မျှဝေခဲ့သည်။

Rain (For Ialinks)



