ၾကားသိရသမွ်

ပရိတ်သတ်တွေသတိမထားမိတဲ့ အကယ်ဒမီလွင်မိုးရဲ့ဘဝသမိုင်းကြောင်းနဲ့ အခုလက်ရှိလွင်မိုးဘာတွေလုပ်နေသလဲ

ပရိတ်သတ်တွေသတိမထားမိတဲ့ အကယ်ဒမီလွင်မိုးရဲ့ဘဝသမိုင်းကြောင်းနဲ့ အခုလက်ရှိလွင်မိုးဘာတွေလုပ်နေသလဲ

လွင်မိုးကိုတော့ ၁၉၇၁ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ တင်္နသာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပဲဖြစ်ပါတယ်။မိဘတွေကတော့ အဖ ဦးမြင့်လွင်နဲ့ အမိ ‌ဒေါ်လေးရှင်တို့ပဲဖြစ်ပါတယ်။

အမည်ရင်းကတော့ မောင်မိုးလွင်ဖြစ်ပြီး ဒါရိုက်တာမောင်သီရဲ့ ညီတော်စပ်သူလည်းဖြစ်ပါတယ်၊၊အဘိုးဖြစ်သူကတော့ Punjab(india) မျိုးရိုးဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်လာချိန်မှာတော့ အမည်ရင်းကို ပြောင်းပြန်လှည့်ကာ လွင်မိုးဆိုတဲ့ အမည်နဲ့ ဝင်ရောက်ခဲ့ပါတယ်၊၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဒါရိုက်တာမောင်နီလွင်(သပြု)ရိုက်ကူးတဲ့ ကြွေနေပြီဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။

တစ်နှစ်အကြာ ၁၉၉၁ ခုနှစ်မှာတော့ ခိုင်မာလာနှင်းဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပြီး လွင်မိုးဆိုတဲ့နာမည်တစ်ခု အနုပညာလောကထဲမှာ အခိုင်အမာ ရရှိလာခဲ့ပါတယ်။အနုပညာလောကထဲမှာ ရှစ်နှစ်ကြာ ကျင်လည် ပြီးတဲ့နောက် ၁၉၉၉ ခုနှစ်မှာတော့ ရင်ထဲကဆောင်းရာသီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။

အဲ့ဒီ့နောက် ၂၀၀၁ ခုနှစ်မှာ ပန်းတစ်ပွင့်ဖန်ဆင်းခြင်းနဲ့ ဆက်တိုက်ဆိုသလို ၂၀၀၄ ခုနှစ်မှာ တစ်ခါကဧရာဝတီညများဆိုတဲ့ ရုပ်ရှင်စကားတွေနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတွေကို ထပ်မံဆွတ်ခူးပြီး ထပ်ဆင့်အကယ်ဒမီလွင်မိုးဆိုပြီး ဖြစ်လာခဲ့ပါတော့တယ်။မှတ်မှတ်ရရ လွင်မိုးခရီးသွားနေသည်ဆိုတဲ့ တီဗွီအစီအစဥ်ဟာလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗွီရှေ့မှာ စောင့်ကြည့်ခဲ့ရတဲ့ အစီအစဥ်တစ်ခုပါပဲ၊

ချင်းပြည်နယ်နတ်မတောင်၊ မြိတ်ကျွန်းစုဒေသဧရာဝတီလင်းပိုင်းတွေအကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးပြီးMRTV-4 ကနေ ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။အဲ့အချိန်တုန်းကဒီနေ့လိုခရီးသွားBloggerတွေလည်းမပေါများသေးပါဘူးသူ့ရဲ့နောက်ထပ် ဝါသနာတစ်ခုကတော့ ဓာတ်ပုံရိုက်ခြင်းပါပဲ၊မြန်မာပြည်အနှံသွားရောက်ရိုက်ကူးပြီး အခြားဓာတ်ပုံပညာရှင်တွေနဲ့အတူ ဓာတ်ပုံပြပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံရိုက်တာအပြင် ကဗျာရေးခြင်း၊ သီချင်းဆိုခြင်း၊ ဘိလိယက်ထိုးခြင်းနဲ့ ဂေါက်ရိုက်ခြင်းတေွကို အားလပ်ချိန်တွေမှာ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်၊အိမ်ထောင်ရေးအနေနဲ့ ရုပ်သံသတင်းကြေညာသူ မမေသူနဲ့လက်ထပ်ခဲ့ပြီး ယွန်းဝတီလွင်မိုးနဲ့ယုဝတီလွင်မိုးလို့ အမည်ရတဲ့သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

သမီးဖြစ်သူ ယွန်းဝတီလွင်မိုးဟာဆိုရင်လည်း ဖခင်နည်းတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိပါတယ်၊သူဟာအခုချိန်မှာတော့စကစ ကိုထောက်ခံအားပေးသူတယောက်ဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့သူ့ကိုသတိမထားမိစေရန် သူ့ရဲ့တရားဝင်ဖေ့ဘွတ်အကောင့်ကို lock ချထားပြီး မသိမသာချောင်ခိုနေခဲ့တာဖြစ်ပါတယ်နော်

Credit