မတရားမှုကိုဆန့်ကျင်ကြတဲ့နေရာမှာ ပြည်သူတစ်ရပ်လုံးဟာ နိုင်ရာတာဝန်ထမ်းရင်း ကြိုးစားပေးနေကြပါတယ်။ လူငယ်တော်တော်များများဟာလည်း တောခိုပြီးလက်နှက်ကိုင်ကာ စစ်ပညာတွေကိုသင်ယူပြီး မတရားမှုကိုတိုက်ထုတ်ဖို့ ကြိုးစားနေခဲ့ကြသလို တတ်နိုင်သူတွေကလည်း ကြိုးစားနေသူတွေအတွက် ငွေကြေးထောက်ပံ့လှူဒါန်းမှုတွေ လုပ်ပေးခဲ့ကြပါတယ်။
ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ ယခင်ကတည်းက ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခု အကောင်အထည်ပေါ်လာခဲ့ပြီး ဘဝတူရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့လို့ ပျော်ရတဲ့အကြောင်းကို လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။
အခုလိုကာလမှာ ဘယ်ကိစ္စမဆိုလျို့ဝှက်ပြီးလုပ်ရတာမို့ အဆင်မပြေမချင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ အောင်မြင်သွားပြီဆိုမှ အသိပေးစကားပြောလာခဲ့တာပါ။ ပျော်စရာအကြောင်း လေးကို ” နာကျင်စရာတွေ ကြားက ကျေနပ်စရာတချို့လည်းဖြစ်ခဲ့တယ်။
ကိုဝင်းကျော်နဲ့ တိုင်ပင်ပြီး ကျနော်တို့ရဲဘော်တွေအတွက် လိုအပ်တာတွေ တက်နိုင်သမျှရှာဖွေပေးသွားမယ် ဆိုပြီး အရင်ကတည်းကကြံစည်ခဲ့တာ အခုတော့ ဖြစ်လာခဲ့ပြီ။ ဒီကြားထဲ ကိုရေမွန်ရုတ်တရက် ထွက်ခွာသွားတော့ ကျနော်တို့စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ရတယ်။
ဖြစ်တယ်ဆိုပြီးတော့ လည်း တော်လှန်ရေးကိုစိတ်လျော့သွားရမှာမဟုတ်ဘူး။ ပိုပြီးနာကြည်းတယ်။ အမုန်းတရားနဲ့ မိတ်ဖွဲ့ထားပြီး ပြန်လည်ပေးဆပ်ဖို့ ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ကိုရေမွန်လည်း စောင့်ကြည့်နေမယ်လို့ယုံကြည်တယ်။ အခုလည်း အာလုံးစုပေါင်းထည့်ဝင်ထားတဲ့ အထဲက ဘတ်နှစ်သိန်းလည်း ကျွန်တော်တို့ရဲဘော်တွေဆီ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါပြီ။
သေချာတာတစ်ခုက ပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်တော့ ပေးဆပ်မူကတော့ ကြီးမှာပါပဲ။ ဘယ်အကြောင်း ကြောင်းနဲ့မှ သွေးမအေးစေရ။ ✊✊✊✊✊ ” ဆိုပြီး နိုဗန်ထူးက အားလုံးကိုအသိပေးလာခဲ့ပါတယ်။
ဒုက္ခခံပြီးတောထဲမှာ စစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ လူငယ်တွေဟာ မလုံမခြုံနဲ့ ချို့ချို့တဲ့တဲ့နေရတာ များပါတယ်။ တိုက်ပွဲဝင်တယ်ဆိုတာ အားအင်တွေပြည့်ဖြိုးနေမှ အဆင်ပြေတာမို့ ဒီလိုနေရာတွေကို များများလှူပေးကြဖို့ ထားထက်ထက်ကိုယ်တိုင်ကလည်း တိုက်တွန်းခဲ့ပါသေးတယ်။
တောထဲမှာ ငှက်ဖျားကြောင့်အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့ ကုသပေးမယ့်ဆရာဝန်မရှိတာကြောင့် မဆုံးရှုံးသင့်တဲ့ အသက်တွေဆုံးရှုံးရတာတွေဟာလည်း ရင်နာစရာပါ။
ဒီလိုအဖြစ်တွေကနေ ကင်းဝေးအောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ခွန်အားပြည့်မယ့် အစာအာဟာရတွေ များများစားစားရှိဖို့လိုအပ်ပါတယ်။
အခုလိုအလှူငွေတွေ အများကြီးရရှိခဲ့တဲ့အပေါ်မှာလည်း အကျိုးရှိမယ့်အရာတွေကိုလုပ်ဆောင်သွားမှာမို့ ကြိုးစားနေတဲ့ရဲဘော်တွေအတွက်တော့ တကယ်ကိုခွန်အားဖြစ်စရာပါပဲ။
သတင်းအရင်းမြစ်: Novem Htoo’s FB Acc