ကြားသိရသမျှ

အုတ်ဂူထဲရောက်ပြီးတစ်ရက်အကြာမှာ အထဲကအသံကြားလို့ပြန်တူးခဲ့ရတဲ့ဖြစ်ရပ်

ဟွန်ဒူးရပ်စ်နိုင်ငံ La Entrada မြို့မှာနေထိုင်ခဲ့တဲ့ အသက်(16)နှစ်အရွယ် Neysi Perez အမည်ရတဲ့ ဆယ်ကျော်သက်

ကောင်မလေးတစ်ယောက်ဟာ ကိုယ်ဝန်လွယ်ထားစဉ်မှာပဲ မီးလောင်မှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံခဲ့ရပြီးနောက် အ

ကြောက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။

Neysi သေဆုံးကြောင်းကို ဒေါက်တာတွေကလည်း အတည်ပြုခဲ့ပြီး မကြာမီရက်ပိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ရပါတယ်။ အဲဒီလို

ဂူးသွင်း သင်္ဂြိုဟ်ပြီးလို့ နောက်ရက်အရောက်မှာ သေဆုံးသူရဲ့ ရည်းစားဟာ အုတ်ဂူဆီကို ထပ်သွားခဲ့ပြီး ချစ်သူကို အလွ

မ်းပြေ စကားသွားပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့အသံတစ်ခုကို ကြားလိုက်ရပါတယ်။ သေချာ နားစိုက်ထောင်လိုက်တဲ့အခါမှာ မိမိနဲ့

မဝေးလှတဲ့ အုတ်ဂူတွေက ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်။ နောက် အုတ်ဂူတစ်ခုချင်းဆီကို နားကပ်ကာ ထောင်ကြည့်

ပြီးတဲ့နောက် သူ့ချစ်သူ Neysi ရဲ့ အုတ်ဂူကို နားကပ်ပြီး ထောင်ကြည့်တဲ့အခါ အလွန်အံ့သြသွားခဲ့ပါတယ်။

အကြောင်းကတော့ အထဲမှာ ထူးဆန်းပြီး တိကျတဲ့အသံတစ်ခုကို သူ နားနဲ့ဆက်ဆက် ကြားလိုက်ရလို့ပါ။ ဆက်ပြီး နား

ထောင်ကြည့်တော့ အသံက ဆက်တိုက်ထွက်နေပါတယ်။ ဒါနဲ့ သင်္ချိုင်းစောင့်ကို ခေါ်ကာ နားထောင်စေပြန်ပါတယ်။ သခ်ႋဳ

င်းစောင့်လည်း အတော်အံ့သြသွားပြီး ကြက်သေ သေနေပါတယ်။

နောက်မှ Neysi ရဲ့ ချစ်သူဟာ သူ မတော်လိုက်ရတဲ့ ယောက်္ခမလောင်းတွေဆီကို ဝမ်းသာအားရ ပြေးပြီး ပြောပါတယ်။ ယုံ

တဲ့သူရှိသလို မယုံတဲ့သူလည်း ရှိနေတော့ အခြေအတင် အတော်လေး စကားပြောပြီးမှ Neysi ရဲ့ မိဘတွေက အုတ်ဂူကိုြ

ပန်လည်ဖွင့်ကြည့်ဖို့ သဘောတူပါတယ်။ ဒါနဲ့တင် အချိန်က နှစ်နာရီလောက် နောက်ကျသွားပါတယ်။

အုတ်ဂူကို မွမ်းမံထားတဲ့ အင်္ဂတေသားတွေကို တူနဲ့ရိုက်ဖြတ်ပြီး အခေါင်းကို ထုတ်ကြည့်ကြပါတယ်။ Neysi ဟာ တ

ကယ်လည်း မေ့မျောနေချိန်မှာ သင်္ဂြိုဟ်ခံလိုက်ရတာလို့ လူတွေက ယူဆကြပါတယ်။ ဒါကြောင့် အသက် ပြန်လည်ရှင်လာ

လေမလား ယပ်တောင်ခပ်ပေးသူနဲ့ ရင်ဘတ်ကို ဖိသူနဲ့ အလုပ်ရှုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် စောစောကပြောသလို

နောက်ကျသွားပါပြီ။

ဆရာဝန်တွေကတော့ သေတဲ့သူက သေခဲ့ပြီးပါပြီလို့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ အသံဗလံတွေကြားရတယ်ဆိုတာ မ

ကျွတ်လိုက်ရတဲ့ သတို့သားနဲ့ သင်္ချိုင်းစောင့်တို့ ထင်ယောင်ထင်မှားဖြစ်တာပါလို့ ဆိုထားပါတယ်။ ဒါပေမယ့် အုတ်ဂူထဲကို

ရိုးရာအရ ထည့်ပေးလိုက်တဲ့ ရေဖန်ခွက် ကျကွဲသံနဲ့ အဲဒီဖန်ခွက်အကွဲကို စမ်းမိပြီး လူတစ်ယောက်ရဲ့လက်မမှာ ဖန်ခွက်ရှ

ဒဏ်ရာ ရခဲ့တာကိုတော့ ဒေါက်တာတွေ သိပ္ပံနည်းကျ ရှင်းမပြနိုင်ခဲ့ပါဘူး။