ၾကားသိရသမွ်

အာဆီယံညီလာခံမဖိတ်ပေမယ့် အာဆီယံထဲကထွက်ဖို့မရှိဘူးလို့ စစ်ကောင်စီပြော

အာဏာသိမ္းစစ္ေခါင္းေဆာင္ကို အာဆီယံညီလာခံမဖိတ္ေပမယ့္ အာဆီယံထဲကထြက္ဖို႔မရွိဘူးလို႔ စစ္ေကာင္စီေျပာ

အာဆီယံရဲ႕မႈဝါဒေတြအားနည္းသြားၿပီလို႔ ေဝဖန္

ေအာက္တိုဘာ ၂၆ ရက္မွာ စတင္က်င္းပမယ့္ အာဆီယံထိပ္သီးညီလာခံမွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို

မဖိတ္ၾကားဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ဟာအာဆီယံရဲ႕မႈဝါဒေတြကို အားနည္းသြားတဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔

စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္..

“အားနည္းခ်က္ ၂ခုေတြ႕ရတယ္။ နံပါတ္တစ္ ကေတာ့ အာဆီယံရဲ႕အဓိကမူဝါဒျဖစ္တဲ့ အမ်ားသေဘာတူဆႏၵနဲ႔ ပတ္သက္ၿပီး လိုသလို အဓိပၸါယ္ဖြင့္တယ္၊ အားနည္းသြားၿပီလို႔ျမင္တယ္။

နံပါတ္ႏွစ္ ကေတာ့ ေနာက္ထပ္မူဝါဒတစ္ခုျဖစ္တဲ့ ျပည္တြင္းေရးဝင္ေရာက္မစြက္ဖက္ေရး ဆိုတဲ့ မူဝါဒ အားနည္းသြားၿပီလို႔ျမင္ပါတယ္..။

အာဆီယံႏိုင္ငံေတြဆိုတာ မတူညီတဲ့ႏိုင္ငံေရးစနစ္ေတြ၊ မတူညီတဲ့ လူမႈေရးေတြ၊ ဘာသာေရးေတြေပါင္းစပ္ထားတာျဖစ္တယ္။ ဒီမိုကေရစီႏိုင္ငံေတြရွိတယ္၊ ကြန္ျမဴနစ္ႏိုင္ငံရွိတယ္။ ဒီမိုကေရစီႏိုင္ငံေတာင္ အမ်ိဳးမ်ိဳးကြဲျပားပါတယ္

ဘုရင္စနစ္က်င့္သုံးတဲ့ႏိုင္ငံရွိတယ္၊ တစ္ခုနဲ႔တစ္ခုက်င့္သုံးပုံခ်င္း မတူဘူး။ ကြန္ျမဴနစ္ႏိုင္ငံေတြလည္း တႏိုင္ငံနဲ႔တႏိုင္ငံ က်င့္သုံးတဲ့ႏိုင္ငံေရးစနစ္ ထပ္တူမက်ပါဘူး..!!

အဲဒီႏိုင္ငံေတြကိုအစြဲျပဳထားတဲ့ စုစည္းအားကေတာ့ အမ်ားသေဘာတူဆႏၵနဲ႔ျပည္တြင္းေရး ဝင္ေရာက္မစြက္ဖက္ဘူးဆိုတာ ႏွစ္ခုနဲ႔ဆြဲစိထားတာျဖစ္ပါတယ္။

ဒီ ႏွစ္ခုကေတာ့ ျပင္ပဖိအားနဲ႔ တခ်ိဳ႕ေသာအေၾကာင္းအရာေတြေၾကာင့္ လိုသလိုအဓိပၸာယ္ဖြင့္ဆိုမႈရွိၿပီး

အားနည္းသြားတယ္လို႔ျမင္ပါတယ္ “လို႔စစ္ေကာင္စီရဲ႕ ျပန္ၾကားေရးသတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

စစ္ေကာင္စီဥကၠ႒ကို အခုလို အာဆီယံထိပ္သီးညီလာခံကို မဖိတ္ဖို႔ ရွိေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ အာဆီယံႏိုင္ငံထဲက

ႏုတ္ထြက္မွာမဟုတ္ေၾကာင္းနဲ႔ အခုထက္ပိုတဲ့ ဖိအားေတြရွိလာရင္လည္း ရင္ဆိုင္ဖို႔အေတြ႕အႀကဳံေတြမ်ားစြာရွိတယ္လို႔ သူကဆက္ေျပာပါတယ္..

ဒါ့အျပင္ ဒီထိပ္သီးညီလာခံကို ႏိုင္ငံေရးအရ မဟုတ္တဲ့ သံတမန္ေရးအရ ေစလႊတ္ရမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး

ဘယ္သူ႔ကိုေစလႊတ္မယ္ဆိုတာကိုေတာ့ ေဆြးေႏြးဆဲျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

unicode

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံမဖိတ်ပေမယ့် အာဆီယံထဲကထွက်ဖို့မရှိဘူးလို့ စစ်ကောင်စီပြော

အာဆီယံရဲ့မှုဝါဒတွေအားနည်းသွားပြီလို့ ဝေဖန်

အောက်တိုဘာ ၂၆ ရက်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း

အောင်လှိုင်ကို မဖိတ်ကြားဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာအာဆီယံရဲ့မှုဝါဒတွေကို အားနည်းသွားတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အားနည်းချက် ၂ခုတွေ့ရတယ်။ နံပါတ်တစ် ကတော့ အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့ အများသဘောတူဆန္ဒနဲ့

ပတ်သက်ပြီး လိုသလို အဓိပ္ပါယ်ဖွင့်တယ်၊ အားနည်းသွားပြီလို့မြင်တယ်။ နံပါတ်နှစ် ကတော့ နောက်ထပ်မူဝါဒတစ်ခုဖြစ်တဲ့ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒ အားနည်းသွားပြီလို့မြင်ပါတယ်။

အာဆီယံနိုင်ငံတွေဆိုတာ မတူညီတဲ့နိုင်ငံရေးစနစ်တွေ၊ မတူညီတဲ့ လူမှုရေးတွေ၊ ဘာသာရေးတွေပေါင်းစပ်ထားတာဖြစ်တယ်။

ဒီမိုကရေစီနိုင်ငံတွေရှိတယ်၊ ကွန်မြူနစ်နိုင်ငံရှိတယ်။ ဒီမိုကရေစီနိုင်ငံတောင် အမျိုးမျိုးကွဲပြားပါတယ်။ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံရှိတယ်၊ တစ်ခုနဲ့တစ်ခုကျင့်သုံးပုံချင်း မတူဘူး။

ကွန်မြူနစ်နိုင်ငံတွေလည်း တနိုင်ငံနဲ့တနိုင်ငံ ကျင့်သုံးတဲ့နိုင်ငံရေးစနစ် ထပ်တူမကျပါဘူ..း။

အဲဒီနိုင်ငံတွေကိုအစွဲပြုထားတဲ့ စုစည်းအားကတော့ အများသဘောတူဆန္ဒနဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးဆိုတာ နှစ်ခုနဲ့ဆွဲစိထားတာဖြစ်ပါတယ်..။

ဒီ နှစ်ခုကတော့ ပြင်ပဖိအားနဲ့ တချို့သောအကြောင်းအရာတွေကြောင့် လိုသလိုအဓိပ္ပာယ်ဖွင့်ဆိုမှုရှိပြီး

အားနည်းသွားတယ်လို့မြင်ပါတယ် “လို့စစ်ကောင်စီရဲ့ ပြန်ကြားရေးသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်..

စစ်ကောင်စီဥက္ကဋ္ဌကို အခုလို အာဆီယံထိပ်သီးညီလာခံကို မဖိတ်ဖို့ ရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့

အာဆီယံနိုင်ငံထဲက နုတ်ထွက်မှာမဟုတ်ကြောင်းနဲ့ အခုထက်ပိုတဲ့ ဖိအားတွေရှိလာရင်လည်း ရင်ဆိုင်ဖို့အတွေ့အကြုံတွေများစွာရှိတယ်လို့ သူကဆက်ပြောပါတယ်”’!!

ဒါ့အပြင် ဒီထိပ်သီးညီလာခံကို နိုင်ငံရေးအရ မဟုတ်တဲ့ သံတမန်ရေးအရ စေလွှတ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုစေလွှတ်မယ်ဆိုတာကိုတော့ ဆွေးနွေးဆဲဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်..။

BBC