အိမ်ထောင်စုတစ်ခုမှာ အမျိုးသားကမိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရှာရပေမယ့်အမျိုးသမီးတွေ အနေနဲ့ကတော့အိမ်ရှင်မကောင်းပီပီ ချက်ပြုတ်၊ လျှော်ဖွတ်၊အိမ်သန့်ရှင်းရေးစတဲ့ အိမ်မှု့တာဝန်တွေကိုထမ်းဆောင်ရပါတယ်။ဒီအလုပ်တွေကို နေ့စဉ်လုပ်နေရတဲ့အတွက်ပင်ပန်းလာတဲ့ အခါမှာတော့ဒေါသတွေထွက်လာကြပါတယ်။
အခုလည်း အဝတ်လျှော်ရင်း ဒေါသထွက်နေတဲ့အမျိုးသမီးကို နိုင်တယ်ဆိုတာ သက်သေပြချင်လို့သွားစနောက်လိုက်တဲ့အမျိုးသားရဲ့ ဇာတ်သိမ်းကတော့ မလှခဲ့ပါဘူး။အမျိုးသားက သူ့သူငယ်ချင်းတွေရှေ့မှာသူ့အမျိုးသမီးကို ဘယ်လောက်နိုင်ကြောင်း ကြွားချင်စောနဲ့ အဝတ်လျှော်နေတဲ့အမျိုးသမီးကို” နင်အဝတ်လျှော်ပီးရင် ငါခြေထောက်တွေ အရမ်းညောင်းနေလို့ နှိပ်ပေးရမယ်…..”လို့ပြောလိုက်ပါတယ်။
အဲ့အချိန်မှာ အမျိုးသမီးကအဝတ်လျှော်တာပင်ပန်းရတဲ့ကြားထဲ လေသံမာမာနဲ့အမိန့်လာပေးရမလားဆိုပြီးဒေါသထွက်ကာအဝတ်လျှော်နေတဲ့ တုတ်နဲ့ “ဒီခြေထောက်လား ညောင်းနေတာကဆိုပြီး အားရပါးရရိုက်ချလိုက်တာ ခြေထောက်ကျိုးသွားပါတော့တယ်။”သူငယ်ချင်းတွေလဲ အခြေအနေမကောင်းလို့ ဝင်တောင်မတားတော့ပဲအကုန်လုံး ပြေးပြီးအိမ်ကိုပြန်သွားကြပါတော့တယ်။
Credit- Original Writer
Z a w g y i
မိန်းမကို နိုင်တယ်ဆိုတဲ့ အမျိုးသားရဲ့ ဇာတ်သိမ်း