ယေန႔ အြန္လိုင္းေပၚမွာ လူေျပာအမ်ားဆုံး ကိစၥကေတာ့ အသက္ ၇၀ နဲ႔ ၂၇ ႏွစ္ ဇနီးေမာင္ႏွံ အေၾကာင္းပဲ ျဖစ္ပါတယ္။
မလိုမုန္းထားေျပာသူေတြေရာ၊ အံ့ဩခ်ီးက်ဴးၾကသူေတြေရာနဲ႔ အၿပိဳင္အဆိုင္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။
တခ်ိဳ႕ကလည္း ေငြမက္တယ္လို႔ ေျပာၾကသလို တခ်ိဳ႕ကလည္း ေရစက္ရွိလို႔သာ ဒီလို အသက္အ႐ြယ္ ကြာဟေပမယ့္
ႏွစ္ေယာက္သား ခ်စ္ၾကည္ႏူးႏိုင္တာလို႔လည္း ေျပာေနၾကပါတယ္။
အန္တီဖူးရဲ႕ ေပ့ျဖစ္တဲ့ ဖူးစံအိမ္ ေပ့မွာေတာ့ ဒီလိုတင္ထားတာ ေတြ႕ရပါတယ္။
“မွန္တာဝန္ခံရရင္ သူ႔မွာ က်မအရင္တြဲတဲ့ မိန္းမေတြ အမ်ားႀကီးရွိတယ္ေလ။
က်မနဲ႔ တရားဝင္ယူလိုက္တာ သူ႔ပတ္သက္တဲ့ မိန္းကေလးေတြ သိေအာင္ ခုလိုေတြ တင္မိတာပါရွင္။
သူလဲ အခုက်မကို ယူၿပီး ပိုင္းလုံးလို႔ ေျပာခံရေတာ့ စိတ္ဆိုးေနတယ္ရွင္။
သူလိုအပ္တာ သူ႔မွာ မရွိတာ က်မက ျဖည့္ဆည္းေပးတယ္။
က်မ လိုအပ္တဲ့ စိတ္ေအးခ်မ္းမႈ သူကေပးတယ္။ ပိုင္းလုံးလို႔ မယူဆပါနဲ႔လားရွင္။”
အဆိုပါ ဖူးစံအိမ္ေပ့ဟာ အတု တခုျဖစ္ၿပီး သူတို႔ စုံတြဲကို တိုက္ခိုက္ဖို႔ ဖြင့္ထားတယ္လို႔
၂၇ ႏွစ္အ႐ြယ္ သတို႔သားျဖစ္သူ ကိုသူရိန္ကလည္း ယခု ဖူးစံအိမ္ေပ့မွာ သူတို႔ပုံေတြကို ယူတင္ေနတာ ျဖစ္ေၾကာင္း၊
အန္တီဖူးကို မရတဲ့ အသက္ႀကီးႀကီး အမ်ိဳးသားတေယာက္က လုပ္ႀကံတင္ေနတာ ျဖစ္ေၾကာင္း ကြန္းမန႔္မွာ ေရးသြားပါတယ္။
အန္တီဖူးရဲ႕ တရားဝင္ တစ္ေတာ့ အေကာင့္ကေနလည္း ” တစ္ေတာ့မွ မိတ္ေဆြ သူငယ္ခ်င္းမ်ား ရွင့္
က်မ၏ တစ္ေတာ့ ဗီဒီယဖိုမ်ားကို ဖဘေပၚတြင္ ဖူးစံအိမ္ ေပ့အတုျဖင့္ ကေလးကလား စာတန္းမ်ားျဖင့္
တင္ေနသူသည္ က်မ မဟုတ္ပါ။ ထိုေပ့ေၾကာင့္ ျဖစ္လာေသာ ျပႆနာမ်ားကို
တာဝန္ယူ ေျဖရွင္းမည္ မဟုတ္ပါေၾကာင္း အသိေပးအပ္ပါသည္ရွင္။ ယုတ္မာခ်က္က ကမ္းကုန္” လို႔ ေရးထားပါတယ္။
ေက်ာင္းဆရာမတဦး ျဖစ္တဲ့ အန္တီဖူးရဲ႕ တပည့္ျဖစ္သူကလည္း “အန္တီဖူး မဂၤလာေဆာင္တာ ဟုတ္မွန္ေၾကာင္း၊
အမ်ိဳးသားဆုံးတာ ႏွစ္ ၃၀ ေလာက္ ၾကာေနၿပီး သိကၡာ ရွိရွိေနခဲ့တဲ့ သူျဖစ္ေၾကာင္း၊ အခု ယူတာလည္း
ဆရာမ လွ်ပ္ေပၚလ ေလာ္လီလို႔ မဟုတ္ေၾကာင္း၊ ေရစက္ျဖစ္ႏိုင္ေၾကာင္း၊ တပည့္ေတြ အေပၚမွာလည္း
က်ဴရွင္မျပဘဲ မုန႔္ဝယ္ေကြၽးတတ္ေၾကာင္း၊ ခ်ိဳ႕တဲ့ကေလးေတြကို ေထာက္ပံ့ေပးေနတဲ့ ဆရာမ ျဖစ္ေၾကာင္း၊
ဒီလိုေပ့ထာင္ၿပီး ေပါက္ကရ ေျပာေန ဟားေနတာေတြကို တပည့္ေတြ ၾကည့္ၿပီး ရင္နာရေၾကာင္း၊
မနာလိုသူေတြ တင္ေနတာ ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။ဇနီးေမာင္ႏွံ ႏွစ္ေယာက္ သာယာေပ်ာ္႐ႊင္ေနၾကတာကို
မနာလို မရႈစိမ့္ႏိုင္တဲ့ လူတစုက တမင္တကာ နာမည္ပ်က္ေစလိုတဲ့ သေဘာနဲ႔ ယခုလို ျပဳလုပ္ေနတယ္လို႔ ယူဆရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ အန္တီဖူးတို႔ ေမာင္ႏွံကို ေလးစားအားက်တဲ့သူ၊
ဆုေတာင္း ေပးတဲ့ သူေတြက ပိုမိုမ်ားျပားေနတယ္လို႔ သိရပါတယ္။
Credit
Unicode,
ယနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး ကိစ္စကတော့ အသက် ၇၀ နဲ့ ၂၇ နှစ် ဇနီးမောင်နှံ အကြောင်းပဲ ဖြစ်ပါတယ်။
မလိုမုန်းထားပြောသူတွေရော၊ အံ့ဩချီးကျူးကြသူတွေရောနဲ့ အပြိုင်အဆိုင် ဖြစ်နေတာကို တွေ့ရပါတယ်။
တချို့ကလည်း ငွေမက်တယ်လို့ ပြောကြသလို တချို့ကလည်း ရေစက်ရှိလို့သာ ဒီလို အသက်အရွယ် ကွာဟပေမယ့်
နှစ်ယောက်သား ချစ်ကြည်နူးနိုင်တာလို့လည်း ပြောနေကြပါတယ်။
အန်တီဖူးရဲ့ ပေ့ဖြစ်တဲ့ ဖူးစံအိမ် ပေ့မှာတော့ ဒီလိုတင်ထားတာ တွေ့ရပါတယ်။
“မှန်တာဝန်ခံရရင် သူ့မှာ ကျမအရင်တွဲတဲ့ မိန်းမတွေ အများကြီးရှိတယ်လေ။
ကျမနဲ့ တရားဝင်ယူလိုက်တာ သူ့ပတ်သက်တဲ့ မိန်းကလေးတွေ သိအောင် ခုလိုတွေ တင်မိတာပါရှင်။
သူလဲ အခုကျမကို ယူပြီး ပိုင်းလုံးလို့ ပြောခံရတော့ စိတ်ဆိုးနေတယ်ရှင်။
သူလိုအပ်တာ သူ့မှာ မရှိတာ ကျမက ဖြည့်ဆည်းပေးတယ်။
ကျမ လိုအပ်တဲ့ စိတ်အေးချမ်းမှု သူကပေးတယ်။ ပိုင်းလုံးလို့ မယူဆပါနဲ့လားရှင်။”
အဆိုပါ ဖူးစံအိမ်ပေ့ဟာ အတု တခုဖြစ်ပြီး သူတို့ စုံတွဲကို တိုက်ခိုက်ဖို့ ဖွင့်ထားတယ်လို့
၂၇ နှစ်အရွယ် သတို့သားဖြစ်သူ ကိုသူရိန်ကလည်း ယခု ဖူးစံအိမ်ပေ့မှာ သူတို့ပုံတွေကို ယူတင်နေတာ ဖြစ်ကြောင်း၊
အန်တီဖူးကို မရတဲ့ အသက်ကြီးကြီး အမျိုးသားတယောက်က လုပ်ကြံတင်နေတာ ဖြစ်ကြောင်း ကွန်းမန့်မှာ ရေးသွားပါတယ်။
အန်တီဖူးရဲ့ တရားဝင် တစ်တော့ အကောင့်ကနေလည်း ” တစ်တော့မှ မိတ်ဆွေ သူငယ်ချင်းများ ရှင့်
ကျမ၏ တစ်တော့ ဗီဒီယဖိုများကို ဖဘပေါ်တွင် ဖူးစံအိမ် ပေ့အတုဖြင့် ကလေးကလား စာတန်းများဖြင့်
တင်နေသူသည် ကျမ မဟုတ်ပါ။ ထိုပေ့ကြောင့် ဖြစ်လာသော ပြဿနာများကို
တာဝန်ယူ ဖြေရှင်းမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်ရှင်။ ယုတ်မာချက်က ကမ်းကုန်” လို့ ရေးထားပါတယ်။
ကျောင်းဆရာမတဦး ဖြစ်တဲ့ အန်တီဖူးရဲ့ တပည့်ဖြစ်သူကလည်း “အန်တီဖူး မင်္ဂလာဆောင်တာ ဟုတ်မှန်ကြောင်း၊
အမျိုးသားဆုံးတာ နှစ် ၃၀ လောက် ကြာနေပြီး သိက္ခာ ရှိရှိနေခဲ့တဲ့ သူဖြစ်ကြောင်း၊ အခု ယူတာလည်း
ဆရာမ လျှပ်ပေါ်လ လော်လီလို့ မဟုတ်ကြောင်း၊ ရေစက်ဖြစ်နိုင်ကြောင်း၊ တပည့်တွေ အပေါ်မှာလည်း
ကျူရှင်မပြဘဲ မုန့်ဝယ်ကျွေးတတ်ကြောင်း၊ ချို့တဲ့ကလေးတွေကို ထောက်ပံ့ပေးနေတဲ့ ဆရာမ ဖြစ်ကြောင်း၊
ဒီလိုပေ့ထာင်ပြီး ပေါက်ကရ ပြောနေ ဟားနေတာတွေကို တပည့်တွေ ကြည့်ပြီး ရင်နာရကြောင်း၊
မနာလိုသူတွေ တင်နေတာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ဇနီးမောင်နှံ နှစ်ယောက် သာယာပျော်ရွှင်နေကြတာကို
မနာလို မရှုစိမ့်နိုင်တဲ့ လူတစုက တမင်တကာ နာမည်ပျက်စေလိုတဲ့ သဘောနဲ့ ယခုလို ပြုလုပ်နေတယ်လို့ ယူဆရပါတယ်။
လက်ရှိအချိန်မှာတော့ အန်တီဖူးတို့ မောင်နှံကို လေးစားအားကျတဲ့သူ၊
ဆုတောင်း ပေးတဲ့ သူတွေက ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
Credit