ၾကားသိရသမွ်

စစ်ခေါင်းဆောင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ တစ်ခုချင်းစီကို ကျပ်သိန်း(၁၀၀၀)စီ ပေး

အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင်

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် တွေ့ဆုံပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနုပညာကဏ္ဍ(၄)ခုအတွက်ကျပ်သိန်း(၁၀၀၀)စီ ပေးအပ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရံပုံငွေ စုစုပေါင်း ကျပ်သိန်း (၄၀၀၀) နှင့် ဆန် အိတ်(၁၀၀)၊ဆီ ပိဿာ(၅၀၀)နှင့် ပဲ ပိဿာ(၃၀၀)တို့ကို ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ ပေးအပ်သည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် (လယ်ဝေး) )၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ

အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံသဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံသဘင်အစည်း အရုံး အမှုဆောင် ဦးဌေးလွင်၊

မြန်မာနိုင်ငံဂီတ ပညာရှင်များကိုယ်စားမြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်တို့ က လက်ခံရယူခဲ့သည်ဟု အာဏာသိမ်းစစ်တပ်၏ website တွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်း၊

ရန်အောင်၊ မိုးယံဇွန်၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ အောင်ခိုင်၊ ဂျေနီ၊ တက္ကသိုလ်လဲ့လဲ့၊ အမေထားနှင့် အနုပညာရှင်များ တက်ရောက်ကြောင်း သိရသည်။

Source – TachileikNewsAgency , Photo: cincds, Aung Kyaw Sint

————————-

အာဏာသိမ္းစစ္ေခါင္းေဆာင္ ႏွင့္ စာေပ၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတ အႏုပညာရွင္တို႔ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ကုန္းျမင့္သာရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္တြင္

ယေန႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၃၁)ရက္ေန႔တြင္ ေတြ႕ဆုံၿပီး အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အႏုပညာက႑(၄)ခုအတြက္က်ပ္သိန္း(၁၀၀၀)စီ ေပးအပ္ေၾကာင္း သိရသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စာေပ၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတ အႏုပညာရပ္ဝန္းအသီးသီးအတြက္ ရံပုံေငြ စုစုေပါင္း က်ပ္သိန္း (၄၀၀၀) ႏွင့္ ဆန္ အိတ္(၁၀၀)၊ဆီ ပိႆာ(၅၀၀)ႏွင့္ ပဲ ပိႆာ(၃၀၀)တို႔ကို ေပးအပ္ျခင္းျဖစ္သည္။

ထိုသို႔ ေပးအပ္သည္ကို ျမန္မာႏိုင္ငံစာေရးဆရာအသင္း အတြင္း ေရးမႉး ဦးၫြန႔္တင္၊ တြဲဘက္အတြင္းေရးမႉး ဦးမ်ိဳးထြန္း (ေမာင္စိမ္းေနာင္ (လယ္ေဝး) )၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္က႑မွ

အႏုပညာရွင္မ်ားကိုယ္စား ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဒုတိယဥကၠ႒ ဦးေအးၾကဴေလး၊ အတြင္းေရးမႉး ဦးေဇာ္ျမင့္ဦး၊ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားကိုယ္စား ျမန္မာႏိုင္ငံသဘင္အစည္း အ႐ုံး အမႈေဆာင္ ဦးေဌးလြင္၊

ျမန္မာႏိုင္ငံဂီတ ပညာရွင္မ်ားကိုယ္စားျမန္မာႏိုင္ငံဂီတ အစည္းအ႐ုံး(ဗဟို)မွ ယာယီအမႈေဆာင္အဖြဲ႕ ဥကၠ႒ ဦးလြင္ျမင့္တို႔ က လက္ခံရယူခဲ့သည္ဟု အာဏာသိမ္းစစ္တပ္၏ website တြင္ ေဖာ္ျပထားသည္။

အဆိုပါ အခမ္းအနားသို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးနာယကႏွင့္ ယာယီဦးစီးေကာ္မတီ ဥကၠ႒ အကယ္ဒမီ ဒါ႐ိုက္တာ စည္သူ ဦးၾကည္စိုးထြန္း၊

ရန္ေအာင္၊ မိုးယံဇြန္၊ ဒါ႐ိုက္တာ ကိုေဇာ္(အာ႐ုဏ္ဦး)၊ ေအာင္ခိုင္၊ ေဂ်နီ၊ တကၠသိုလ္လဲ့လဲ့၊ အေမထားႏွင့္ အႏုပညာရွင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

Source – TachileikNewsAgency , Photo: cincds, Aung Kyaw Sint