အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌ အင်တာဗျူ း တစ်ခုလာနေသည်။၎င်း အင်တာဗျူးကို….စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျမိပါသည်။ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။” ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ”
” ၃နှစ်လောက်ရှိပြီ”” ဘာတာဝန်ယူရလဲ ”” ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် ”
” မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ”” နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို
အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ အလုပ်ကို ကျွန်မရွေးချယ်တာ ”
” ဒီထက်ပိုရှင်းပြလို့ရမလား ”” ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် ”” ဘာကြောင့်လဲ ”
ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် ”
“ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ ”” ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ပဲ
အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်
ဒါကြောင့် ကြောက်တာ ”ဟုတ်တယ်နော် ..ဆက်ပြောပါဦး ”ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်
မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို
ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ ”ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျခင်ဗျားနားလည်သလို ပြောပြစမ်းပါ ”
“ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက်ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။
မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က
တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင်
သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အဃြေံပညာရေးရဲ့ ရည်မှန်းချက် ပဲ ” ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ…ဆက်ပြီးမေးခွင့်ပြုပါ။ ”
” ရပါတယ် ”လစာဘယ်လောက်ရလဲ ” ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် ” ဒီလိုပါ …ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။
အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ ”
” လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။
ဝါသနာလည်းပါသင့်တယ်။ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် ” ဆက်ပြီးမေးပါရစေ ” ကောင်းပါပြီ ..မေးပါရှင် ”
” ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ ”” ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ ”ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ ”
” ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် …နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ ”” ဘာဆိုင်လို့လဲ ”” ဖြေကြည့်ပါ ”” နှင်းဆီ ပန်းကလှတာပေါ့ ”
” ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ ””ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ ”” ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့
မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ ”ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ…
ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ ” တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။
ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။
ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။
သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့သယံဇာတ တစ်ခုပါပဲရှင့်။
အဲဒီစိတ်ကူး စတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် ”
” ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် ”” စာဖတ်လို့ပါ “ဘာစာတွေဖတ်လဲ ”
” အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် ”” ဒါနဲ့.မေးရအုံးမယ်အိုဘားမားကို နှစ်သက်လား ”နှစ်သက်ခဲ့ပါတယ် ”” နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား ”
” ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်း
တစ်မျိုးပေါ့လေ ”သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ ”“တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊
ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း
အားလုံးအတွက် …အားလုံး အရေးကြီးတယ်…အားလုံးအရေးပါတယ်။အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့
အားလုံးမကောင်းနိုင်ပါဘူး ”” all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ ”” သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ ”
” ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ ”ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား ”” ဟုတ်တယ်ရှင့်…သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ
ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။နောက်ထပ် ၄..နှစ်ဆိုတာ
ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်…
ဝန်ထမ်းကောင်းမှတိုင်းပြည်ကောင်းမှာရှင့် ”” ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် ”” ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်
အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည် ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊ ကိုယ့်တာဝန်ကိုယ် မသိကြပါ။
Credit