ၾကားသိရသမွ်

နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းသောကြောင့် အင်တာနက်‌ေပါ်တွင် လူကြိုက်များလာခဲ့သော မိန်းကလေး

Unicode

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တွင် Sidsel Boye Rasmussen အမည်ရှိ မိန်းကလေးတစ်ဦးဟာ သူမ၏ “spotless ” ဖြစ်လွန်းတဲ့အလှတရားဖြင့် လူအများကိုတုန်လှုပ်သွားစေခဲ့ပါတယ်။

ထိုစဉ်ကအသက် ၁၄ နှစ်အရွယ် ဘဲလေးအကကနေခဲ့တဲ့ Sidsel ဟာ အင်တာနက်ပေါ်တွင် လျင်မြန်စွာလူကြိုက်များလာခဲ့ပါတယ်။ သူမဟာ သူမ၏နတ်သမီးကဲ့သို့ လှပနေမှုအတွက် ချီးကျူးခြင်းနှင့်ချီးမွမ်းခြင်းများစွာကို ရရှိခဲ့ပါတယ်။

Sidsel ဟာ သူမရဲ့စိတ်ကူးအိမ်မက်ဆန်တဲ့ အလှတရားအတွက် Denmark Angel ဟုပင် တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။ တကယ်လည်းသူမဟာ ပြောမပြတတောင် ချောမောလှပပါတယ်။

သူမရဲ့ဘဲလေးအကဖျော်ဖြေမှုအပြီးတွင် Sidsel ဟာ ချက်ချင်းအင်တာနက်တွင် လူကြိုက်များတဲ့ မျက်နှာတစ်ခုဖြစ်လာခဲ့ပြီး Netizens များက သူမရဲ့ဖြူစင်ပြီးချိုမြိန်လှတဲ့အလှကို ချီးမွမ်းခန်းဖွင့်ရန် အလှပဆုံးစကားလုံးများကိုပင် သုံးခဲ့ကြပါတယ်။

၎င်းတို့က Sidsel ကို ပုံပြင်ထဲကနတ်သမီးလို့တောင် ခေါ်ဝေါ်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ Sidsel ဟာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး လူတော်တော်များများက သူမရဲ့အလှကို အခုထိအရမ်းစိတ်ဝင်စားနေကြပါသေးတယ်။

Sidsel ရဲ့သန့်ရှင်းစင်ကြယ်တဲ့အလှတရားက မရှိတော့ပေမဲ့ သူမဟာတမူပုံစံပြောင်းလာကာ ပိုမိုမာကျောပြီး အလွန်ထက်မြက်တဲ့ မိန်းကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

အခြားသူများက သူမရဲ့ဖြူစင်တဲ့အလှတရားများ မရှိတော့ဘူးလို့ပြောဆိုနေကြချိန်မှာ Denmark Angel ရဲ့ အမာခံပရိတ်သတ်များစွာကတော့ Sidsel ဟာ ရင့်ကျက်လာတာနဲ့အမျှ သူမဟာ ပိုမိုကျက်သရေရှိရှိလှပလာကြောင်း ပြောကြားခဲ့ကြပါတယ်။

Sidsel တွင် အင်တာနက်၌ပရိသတ်များစွာရှိပြီး သူမဟာ Instagram မှာ follower ၂၄၄k ကျော်အထိရှိပါတယ်။

Social media ၌ ဓာတ်ပုံတစ်ပုံတင်တိုင်း သူမဟာကြီးမားတဲ့တုံ့ပြန်မှုများကို ရရှိနေဆဲဖြစ်ပါတယ်။ Sidsel ဟာ လက်ရှိမှာ Denmark နိုင်ငံတွင်နေထိုင်ပြီး အလုပ်လုပ်နေသော်လည်း သူမဆယ်ကျော်သက်အရွယ်မှာ စတင်ကျော်ကြားလာခဲ့တဲ့ တရုတ်နိုင်ငံ၌လည်း active ဖြစ်နေပါတယ်။

Denmark girl ဖြစ်တဲ့ Sidsel ဟာ လက်ရှိမှာ သူမထက် ၃ နှစ်ကြီးတဲ့ ကပြားကောင်လေးနှင့်ချိန်းတွေ့နေပြီး Sidsel Boye Rasmussen နှင့် သူမ၏ချစ်သူ Kevin Kankoed Petersen တို့ဟာ SNS တွင် ၎င်းတို့ရဲ့ပျော်ရွှင်စရာဓာတ်ပုံများစွာကို မကြာခဏဝေမျှပေးလေ့ရှိပါတယ်။

Sidsel ရဲ့အလှတရားက သူမကြီးပြင်းလာတဲ့အခါ အများကြီးပြောင်းလဲသွားတယ်ဆိုပေမယ့် သူမဟာအရမ်းချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေဆဲပါဘဲ။