ၾကားသိရသမွ်

ကျွန်မသာ ညဉ့်ငှက်တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား (၀မ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်)…

ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။အဖေက “သွား… သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး ငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။

ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။

ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ဝမ်းစာအတွက် ကျွန်မ ညဉ့်ငှက်တစ်ကောင် ဖြစ်ခဲ့တယ်။

လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင် ကျွန်မ လုပ်ခဲ့မိတယ်။

နှိုက်ကလပ်တစ်ခုမှကျွန်မ အလုပ်လုပ်တယ်။ အဲဒီကလပ်မှာ ကျွန်မဟာ အချောဆုံး အလှဆုံး စာရင်းဝင်ပါ။ ပိုင်ရှင်သူဌေးကကျွန်မကို သဘောကျတယ်။ သူ သဘောကျမယ်ဆိုလည်း ကျသင့်ပါတယ်။ သူနဲ့ ကျွန်မက မကင်းမရှင်းလေ။လူတွေရဲ့ အသုံးတော်ခံ ဖြစ်နေမှတော့ တစ်ယောက်ပိုလာလို့၊ တစ်ယောက် လျော့သွားလို့လည်းကျွန်မအတွက် ထူးမှ မထူးတော့တာ။ နောက်ပြီး သူက ကျွန်မရဲ့ အလုပ်ရှင်ဆိုတော့ ဒီနေရာမှာအာဏာက ငွေကြေးထက် ပိုတန်ဖိုး ရှိနေပြီလေ။

ညတိုင်းချွဲနွဲ့တဲ့အသံ၊ ချိုသာတဲ့စကားတွေနဲ့ ဧည့်သည်တွေကို ကျွန်မစကား ပြောရတယ်။ နောက် အဲဒီ ဧည့်သည်တွေထဲက တစ်ယောက်က သူနဲ့အတူ အိပ်ဖို့ ကျွန်မကို အပြင်ခေါ်ထွက်တယ်။

သူနဲ့တစ်ညအိပ်ပြီး နောက်တစ်ရက်မနက်မှာ ကျွန်မအခန်းကို ကျွန်မ ပြန်အိပ်တယ်။ ဒီလိုပဲ နေ့စဉ်ရက်ဆက် ဆိုသလို အဲဒီအလုပ်မှာ ကျွန်မ မငြီးငွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ရွံမုန်း လာတယ်။

ကိုယ့်အခန်းထဲ ပြန်ရောက်တိုင်း ခန္ဓာတစ်ခုလုံးကို စိတ်နာနာနဲ့ ကျွန်မ ဆေးကြောမိတယ်။

ဒါပေမယ့် အသားနာအောင်တော့ ကျွန်မ မလုပ်ပါဘူး။ အဲဒီအသားအရည်တွေက ကျွန်မကို ငွေရှာပေးမဲ့ ပစ္စည်းတွေလေ။

နေ့စဉ်ပုံမှန်ပဲကျွန်မရဲ့ရက်တွေမှာ ဆန္ဒမရှိ၊ ပြည့်ဝမှုမရှိဘဲ ကျွန်မ လည်ပတ် နေခဲ့တယ်။ ပုပ်စော်နံနေတဲ့ ခန္ဓာကိုယ်နဲ့ လူတွေကို အသုံးတော်ခံမယ်။ ဒါမှမဟုတ် အလှကုန်ပစ္စည်း၊ အင်္ကျီအဝတ်အစားတွေ ထွက်ဝယ်မယ်။ ဒါမှမဟုတ် အခန်းထဲမှာ ကျွန်မ အိပ်နေလိုက်တယ်။

ကျွန်မကိုယ်ဝန်ဖျက်ချတာ ငါးကြိမ် ရှိခဲ့ပါပြီ။ ဆရာဝန်က နောက်ဆို ကျွန်မ ကလေး မွေးနိုင်တော့မှာ မဟုတ်ကြောင်း သတိပေးပါတယ်။

ကျွန်မကို အဲဒီလို သတိပေး စကားပြောတဲ့ အချိန်မှာ သူ့မျက်နှာပေါ်မှာ နှမြောတဲ့၊ ဝမ်းနည်းတဲ့ အရိပ်အယောင်ကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မသိတယ်။ အဲဒီအပြစ်တွေကို ကျွန်မ ကိုယ်တိုင်ပဲ ရှာခဲ့တယ်ဆိုတာ ကျွန်မသိတယ်။

ဒါပေမယ့် ဆရာဝန်ရဲ့ သတိပေးစကားကို ကြားတော့ ကျွန်မ ချုံးပွဲချ ငိုခဲ့မိတယ်။ ကျွန်မစိတ်ကို ကျွန်မ ဖြေခဲ့ပါတယ်။

ကျွန်မဟာ ညဉ့်ငှက် တစ်ကောင်ပါ။ ဘယ်သူကမှ ကျွန်မကို အချစ်စစ် အချစ်မှန်နဲ့ ချစ်လာမှာ မဟုတ်သလို ကျွန်မလည်း အိမ်ထောင်ပြုဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး။

အရွယ်တင်သေးတဲ့ကျွန်မ ပိုက်ဆံကို ပိုရှာချင်သေးတယ်။ ပိုက်ဆံတွေ စုမိရင် ဒီအလုပ်ကို စွန့်ပြီး ရိုးသားတဲ့ လူတစ်ယောက်နဲ့ လက်ထပ်မယ် (တကယ်တော့ ဒါတွေဟာ ကျွန်မရဲ့ စိတ်ကူး သက်သက်ပါ။)

ညဉ့်ငှက်တစ်ကောင်ဖြစ်လို့ ကျွန်မ အိမ်ထောင်ပြုမှာ မဟုတ်တဲ့အပြင် သားသမီးတွေလည်း ကျွန်မ မရနိုင်တော့ပါဘူး။ဥမဥ တတ်တဲ့ ကြက်တစ်ကောင်ကို ဘယ်သူကများ မွေးထား ချင်ပါ့မလဲရှင်။ အနာတရာ အားလုံးကိုကျွန်မ ကျိတ်မှိတ်ပြီး ခံစားလို့ ရပေမယ့် လင်ယောက်ျားရဲ့ ဥပေက္ခာပြုမှုကိုတော့ ကျွန်မ ဘယ်လိုနည်းနဲ့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။

အမေက ကျွန်မကို စိုးရိမ်ပူပန်လိုပဲလား မသိ။. ကျွန်မ အခန်းကို အမြဲလာ သိမ်းဆည်းပေးတယ်။ ကျွန်မရဲ့ အလုပ်ကို အမေ မသိခဲ့ပါဘူး။

တကယ်လို သိများသိခဲ့ရင် ကျွန်မမှာ ဆွေမျိုးသားချင်း ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကို ကျွန်မ မဆုံးရှုံးချင်ဘူး။ အမေလာရင် တစ်ခါတလေ အမေနဲ့ ကျွန်မ ဈေးထွက်ဝယ် ဖြစ်တယ်။

ကျွန်မတို့ အပြင်ထွက်တိုင်း ဒီတိုက်က လူတစ်ယောက်နဲ့ ဓာတ်လှေကားမှာ အမြဲလိုလို ဆုံတတ်တယ်။

သူ့အပြုအမှုက ညင်သာ၊ သိမ်မွေ့တယ်။ ကျွန်မတို့ကို တွေ့တိုင်း ခေါင်းညိတ် ပြုံးပြတတ်တယ်။ ရုပ်ခန့်တဲ့အပြင် အရပ်လည်း မြင့်တယ်။ ဝတ်ထားတာလည်း ဖက်ရှင် ကျတယ်။

သူ့ကို ကျွန်မ သတိထားမိပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးတွေ စည်းနည်းနည်း ကျော်ချင်လာပြီဆိုရင် ငါဟာ မိန်းမပျက် တစ်ယောက်ပါလားလို့ ကိုယ့်ကို သတိပေးမိပြန်တယ်။

အဲဒီလို နိမ့်ကျတဲ့ အသိတွေက ကျွန်မ လွတ်ရုန်းလို့ မရအောင် အရိုးထဲမှာ စွဲနေခဲ့ပါပြီ။

ဒီနေ့ ဧည့်မရပါဘူး။ ခုတစ်လော အဖမ်းအဆီးများလို့ ကျွန်မတို့ ဝင်ငွေ လျော့လာတယ်။ အခန်းထဲမှာ တီဗွီကိုဖွင့် မချက်ပြုတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မီးဖိုမှာ ကိုယ့်အတွက် အကောင်းဆုံး တစ်နပ်ကို ကျွန်မ ချက်ပြုတ် နေလိုက်တယ်။

တကယ်ဆို ဒီလို ရိုးရှင်းတဲ့ ဘဝကို ကျွန်မ ပိုနှစ်သက်မိပါတယ်။

တစ်နှစ် ထပ်လုပ်မယ်။ ငွေစုပြီး ဒီအလုပ်ကို စွန့်မယ်လို့ ကျွန်မ လုံးလုံး ဆုံးဖြတ်လိုက်တယ်။

ပြီးတော့ အိမ်ဆိုင်လေး တစ်ဆိုင် ဖွင့်ပြီး ပုံမှန်ဘဝနဲ့ ငွေရှာမယ်။ ဒါမှမဟုတ် တစ်ခြားမြို့ကို ပြောင်းမယ်။ ဒီမြို့မှာတော့ ကျွန်မကို သိတဲ့ လူတွေ သိပ်များနေပါပြီ။

ကျွန်မ ဟိုတွေးဒီတွေးနဲ့ အဲဒီအချိန်မှာပဲ လူခေါ်ဘဲလ်က မြည်လာပါတယ်။ ဘယ်သူများ ပါလိမ့်..? လစဉ် ရေဖိုးလာကောက်တဲ့ အန်တီကြီး တစ်ယောက်က လွဲလို့ ကျွန်မတံခါးကို ဘယ်သူမှ လာမခေါက်ပါဘူး။

ဒီနေ့ဟာ ရေဖိုး ကောက်မဲ့နေ့လည်း မဟုတ်၊ ည (၈) နာရီ ကျော်မှ အမေလည်း မလာနိုင်တော့ ပါဘူး။

တံခါးကို ကျွန်မ ဆွဲဖွင့်လိုက်တယ်။ တံခါးဝမှာတော့ ဓာတ်လှေကားမှာ ကျွန်မနဲ့ အမြဲဆုံတတ်တဲ့သူ ရပ်နေတယ်။

သူ့မျက်နှာက အားတုန့်အားနာ ဟန်နဲ့ ကျွန်မကို “ဟို.. ဆောရီးပါ။ ကျွန်တော် အခန်းသော့ မေ့ခဲ့လို့။ ဒီဝရန်တာကနေ ကျွန်တော်အခန်းဖက်ကို ကူးလို့ ရနိုင်မလား။ ကျွန်တော့် အခန်းက ခင်ဗျား အခန်းဘေးမှာပါ”

“ရပါတယ်။

ဒါပေမယ့် မိုးချုပ်နေပြီ အန္တရာယ် ရှိနိုင်တယ်။ မကူးပါနဲ့ တော့လား” ကျွန်မ ခေါင်းညိတ်ပြရင်း ပြောတော့ ကျွန်မကို ထူးဆန်းတဲ့ မျက်နှာထားမျိုးနဲ့ ကြည့်ပြီး ရီနေပါတယ်။

အဲဒီအချိန်ကျမှ ကျွန်မလည်း ကိုယ်ဝတ်ထားတဲ့ အဝတ်အစားကို သတိထား မိလိုက်တယ်။ ညအိပ်ရာဝင် ဂါဝန်ရှည် အင်္ကျီက ကျွန်မ ခြေထောက်တွေကို ဖုံးထားပေမယ့် လည်ပင်းက အရမ်း ဟိုက်နေခဲ့တယ်။

ထွင်းဖောက်မြင်နိုင်တဲ့ အဝတ်စဖြစ်ပြီး ကျွန်မရဲ့ ဆံပင်တွေကလည်း ကျွန်မရဲ့ ပုခုံးသား ဖြူဝင်းဝင်းပေါ် ဖရိုဖရဲ ကျနေလို့ ကျွန်မပုံစံက ဆွဲဆောင်မှု ပိုရှိနေတယ်။

အင်္ကျီကို သပ်ရပ်သွားအောင် ကပျာကယာ ပြင်ဆင်ပြီး သူ့ကို အခန်းထဲဝင်ဖို့ ကျွန်မ ဖိတ်ခေါ် လိုက်ပါတယ်။

သူ့ကို ထိုင်ခိုင်းပြီး ကျွန်မ အဝတ်အစားတွေ လဲလိုက်တယ်။ ကော်ဖီတစ်ခွက် ဖျော်ပြီး သူ့ကို ဧည့်ခံ လိုက်ပါတယ်။

သူက ကျွန်မကို ကြည့်ပြီး ပြုံးပဲ ပြုံးနေတယ်။ ကျွန်မဟာ ညဉ့်ငှက်တစ်ကောင် ဆိုတာ သူသိမယ် ထင်တယ်။

တကယ်လို သူဆန္ဒရှိရင် ဒီတစ်ည သူ့အတွက် ကျွန်မ အဖော်လုပ်ပေး နိုင်ပါတယ်။

ဒါပေမယ့် မနက်ဖြန်ရောက်ရင် ကျွန်မ အိမ်ပြောင်း ရလိမ့်မယ်။

“မိုးအရမ်းချုပ်နေပြီ။

ဝရန်တာပေါ် တက်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီည ဒီမှာပဲ အိပ်လိုက်ပါလား။ ဧည့်ခန်း ဆိုဖာပေါ်မှာ ရှင်အိပ်လို့ ရပါတယ်။

အိမ်နီးနားချင်းတွေပဲ မနက်ကျမှ သော့ဖျက်ဆရာကို ခေါ်လိုက်ပေါ့”

သူခေါင်းညိတ်ပြီး ကျွန်မကို ကျေးဇူးတင်စကား ဆိုပါတယ်။ အဲဒီညမှာ ကျွန်မတို့ ညစာအတူစားပြီး အိပ်ရာကိုယ်စီ ဝင်ခဲ့ကြတယ်။

တစ်ညလုံး ကျွန်မ အိပ်မရခဲ့ဘူး။ ကျွန်မ အခန်းတံခါးကိုလည်း သူလာ မခေါက်ခဲ့ပါဘူး။ အိပ်ရာပေါ်မှာ လူးလှိမ့်ရင် ကျွန်မ အိပ်မပျော်ခဲ့ဘူး။

မနက်လင်းနားနီးမှ မှေးခနဲ့ ကျွန်မ အိပ်ပျော် သွားခဲ့တယ်။

ကျွန်မနိုးလာတော့ မနက် ၇ ခွဲ ကျော်နေပါပြီ။

ကုတင်ပေါ်က ဆင်းပြီး ဧည့်ခန်းထဲ ကျွန်မရောက်တော့ သူမရှိတော့ ပါဘူး။ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ စောင်တွေက ဆိုဖာပေါ် တင်ကျန်လို့။ စားပွဲပေါ်မှာတော့ ကျေးဇူးတင်တယ် ဆိုတဲ့ စာရွက်လေး တစ်ရွက်….

ကျွန်မရဲ့ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျ လုလုပါပဲ။ “ကျေးဇူး” ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်မ မကြားရတာ နှစ်တော်တော် ကြာခဲ့ပါပြီ။

ဒီအလုပ်လုပ်တဲ့ ကျွန်မတို့ကို လူတွေက ကြံ့ခိုင်တယ်လို့ ထင်ပေမယ့် တကယ်တော့ ကျွန်မတို့ရဲ့ စိတ်ဟာ ပျော့ပျောင်း လွန်းပါတယ်။

နောက်ရက်တွေမှာ သူနဲ့ကျွန်မ အမြဲဆုံဖြစ်တယ်။ သတင်းစာတိုက် တစ်ခုမှာ သူအလုပ်လုပ်တဲ့ အကြောင်း၊ သူ့မှာ ရာထူးအာဏာကြီးတဲ့ ဖခင်တစ်ဦး ရှိကြောင်း၊ သိုက်သိုက်ဝန်းဝန်း မိသားစုက မွေးဖွားလာတဲ့ အကြောင်းတွေကို ကျွန်မသိလိုက်ရတယ်။

ကျွန်မက ပင်မြင့်ပေါ်ကိုမှ ပျံတက်ချင်နေတဲ့ စာကလေး တစ်ကောင်ပါ။ သူက အရောင်အသွေးတွေနဲ့ လှပနေတဲ့ ဇာမဏီ ငှက်ပါ။ နောက်ဆုံးတော့ ကျွန်မကိုယ် ကျွန်မ သတိပေးမိပါတယ်။ “သူနဲ့ ငါ လုံး၀ မထိုက်တန်ဘူး”

ဒီလိုနဲ့ ကျွန်မရဲ့ မွေးနေ့ကို ရောက်လာခဲ့တယ်။ အဲဒီနေ့ ခွင့်ယူပြီး ချက်စရာဟင်းတွေ ဝယ်ခြမ်းခဲ့တယ်။

မွေးနေ့ကိတ် တစ်လုံးဝယ်ပြီး မြိန်စရာ ဟင်းမျိုးစုံကို ကိုယ်တိုင် ချက်တော့တယ်။ ပထမဦးဆုံးအကြိမ် နေအိမ်ကို သပ်ရပ်သန့်ရှင်းအောင် လုပ်တယ်။

နှစ် (၂၀) ပြည့် မွေးနေ့ကို ကြိုဆိုသော အားဖြင့် ရေမွေးပန်း တစ်စည်းလေး ကျွန်မ ဝယ်ခဲ့သေးတယ်။

ကိုယ်တိုင်ကလွဲလို့ ကျွန်မရဲ့ မွေးနေ့ကို ပြင်ဆင်ပေးတဲ့သူ မရှိခဲ့ဘူး။ ကျွန်မရဲ့ မွေးနေ့ကို ဘယ်သူမှလည်း မသိဘူး၊ မမှတ်မိဘူး။

အဲဒီလို တွေးမိတဲ့ တခဏ အားငယ်စိတ်တွေ ဝင်လာမိတယ်။

စားပွဲနားမှာ ထိုင်ရင်း ဘေးခန်းက သော့ဖွင့်သံကို ကျွန်မ နားစွံ နေလိုက်တယ်။ သော့ဖွင့်သံ ကြားတာနဲ့ ကျွန်မ တံခါးဖွင့်ပြီး “ညနေစာအတွက် ကျွန်မကို အဖော်ပြုနိုင်မလား” လို့ တံခါးဖွင့်ဖို့ ပြင်နေတဲ့ သူ့ကို လှမ်းဖိတ်လိုက်တယ်။

ကျွန်မအပြောကို သူတစ်ချက် ကြောင်သွားပြီး “ရပါတယ်” လို့ ဖြေပါတယ်။

ဒီည ကျွန်မ အလှပဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ထားမိတယ်။ ဒီည သူ့ကိုဆက်သဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးသားပါ။

ကျွန်မရဲ့ဘဝမှာ ကျွန်မရဲ့ ခန္ဓာကို ကျွန်မချစ်တဲ့သူအတွက် တစ်ကြိမ်တစ်ခါ ဆက်သခွင့် ရတာကိုပဲ ကျွန်မ ကျေနပ်မိပါတယ်။

ရိုးမြေကျတွေဟာ ကျွန်မနဲ့ မထိုက်တန်ဘူး။ ကျွန်မလို မိန်းမမျိုးနဲ့ မအပ်စပ်ဘူး။ တစ်ညပဲ… ဒီတစ်ညလေးပဲ ကျွန်မအတွက် ထာဝစဉ် ဖြစ်နိုင်ပါတယ်။

ဂါဝန်အနီရောင်ကို ဝတ်ဆင်ထားတဲ့ ကျွန်မဟာ မင်္ဂလာဦးညက သတိုးသမီး လိုပဲ။ လည်ပင်းကို ရင်ညွှန့်ထိ ခွဲထားပြီး နောက်ကျောဖော် ချုပ်ထားတဲ့ ဒီဂါဝန်က သာမန် မိန်းကလေးတစ်ယောက် ဝတ်ရင်တောင် ဆွဲဆောင်မှု အပြည့်နဲ့ လှပစေမယ့် အင်္ကျီလေးပါ။

ကျွန်မ မလှမှန်း ကျွန်မသိပါတယ်။. ဒါပေမယ့်…

ကျွန်မရဲ့ အပြင်အဆင်ကို ကြည့်ပြီး သူသဘော ပေါက်ဟန်မပြဘဲ အကြာကြီး ရပ်နေသေးတယ်။

“ဒီနေ့က ဘာနေ့မို့လို့လဲ” ကျွန်မရဲ့ မွေးနေ့ပါ”

ဆောရီး… မွေးနေ့လက်ဆောင် မပါခဲ့ဘူး” ရပါတယ်.. ထိုင်ပါရှင်” ကျွန်မ ခေါင်းခါပြီး ပြုံးပြ လိုက်တယ်။

မီးဖိုထဲဝင်ပြီး အစားအသောက်တွေကို ကျွန်မ ပြင်ဆင်ခဲ့တယ်။ စားပွဲတစ်ခုလုံး စားသောက်ဖွယ်ရာ တွေနဲ့ ပြည့်နေတာကို မြင်တော့ သူမျက်နှာပေါ်မှာ အံသြဝမ်းသာတဲ့ အရိပ်နဲ့။

ကျွန်မကို သူနှစ်သက်တယ်ဆိုတာ ကျွန်မ သိတယ်။ ချစ်မချစ်တော့ မသိဘူး။ ဒါပေမယ့်.. အချစ်ဆိုတာနဲ့ ဝေးကွာနေတဲ့ ကျွန်မအတွက်တော့ ကိစ္စ မရှိပါဘူးလေ။

အဲဒီည ကျွန်မနဲ့သူ တော်တော်များများ သောက်ခဲ့မိတယ်။ ယာမကာရည်တွေ ဝမ်းထဲဝင်တော့ သွေးသားတွေက သဘာဝအတိုင်း ဆူပွက်လာပြီး ကုတင်ပေါ်ကို ကျွန်မတို့ ရောက်သွားခဲ့တယ်။

မိုးမမြင်၊ လေမမြင်ပါပဲ။ ဒါလည်း လှပတဲ့ ယှက်နွယ်မှု တစ်မျိုးပါပဲ။ တစ်ယောက်ကို တစ်ယောက် လွတ်ထွက်မသွားအောင် ကျွန်မတို့ ဖက်ထားမိကြတယ်။

သူ့ရဲ့ကိုယ်ပေါ်မှာ ကျွန်မ ဆော့ကစားနေသလို သူလည်း ကျွန်မ နားနားကပ်ပြီး “မင်းကိုငါ လက်ထပ်မယ်” လို့ တဖွဖွ ပြောနေတော့တယ်။

စကားမဆုံးခင် သူ့နှုတ်ခမ်းကို အနမ်းနဲ့ ကျွန်မ ပိတ်လိုက်တယ်။ ကတိတွေ ကျွန်မ မလိုချင်ဘူး။

ကတိစကားတွေနဲ့ သူ့ကိုလည်း အချုပ်အနှောင် မခံစေချင်ဘူး။ ဒီညလွန်ရင် အိမ်ပြောင်းမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ကျွန်မကို ညဉ့်ငှက်တစ်ကောင်မှန်း သူမသိခဲ့ဘူး။ သူမသိတာ ကျွန်မအတွက် ပိုကောင်း ပါတယ်လေ။

ကျွန်မကို ရိုးသားသူ တစ်ယောက်အဖြင့် သူထင်ခဲ့ရင် အဲဒီ ရိုးသားမှုလေးက သူ့ရင်မှာ တစ်သက်လုံး ထင်ကျန်ခဲ့ပါစေတော့။

အဲဒီအထင်ကို ကျွန်မ မဖျက်ဆီး ခဲ့ချင်ဘူး။ သူထင်တဲ့ ကျွန်မရဲ့ ရိုးသားတဲ့ လှပမှုတွေ သူ့ရင်မှာ ကိန်းအောင်း ခဲ့ပါစေတော့။

နောက်တစ်နေ့မနက် ကျွန်မစောစော ထပြီး သူ့အတွက် အစားအသောက်ကို တခမ်းတနား ပြင်ဆင် လိုက်တယ်။ အဲဒီလို ပြင်ဆင်ချိန်မှာ ကျွန်မကိုယ်ကျွန်မ သူ့ရဲ့ အိမ်သူသက်ထား တစ်ယောက်အဖြစ် ခံစားမိတယ်။

ဒါဟာ ကျွန်မရဲ့ တောင့်တမှုတွေပဲ မဟုတ်လား။.. သူ့ကို ကျွန်မ ချစ်တယ်။ ဟုတ်တယ်။ ရင်ထဲမှာ မခံစားဘူးတဲ့ အရာတစ်ခုဟာ ကျွန်မရင်ဝမှာ တစ်ဆို့နေတယ်။

ဝန်မခံချင်ပေမယ့် သူ့ကို ကျွန်မ တစ်ကယ်ချစ်တယ်။ သူ့မှာ ကောင်းကွက်တွေ မရှိခဲ့ဘူး ဆိုရင်တောင် သူက ကျွန်မကို “လူ” အဖြစ် သတ်မှတ်တယ်။ ကျွန်မကို ရိုးသားဖြူစင်သူ တစ်ယောက်အဖြစ် သူမြင်ခဲ့တယ်။

သူအလုပ်သွားတဲ့ တစ်မနက်မှာ ကျွန်မ အိမ်ပြောင်း ဖြစ်ခဲ့တယ်။ ဘာပစ္စည်းမှ မယူဘဲ ကျွန်မ အိမ်က ဆင်းခဲ့တယ်။

ကျွန်မဘာမှ ယူဆောင် မသွားချင် တော့ဘူး။ သူပေးတဲ့ အမှတ်တရတွေ အားလုံးကို ကျွန်မ ချန်ထားရစ်ခဲ့လိုက်တယ်။

ကျွန်မဟာ မိန်းမပျက်တစ်ယောက်လို့ သူသိသွားတဲ့အချိန် သူ့အပြုအမှုတွေ ဘယ်လို ပြောင်းသွားမလဲ…? ကျွန်မ မတွေးဝံ့ဘူး။

ကံကြမ္မာနဲ့ မလောင်းဝံ့ဘူး။ ကျွန်မတို့ရဲ့ လှပခဲ့တဲ့ ညတစ်ညနဲ့ အချစ်တွေကို သူ့ရင်မှာ ထာဝရ တည်ရှိနေပါစေ…။

ကျွန်မကို သူချစ်တယ်လို့ ယုံကြည်မိပေမယ့် “ကျွန်မသာ ညဉ့်ငှက်တစ်ကောင်ဆိုရင် သူလက်ထပ်မလား” ဆိုတဲ့ အဖြေကိုတော့ ကျွန်မ ခုထက်ထိ သိချင်နေဆဲပါပဲ…။

credit

Zawgyi

ကြ်န္မမွာအိမ္မရွိဘူး။ ကြ်န္မအိမ္ေပၚက ဆင္းလာတုန္းက အေမက မ်က္ရည္စက္လက္နဲ႔ မသြားဖို႔ တားတယ္။အေဖက “သြား… သြားၿပီးရင္ ဘယ္ေတာ့မွ ငါ့အိမ္အရိပ္ကို မနင္းနဲ႔။. နင့္လို႔ သမီးမ်ဳိး ငါ့မွာ မရွိဘူး” လို႔ ေဒါသတႀကီး ေအာ္တယ္။

ငိုေနတဲ့ အေမ့ကို ကြ်န္မ တစ္ခ်က္ ၾကည့္လိုက္ၿပီး ပစၥည္းေတြ ေကာက္သိမ္းၿပီး အိမ္ေပၚက ကြ်န္မ ဆင္းလာခဲ့တယ္။

ဒီတစ္သက္ အဲဒီအိမ္ကို ကြ်န္မ ဘယ္လိုနည္းနဲ႔မွ ျပန္လို႔မရေတာ့ဘူးဆိုတာ ကြ်န္မသိတယ္။ ၀မ္းစာအတြက္ ကြ်န္မ ညဥ့္ငွက္တစ္ေကာင္ ျဖစ္ခဲ့တယ္။

လူေတြရဲ႕ အသံုးေတာ္ခံ ျဖစ္ခဲ့တယ္။ ကိုယ့္ကိုကိုယ္ ေလးစားမႈေတြ ေလ်ာ့ေအာင္ ကြ်န္မ လုပ္ခဲ့မိတယ္။

ႏိႈက္ကလပ္တစ္ခုမွကြ်န္မ အလုပ္လုပ္တယ္။ အဲဒီကလပ္မွာ ကြ်န္မဟာ အေခ်ာဆံုး အလွဆံုး စာရင္း၀င္ပါ။ ပိုင္ရွင္သူေဌးကကြ်န္မကို သေဘာက်တယ္။ သူ သေဘာက်မယ္ဆိုလည္း က်သင့္ပါတယ္။ သူနဲ႔ ကြ်န္မက မကင္းမရွင္းေလ။လူေတြရဲ႕ အသံုးေတာ္ခံ ျဖစ္ေနမွေတာ့ တစ္ေယာက္ပိုလာလို႔၊ တစ္ေယာက္ ေလ်ာ့သြားလို႔လည္းကြ်န္မအတြက္ ထူးမွ မထူးေတာ့တာ။ ေနာက္ၿပီး သူက ကြ်န္မရဲ႕ အလုပ္ရွင္ဆိုေတာ့ ဒီေနရာမွာအာဏာက ေငြေၾကးထက္ ပိုတန္ဖိုး ရွိေနၿပီေလ။

ညတိုင္းခြ်ဲႏဲြ႕တဲ့အသံ၊ ခ်ဳိသာတဲ့စကားေတြနဲ႔ ဧည့္သည္ေတြကို ကြ်န္မစကား ေျပာရတယ္။ ေနာက္ အဲဒီ ဧည့္သည္ေတြထဲက တစ္ေယာက္က သူနဲ႔အတူ အိပ္ဖို႔ ကြ်န္မကို အျပင္ေခၚထြက္တယ္။

သူနဲ႔တစ္ညအိပ္ၿပီး ေနာက္တစ္ရက္မနက္မွာ ကြ်န္မအခန္းကို ကြ်န္မ ျပန္အိပ္တယ္။ ဒီလိုပဲ ေန႔စဥ္ရက္ဆက္ ဆိုသလို အဲဒီအလုပ္မွာ ကြ်န္မ မၿငီးေငြ႕ခဲ့ဘူး။ ဒါေပမယ့္ ကြ်န္မကိုယ္ကြ်န္မ ရြံမုန္း လာတယ္။

ကိုယ့္အခန္းထဲ ျပန္ေရာက္တိုင္း ခႏၶာတစ္ခုလံုးကို စိတ္နာနာနဲ႔ ကြ်န္မ ေဆးေၾကာမိတယ္။

ဒါေပမယ့္ အသားနာေအာင္ေတာ့ ကြ်န္မ မလုပ္ပါဘူး။ အဲဒီအသားအရည္ေတြက ကြ်န္မကို ေငြရွာေပးမဲ့ ပစၥည္းေတြေလ။

ေန႔စဥ္ပံုမွန္ပဲကြ်န္မရဲ႕ရက္ေတြမွာ ဆႏၵမရွိ၊ ျပည့္၀မႈမရွိဘဲ ကြ်န္မ လည္ပတ္ ေနခဲ့တယ္။ ပုပ္ေစာ္နံေနတဲ့ ခႏၶာကိုယ္နဲ႔ လူေတြကို အသံုးေတာ္ခံမယ္။ ဒါမွမဟုတ္ အလွကုန္ပစၥည္း၊ အကၤ်ီအ၀တ္အစားေတြ ထြက္၀ယ္မယ္။ ဒါမွမဟုတ္ အခန္းထဲမွာ ကြ်န္မ အိပ္ေနလိုက္တယ္။

ကြ်န္မကိုယ္၀န္ဖ်က္ခ်တာ ငါးႀကိမ္ ရွိခဲ့ပါၿပီ။ ဆရာ၀န္က ေနာက္ဆို ကြ်န္မ ကေလး ေမြးႏိုင္ေတာ့မွာ မဟုတ္ေၾကာင္း သတိေပးပါတယ္။

ကြ်န္မကို အဲဒီလို သတိေပး စကားေျပာတဲ့ အခ်ိန္မွာ သူ႔မ်က္ႏွာေပၚမွာ ႏွေျမာတဲ့၊ ၀မ္းနည္းတဲ့ အရိပ္အေယာင္ကို ကြ်န္မ ေတြ႕လိုက္ရတယ္။ ကြ်န္မသိတယ္။ အဲဒီအျပစ္ေတြကို ကြ်န္မ ကိုယ္တိုင္ပဲ ရွာခဲ့တယ္ဆိုတာ ကြ်န္မသိတယ္။

ဒါေပမယ့္ ဆရာ၀န္ရဲ႕ သတိေပးစကားကို ၾကားေတာ့ ကြ်န္မ ခ်ဳံးပဲြခ် ငိုခဲ့မိတယ္။ ကြ်န္မစိတ္ကို ကြ်န္မ ေျဖခဲ့ပါတယ္။

ကြ်န္မဟာ ညဥ့္ငွက္ တစ္ေကာင္ပါ။ ဘယ္သူကမွ ကြ်န္မကို အခ်စ္စစ္ အခ်စ္မွန္နဲ႔ ခ်စ္လာမွာ မဟုတ္သလို ကြ်န္မလည္း အိမ္ေထာင္ျပဳဖို႔ ဘယ္ေတာ့မွ မစဥ္းစားခဲ့ပါဘူး။

အရြယ္တင္ေသးတဲ့ကြ်န္မ ပိုက္ဆံကို ပိုရွာခ်င္ေသးတယ္။ ပိုက္ဆံေတြ စုမိရင္ ဒီအလုပ္ကို စြန္႔ၿပီး ႐ုိးသားတဲ့ လူတစ္ေယာက္နဲ႔ လက္ထပ္မယ္ (တကယ္ေတာ့ ဒါေတြဟာ ကြ်န္မရဲ႕ စိတ္ကူး သက္သက္ပါ။)

ညဥ့္ငွက္တစ္ေကာင္ျဖစ္လို႔ ကြ်န္မ အိမ္ေထာင္ျပဳမွာ မဟုတ္တဲ့အျပင္ သားသမီးေတြလည္း ကြ်န္မ မရႏိုင္ေတာ့ပါဘူး။ဥမဥ တတ္တဲ့ ၾကက္တစ္ေကာင္ကို ဘယ္သူကမ်ား ေမြးထား ခ်င္ပါ့မလဲရွင္။ အနာတရာ အားလံုးကိုကြ်န္မ က်ိတ္မွိတ္ၿပီး ခံစားလို႔ ရေပမယ့္ လင္ေယာက္်ားရဲ႕ ဥေပကၡာျပဳမႈကိုေတာ့ ကြ်န္မ ဘယ္လိုနည္းနဲ႔မွ ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘူး။

အေမက ကြ်န္မကို စိုးရိမ္ပူပန္လိုပဲလား မသိ။. ကြ်န္မ အခန္းကို အၿမဲလာ သိမ္းဆည္းေပးတယ္။ ကြ်န္မရဲ႕ အလုပ္ကို အေမ မသိခဲ့ပါဘူး။

တကယ္လို သိမ်ားသိခဲ့ရင္ ကြ်န္မမွာ ေဆြမ်ဳိးသားခ်င္း ဆိုတာ ရွိေတာ့မွာ မဟုတ္ဘူး။ သူတို႔ကို ကြ်န္မ မဆံုး႐ံႈးခ်င္ဘူး။ အေမလာရင္ တစ္ခါတေလ အေမနဲ႔ ကြ်န္မ ေစ်းထြက္၀ယ္ ျဖစ္တယ္။

ကြ်န္မတို႔ အျပင္ထြက္တုိင္း ဒီတိုက္က လူတစ္ေယာက္နဲ႔ ဓာတ္ေလွကားမွာ အၿမဲလိုလို ဆံုတတ္တယ္။

သူ႔အျပဳအမႈက ညင္သာ၊ သိမ္ေမြ႕တယ္။ ကြ်န္မတို႔ကို ေတြ႕တိုင္း ေခါင္းညိတ္ ျပံဳးျပတတ္တယ္။ ႐ုပ္ခန္႔တဲ့အျပင္ အရပ္လည္း ျမင့္တယ္။ ၀တ္ထားတာလည္း ဖက္ရွင္ က်တယ္။

သူ႔ကို ကြ်န္မ သတိထားမိၿပီ ဆိုတာကို ကြ်န္မ သိလိုက္တယ္။ ဒါေပမယ့္ ကြ်န္မရဲ႕ အေတြးေတြ စည္းနည္းနည္း ေက်ာ္ခ်င္လာၿပီဆိုရင္ ငါဟာ မိန္းမပ်က္ တစ္ေယာက္ပါလားလို႔ ကိုယ့္ကို သတိေပးမိျပန္တယ္။

အဲဒီလို နိမ့္က်တဲ့ အသိေတြက ကြ်န္မ လြတ္႐ုန္းလို႔ မရေအာင္ အ႐ိုးထဲမွာ စဲြေနခဲ့ပါၿပီ။

ဒီေန႔ ဧည့္မရပါဘူး။ ခုတစ္ေလာ အဖမ္းအဆီးမ်ားလို႔ ကြ်န္မတို႔ ၀င္ေငြ ေလ်ာ့လာတယ္။ အခန္းထဲမွာ တီဗီြကိုဖြင့္ မခ်က္ျပဳတ္ျဖစ္တာ ၾကာၿပီျဖစ္တဲ့ မီးဖိုမွာ ကိုယ့္အတြက္ အေကာင္းဆံုး တစ္နပ္ကို ကြ်န္မ ခ်က္ျပဳတ္ ေနလိုက္တယ္။

တကယ္ဆို ဒီလို ႐ိုးရွင္းတဲ့ ဘ၀ကို ကြ်န္မ ပိုႏွစ္သက္မိပါတယ္။

တစ္ႏွစ္ ထပ္လုပ္မယ္။ ေငြစုၿပီး ဒီအလုပ္ကို စြန္႔မယ္လို႔ ကြ်န္မ လံုးလံုး ဆံုးျဖတ္လိုက္တယ္။

ၿပီးေတာ့ အိမ္ဆိုင္ေလး တစ္ဆိုင္ ဖြင့္ၿပီး ပံုမွန္ဘ၀နဲ႔ ေငြရွာမယ္။ ဒါမွမဟုတ္ တစ္ျခားၿမိဳ႕ကို ေျပာင္းမယ္။ ဒီၿမိဳ႕မွာေတာ့ ကြ်န္မကို သိတဲ့ လူေတြ သိပ္မ်ားေနပါၿပီ။

ကြ်န္မ ဟိုေတြးဒီေတြးနဲ႔ အဲဒီအခ်ိန္မွာပဲ လူေခၚဘဲလ္က ျမည္လာပါတယ္။ ဘယ္သူမ်ား ပါလိမ့္..? လစဥ္ ေရဖိုးလာေကာက္တဲ့ အန္တီႀကီး တစ္ေယာက္က လဲြလို႔ ကြ်န္မတံခါးကို ဘယ္သူမွ လာမေခါက္ပါဘူး။

ဒီေန႔ဟာ ေရဖိုး ေကာက္မဲ့ေန႔လည္း မဟုတ္၊ ည (၈) နာရီ ေက်ာ္မွ အေမလည္း မလာႏိုင္ေတာ့ ပါဘူး။

တံခါးကို ကြ်န္မ ဆဲြဖြင့္လိုက္တယ္။ တံခါး၀မွာေတာ့ ဓာတ္ေလွကားမွာ ကြ်န္မနဲ႔ အၿမဲဆံုတတ္တဲ့သူ ရပ္ေနတယ္။

သူ႔မ်က္ႏွာက အားတုန္႔အားနာ ဟန္နဲ႔ ကြ်န္မကို “ဟို.. ေဆာရီးပါ။ ကြ်န္ေတာ္ အခန္းေသာ့ ေမ့ခဲ့လို႔။ ဒီ၀ရန္တာကေန ကြ်န္ေတာ္အခန္းဖက္ကို ကူးလို႔ ရႏိုင္မလား။ ကြ်န္ေတာ့္ အခန္းက ခင္ဗ်ား အခန္းေဘးမွာပါ”

“ရပါတယ္။

ဒါေပမယ့္ မိုးခ်ဳပ္ေနၿပီ အႏၱရာယ္ ရွိႏိုင္တယ္။ မကူးပါနဲ႔ ေတာ့လား” ကြ်န္မ ေခါင္းညိတ္ျပရင္း ေျပာေတာ့ ကြ်န္မကို ထူးဆန္းတဲ့ မ်က္ႏွာထားမ်ဳိးနဲ႔ ၾကည့္ၿပီး ရီေနပါတယ္။

အဲဒီအခ်ိန္က်မွ ကြ်န္မလည္း ကိုယ္၀တ္ထားတဲ့ အ၀တ္အစားကို သတိထား မိလိုက္တယ္။ ညအိပ္ရာ၀င္ ဂါ၀န္ရွည္ အကၤ်ီက ကြ်န္မ ေျခေထာက္ေတြကို ဖံုးထားေပမယ့္ လည္ပင္းက အရမ္း ဟိုက္ေနခဲ့တယ္။

ထြင္းေဖာက္ျမင္ႏိုင္တဲ့ အ၀တ္စျဖစ္ၿပီး ကြ်န္မရဲ႕ ဆံပင္ေတြကလည္း ကြ်န္မရဲ႕ ပုခံုးသား ျဖဴ၀င္း၀င္းေပၚ ဖ႐ိုဖရဲ က်ေနလို႔ ကြ်န္မပံုစံက ဆဲြေဆာင္မႈ ပိုရွိေနတယ္။

အကၤ်ီကို သပ္ရပ္သြားေအာင္ ကပ်ာကယာ ျပင္ဆင္ၿပီး သူ႔ကို အခန္းထဲ၀င္ဖို႔ ကြ်န္မ ဖိတ္ေခၚ လိုက္ပါတယ္။

သူ႔ကို ထုိင္ခိုင္းၿပီး ကြ်န္မ အ၀တ္အစားေတြ လဲလိုက္တယ္။ ေကာ္ဖီတစ္ခြက္ ေဖ်ာ္ၿပီး သူ႔ကို ဧည့္ခံ လိုက္ပါတယ္။

သူက ကြ်န္မကို ၾကည့္ၿပီး ျပံဳးပဲ ျပံဳးေနတယ္။ ကြ်န္မဟာ ညဥ့္ငွက္တစ္ေကာင္ ဆိုတာ သူသိမယ္ ထင္တယ္။

တကယ္လို သူဆႏၵရွိရင္ ဒီတစ္ည သူ႔အတြက္ ကြ်န္မ အေဖာ္လုပ္ေပး ႏိုင္ပါတယ္။

ဒါေပမယ့္ မနက္ျဖန္ေရာက္ရင္ ကြ်န္မ အိမ္ေျပာင္း ရလိမ့္မယ္။

“မိုးအရမ္းခ်ဳပ္ေနၿပီ။

၀ရန္တာေပၚ တက္ရင္ အႏၱရာယ္ရွိႏိုင္တယ္။ ဒီည ဒီမွာပဲ အိပ္လိုက္ပါလား။ ဧည့္ခန္း ဆိုဖာေပၚမွာ ရွင္အိပ္လို႔ ရပါတယ္။

အိမ္နီးနားခ်င္းေတြပဲ မနက္က်မွ ေသာ့ဖ်က္ဆရာကို ေခၚလိုက္ေပါ့”

သူေခါင္းညိတ္ၿပီး ကြ်န္မကို ေက်းဇူးတင္စကား ဆိုပါတယ္။ အဲဒီညမွာ ကြ်န္မတို႔ ညစာအတူစားၿပီး အိပ္ရာကိုယ္စီ ၀င္ခဲ့ၾကတယ္။

တစ္ညလံုး ကြ်န္မ အိပ္မရခဲ့ဘူး။ ကြ်န္မ အခန္းတံခါးကိုလည္း သူလာ မေခါက္ခဲ့ပါဘူး။ အိပ္ရာေပၚမွာ လူးလွိမ့္ရင္ ကြ်န္မ အိပ္မေပ်ာ္ခဲ့ဘူး။

မနက္လင္းနားနီးမွ ေမွးခနဲ႔ ကြ်န္မ အိပ္ေပ်ာ္ သြားခဲ့တယ္။

ကြ်န္မႏိုးလာေတာ့ မနက္ ၇ ခဲြ ေက်ာ္ေနပါၿပီ။

ကုတင္ေပၚက ဆင္းၿပီး ဧည့္ခန္းထဲ ကြ်န္မေရာက္ေတာ့ သူမရွိေတာ့ ပါဘူး။ သပ္သပ္ရပ္ရပ္ ေခါက္ထားတဲ့ ေစာင္ေတြက ဆိုဖာေပၚ တင္က်န္လို႔။ စားပဲြေပၚမွာေတာ့ ေက်းဇူးတင္တယ္ ဆိုတဲ့ စာရြက္ေလး တစ္ရြက္….

ကြ်န္မရဲ႕ မ်က္ရည္ေတြက ပါးျပင္ေပၚ စီးက် လုလုပါပဲ။ “ေက်းဇူး” ဆိုတဲ့ စကားတစ္ခြန္းကို ကြ်န္မ မၾကားရတာ ႏွစ္ေတာ္ေတာ္ ၾကာခဲ့ပါၿပီ။

ဒီအလုပ္လုပ္တဲ့ ကြ်န္မတို႔ကို လူေတြက ၾကံ့ခိုင္တယ္လို႔ ထင္ေပမယ့္ တကယ္ေတာ့ ကြ်န္မတို႔ရဲ႕ စိတ္ဟာ ေပ်ာ့ေပ်ာင္း လြန္းပါတယ္။

ေနာက္ရက္ေတြမွာ သူနဲ႔ကြ်န္မ အၿမဲဆံုျဖစ္တယ္။ သတင္းစာတိုက္ တစ္ခုမွာ သူအလုပ္လုပ္တဲ့ အေၾကာင္း၊ သူ႔မွာ ရာထူးအာဏာႀကီးတဲ့ ဖခင္တစ္ဦး ရွိေၾကာင္း၊ သိုက္သုိက္၀န္း၀န္း မိသားစုက ေမြးဖြားလာတဲ့ အေၾကာင္းေတြကို ကြ်န္မသိလိုက္ရတယ္။

ကြ်န္မက ပင္ျမင့္ေပၚကိုမွ ပ်ံတက္ခ်င္ေနတဲ့ စာကေလး တစ္ေကာင္ပါ။ သူက အေရာင္အေသြးေတြနဲ႔ လွပေနတဲ့ ဇာမဏီ ငွက္ပါ။ ေနာက္ဆံုးေတာ့ ကြ်န္မကိုယ္ ကြ်န္မ သတိေပးမိပါတယ္။ “သူနဲ႔ ငါ လံုး၀ မထိုက္တန္ဘူး”

ဒီလိုနဲ႔ ကြ်န္မရဲ႕ ေမြးေန႔ကို ေရာက္လာခဲ့တယ္။ အဲဒီေန႔ ခြင့္ယူၿပီး ခ်က္စရာဟင္းေတြ ၀ယ္ျခမ္းခဲ့တယ္။

ေမြးေန႔ကိတ္ တစ္လံုး၀ယ္ၿပီး ၿမိန္စရာ ဟင္းမ်ဳိးစံုကို ကိုယ္တိုင္ ခ်က္ေတာ့တယ္။ ပထမဦးဆံုးအႀကိမ္ ေနအိမ္ကို သပ္ရပ္သန္႔ရွင္းေအာင္ လုပ္တယ္။

ႏွစ္ (၂၀) ျပည့္ ေမြးေန႔ကို ႀကိဳဆိုေသာ အားျဖင့္ ေရေမြးပန္း တစ္စည္းေလး ကြ်န္မ ၀ယ္ခဲ့ေသးတယ္။

ကုိယ္တိုင္ကလဲြလို႔ ကြ်န္မရဲ႕ ေမြးေန႔ကို ျပင္ဆင္ေပးတဲ့သူ မရွိခဲ့ဘူး။ ကြ်န္မရဲ႕ ေမြးေန႔ကို ဘယ္သူမွလည္း မသိဘူး၊ မမွတ္မိဘူး။

အဲဒီလို ေတြးမိတဲ့ တခဏ အားငယ္စိတ္ေတြ ၀င္လာမိတယ္။

စားပဲြနားမွာ ထိုင္ရင္း ေဘးခန္းက ေသာ့ဖြင့္သံကို ကြ်န္မ နားစြံ ေနလိုက္တယ္။ ေသာ့ဖြင့္သံ ၾကားတာနဲ႔ ကြ်န္မ တံခါးဖြင့္ၿပီး “ညေနစာအတြက္ ကြ်န္မကို အေဖာ္ျပဳႏိုင္မလား” လို႔ တံခါးဖြင့္ဖို႔ ျပင္ေနတဲ့ သူ႔ကို လွမ္းဖိတ္လိုက္တယ္။

ကြ်န္မအေျပာကို သူတစ္ခ်က္ ေၾကာင္သြားၿပီး “ရပါတယ္” လို႔ ေျဖပါတယ္။

ဒီည ကြ်န္မ အလွပဆံုးျဖစ္ေအာင္ ကုိယ့္ကိုယ္ကို ျပင္ထားမိတယ္။ ဒီည သူ႔ကိုဆက္သဖို႔ ကြ်န္မ ဆံုးျဖတ္ထားၿပီးသားပါ။

ကြ်န္မရဲ႕ဘ၀မွာ ကြ်န္မရဲ႕ ခႏၶာကို ကြ်န္မခ်စ္တဲ့သူအတြက္ တစ္ၾကိမ္တစ္ခါ ဆက္သခြင့္ ရတာကိုပဲ ကြ်န္မ ေက်နပ္မိပါတယ္။

႐ိုးေျမက်ေတြဟာ ကြ်န္မနဲ႔ မထိုက္တန္ဘူး။ ကြ်န္မလို မိန္းမမ်ဳိးနဲ႔ မအပ္စပ္ဘူး။ တစ္ညပဲ… ဒီတစ္ညေလးပဲ ကြ်န္မအတြက္ ထာ၀စဥ္ ျဖစ္ႏိုင္ပါတယ္။

ဂါ၀န္အနီေရာင္ကို ၀တ္ဆင္ထားတဲ့ ကြ်န္မဟာ မဂၤလာဦးညက သတိုးသမီး လိုပဲ။ လည္ပင္းကို ရင္ညႊန္႔ထိ ခဲြထားၿပီး ေနာက္ေက်ာေဖာ္ ခ်ဳပ္ထားတဲ့ ဒီဂါ၀န္က သာမန္ မိန္းကေလးတစ္ေယာက္ ၀တ္ရင္ေတာင္ ဆဲြေဆာင္မႈ အျပည့္နဲ႔ လွပေစမယ့္ အကၤ်ီေလးပါ။

ကြ်န္မ မလွမွန္း ကြ်န္မသိပါတယ္။. ဒါေပမယ့္…

ကြ်န္မရဲ႕ အျပင္အဆင္ကို ၾကည့္ၿပီး သူသေဘာ ေပါက္ဟန္မျပဘဲ အၾကာႀကီး ရပ္ေနေသးတယ္။

“ဒီေန႔က ဘာေန႔မို႔လို႔လဲ” ကြ်န္မရဲ႕ ေမြးေန႔ပါ”

ေဆာရီး… ေမြးေန႔လက္ေဆာင္ မပါခဲ့ဘူး” ရပါတယ္.. ထိုင္ပါရွင္” ကြ်န္မ ေခါင္းခါၿပီး ျပံဳးျပ လိုက္တယ္။

မီးဖိုထဲ၀င္ၿပီး အစားအေသာက္ေတြကို ကြ်န္မ ျပင္ဆင္ခဲ့တယ္။ စားပဲြတစ္ခုလံုး စားေသာက္ဖြယ္ရာ ေတြနဲ႔ ျပည့္ေနတာကို ျမင္ေတာ့ သူမ်က္ႏွာေပၚမွာ အံၾသ၀မ္းသာတဲ့ အရိပ္နဲ႔။

ကြ်န္မကို သူႏွစ္သက္တယ္ဆိုတာ ကြ်န္မ သိတယ္။ ခ်စ္မခ်စ္ေတာ့ မသိဘူး။ ဒါေပမယ့္.. အခ်စ္ဆိုတာန႔ဲ ေ၀းကြာေနတဲ့ ကြ်န္မအတြက္ေတာ့ ကိစၥ မရွိပါဘူးေလ။

အဲဒီည ကြ်န္မနဲ႔သူ ေတာ္ေတာ္မ်ားမ်ား ေသာက္ခဲ့မိတယ္။ ယာမကာရည္ေတြ ၀မ္းထဲ၀င္ေတာ့ ေသြးသားေတြက သဘာ၀အတိုင္း ဆူပြက္လာၿပီး ကုတင္ေပၚကို ကြ်န္မတို႔ ေရာက္သြားခဲ့တယ္။

မိုးမျမင္၊ ေလမျမင္ပါပဲ။ ဒါလည္း လွပတဲ့ ယွက္ႏြယ္မႈ တစ္မ်ဳိးပါပဲ။ တစ္ေယာက္ကို တစ္ေယာက္ လြတ္ထြက္မသြားေအာင္ ကြ်န္မတို႔ ဖက္ထားမိၾကတယ္။

သူ႔ရဲ႕ကိုယ္ေပၚမွာ ကြ်န္မ ေဆာ့ကစားေနသလို သူလည္း ကြ်န္မ နားနားကပ္ၿပီး “မင္းကိုငါ လက္ထပ္မယ္” လို႔ တဖြဖြ ေျပာေနေတာ့တယ္။

စကားမဆံုးခင္ သူ႔ႏႈတ္ခမ္းကို အနမ္းနဲ႔ ကြ်န္မ ပိတ္လိုက္တယ္။ ကတိေတြ ကြ်န္မ မလိုခ်င္ဘူး။

ကတိစကားေတြနဲ႔ သူ႔ကိုလည္း အခ်ဳပ္အေႏွာင္ မခံေစခ်င္ဘူး။ ဒီညလြန္ရင္ အိမ္ေျပာင္းမယ္လို႔ ကြ်န္မ ဆံုးျဖတ္လိုက္တယ္။

ကြ်န္မကို ညဥ့္ငွက္တစ္ေကာင္မွန္း သူမသိခဲ့ဘူး။ သူမသိတာ ကြ်န္မအတြက္ ပိုေကာင္း ပါတယ္ေလ။

ကြ်န္မကို ႐ိုးသားသူ တစ္ေယာက္အျဖင့္ သူထင္ခဲ့ရင္ အဲဒီ ႐ိုးသားမႈေလးက သူ႔ရင္မွာ တစ္သက္လံုး ထင္က်န္ခဲ့ပါေစေတာ့။

အဲဒီအထင္ကို ကြ်န္မ မဖ်က္ဆီး ခဲ့ခ်င္ဘူး။ သူထင္တဲ့ ကြ်န္မရဲ႕ ႐ိုးသားတ့ဲ လွပမႈေတြ သူ႔ရင္မွာ ကိန္းေအာင္း ခဲ့ပါေစေတာ့။

ေနာက္တစ္ေန႔မနက္ ကြ်န္မေစာေစာ ထၿပီး သူ႔အတြက္ အစားအေသာက္ကို တခမ္းတနား ျပင္ဆင္ လိုက္တယ္။ အဲဒီလို ျပင္ဆင္ခ်ိန္မွာ ကြ်န္မကိုယ္ကြ်န္မ သူ႔ရဲ႕ အိမ္သူသက္ထား တစ္ေယာက္အျဖစ္ ခံစားမိတယ္။

ဒါဟာ ကြ်န္မရဲ႕ ေတာင့္တမႈေတြပဲ မဟုတ္လား။.. သူ႔ကို ကြ်န္မ ခ်စ္တယ္။ ဟုတ္တယ္။ ရင္ထဲမွာ မခံစားဘူးတဲ့ အရာတစ္ခုဟာ ကြ်န္မရင္၀မွာ တစ္ဆို႔ေနတယ္။

၀န္မခံခ်င္ေပမယ့္ သူ႔ကို ကြ်န္မ တစ္ကယ္ခ်စ္တယ္။ သူ႔မွာ ေကာင္းကြက္ေတြ မရွိခဲ့ဘူး ဆိုရင္ေတာင္ သူက ကြ်န္မကို “လူ” အျဖစ္ သတ္မွတ္တယ္။ ကြ်န္မကို ႐ိုးသားျဖဴစင္သူ တစ္ေယာက္အျဖစ္ သူျမင္ခဲ့တယ္။

သူအလုပ္သြားတဲ့ တစ္မနက္မွာ ကြ်န္မ အိမ္ေျပာင္း ျဖစ္ခဲ့တယ္။ ဘာပစၥည္းမွ မယူဘဲ ကြ်န္မ အိမ္က ဆင္းခဲ့တယ္။

ကြ်န္မဘာမွ ယူေဆာင္ မသြားခ်င္ ေတာ့ဘူး။ သူေပးတဲ့ အမွတ္တရေတြ အားလံုးကို ကြ်န္မ ခ်န္ထားရစ္ခဲ့လိုက္တယ္။

ကြ်န္မဟာ မိန္းမပ်က္တစ္ေယာက္လို႔ သူသိသြားတဲ့အခ်ိန္ သူ႔အျပဳအမႈေတြ ဘယ္လို ေျပာင္းသြားမလဲ…? ကြ်န္မ မေတြး၀ံ့ဘူး။

ကံၾကမၼာနဲ႔ မေလာင္း၀ံ့ဘူး။ ကြ်န္မတို႔ရဲ႕ လွပခဲ့တဲ့ ညတစ္ညနဲ႔ အခ်စ္ေတြကို သူ႔ရင္မွာ ထာ၀ရ တည္ရွိေနပါေစ…။

ကြ်န္မကို သူခ်စ္တယ္လို႔ ယံုၾကည္မိေပမယ့္ “ကြ်န္မသာ ညဥ့္ငွက္တစ္ေကာင္ဆိုရင္ သူလက္ထပ္မလား” ဆိုတဲ့ အေျဖကိုေတာ့ ကြ်န္မ ခုထက္ထိ သိခ်င္ေနဆဲပါပဲ…။

credit